Posts

Showing posts from 2014

သီတာဟာရ ဥဏှာဟာရ ရွေးပုံ

သီတာဟာရ ဥဏှာဟာရ၂ပါါးကို ဒေသအားဖြင့်၎င်း ရသအားဖြင့်၎င်း ဂရုလဟုအားဖြင့်၎င်း သဒ္ဒအားဖြင့်၎င်း ဥတုအားဖြင့်၎င်း အပွေးအားဖြင့်၎င်း အပွင့်အားဖြင့်၎င်း အစေးအားဖြင့်၎င်း ဤ၈ပါးသော အခြင်းအရာတို့တွင် ၁ပါး၂ပါးစသော ဆက်ဆံသော အခြင်းအရာဖြင့် ယေဘုယျရွေးယူရာ၏။ (က)ဒေသအားဖြင့်ရွေးယူပုံ အေးသောဒေသမှာ ယေဘုယျရှိ၍ ပူသောဒေသမှာ အနည်းငယ်ရှိသော ရေလိပ် ဖါး ရေဘဲ ရေကြက် ရေဝက် ဖွတ် မိကျောင်း ငါး ပုဇွန် ယောက်သွား ခရု ကယုကရင်း ရေကဇွန်း ကနဖေါ့ ဗြုံးမွေး လယ်ပဒူ လယ်ဟင်းခါး မုံလာ မုံညှင်း ဆလတ် ဂေါ်ဖီ ပိန်းအု မြောက်အု ကဇိန်းဥ ပဒတ်စာဥ သဒွေးဥ အာတာလွတ်ဥ စသောအစာအာဟာရသည် သီတာဟာရမည်၏။ ပူသောဒေသမှာ ယေဘုယျရှိ၍ အေးသောဒေသမှာအနည်းငယ်ရှိသော ယုန် သမင် ခါ ဖြောက်ဆိတ် ထနောင်း နရှာ မိုးနံ တမာ ဆူးပုပ်ငယ် အုပ်ရှစ် ကုက္ကို ကင်းပုံ သနပ်ခါး ပိုးစာ အစရှိသော ဆေးအစာာအာဟာရ သည် ဥဏှာဟာရမည်၏။ **(ခ)ရသအားဖြင့်ရွေးပုံ ချိုသောအရသာ ချဉ်သောအရသာ ငန်သောအရသာ ရှိသော ကြံရေ ထန်းရေ အုန်းရေ ပေရေ ဓနိရေ သကြား ထန်းလျက် ကြံသကာ ပျားရေ ငှက်ပျောသီးမှည့် သင်္ဘောသီးမှည့် သြဇာသီးမှည့် ချိုသောမုံ့ နို့ဟူသမျှ ကျောက်ချဉ် ပန်းသီး နှင်းသီး သဗျက်သီး လိမ္မော်သီး ရှောက်သီး သမ္ဘရာသီး နာနပ်သီး ဒူးရင်းသီး သရ...
ဘာမှမရှ ထထိ

အာဟာရ၏ကိန်းရာရသဓာတ်၆ပါး

ချိုချဉ်ဖန်ခါး ငန်စပ်ငြား ခြေက်ပါးရသဓာတ်* အာဟာရ၏တည်ရာဖြစ်သော ရသဓာတ်သည် ချိုသောရသဓာတ် ချဉ်သောရသဓာတ် ဖန်သောရသဓာတ် ခါးသောရသဓာတ် ငန်သောရသဓာတ် စပ်သော ရသဓာတ်ဟူ၍ခြောက်ပါးရှိ၏။ထိုတွင် သကြား ပျား တင်လဲစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချိုသောရသဓာတ်မည်၏။ ရှောက် သမ္ဘရာ မရမ်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချဉ်သောရသဓာတ်မည်၏ သပြေသဖန်း မာလကာစသောဝတ္ထု၌ကိန်းသောရသဓာတ်သည် ဖန်သောရသဓာတ်မည်၏။ တမာ ဂန့်ဂလာ ကြက်ဟင်းခါး ကြောင်လျှာ မယ်ဇလီစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ခါးသောရသဓာတ် မည်၏။ ဆား ဆပ်ပျာ သိန္ဒော ဆားပုပ် ပျာစသောဝတ္ထု၌ကိန်းသောရသ ဓာတ်သည် ငန်သောရသဓာတ်မည်၏။ ငြုပ်သီး ငြုပ်ကောင်း ဂျင်းး ပိတ်ချင်း လေးညှင်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် စပ်သောရသဓာတ် မည်၏။ **ဆိမ့်သောရသဓာတ်ကို အချို၌၎င်း အဖန်၌၎င်း အတွင်းဝင်သောကြောင့် သီးခြား ထုတ်ဖေါ်၍ မဆိုဟုမှတ်** ထို၆ပါးသော ရသဓာတ်သည် သုဒ္ဓရသဓာတ် မိဿကရသဓာတ်ဟူ၍ ၂ပါးရှိ၏။ထိုတွင် ဝတ္ထုတစ်ခုတည်း၌ ချဉ် ဖန် ငန် ဤ၃ပါးနှင့် မရောဘဲ အချို သက်သက်ကိန်းသောရသဓာတ်သည်၎င်း ထို့အတူ ချို ငန် ဖန် သော ရသဓာတ်တို့တွင် ၂ပါး၃ပါးနှင့်မရောဘဲ အချဉ်သက်သက် အငန်သက်သက် အဖန်သက်သက်ဖြစ်သောရသဓာတ်သည်၎င်း အခါးသက်သက်ဖြစ်သောရသဓာတ်သည်၎င်း သုဒ္ဓရသဓာတ်မည်၏။ ...

ကဗဠီကာဟာရ၏ လက္ခ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

ကဗဠီကာဟာရသည် ပကတိမျက်စိဖြင့် မမြင်ကောင်းသော ထူးသော ပရမတ္ထသဘာဝ အနှစ်အစေးသြဇာလက္ခဏာရှိ၏။ အာဟာရဇရုပ်ကို ဆောင်ခြင်းကိစ္စရှိ၏။ စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို ထောက်ပံ့ခြင်းလျှင်ဉာဏ်အားရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်ရှိ၏။ စားခြင်းဝါးခြင်း လျက်ခြင်းစသော အလုပ်အလွေးကိုပြု၍ မျိုအပ်သောထမင်းမုံ့စသော ဝတ္ထုလျှင် နီးစွာသော အကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **သြဇာလက္ခဏော ကဗဠီကာဟာရော။ ရူပါဟရဏရသော။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ကဗဠံ ကတွာ အာဟရိတဗ္ဗ ဝတ္ထုပဒဋ္ဌာနော။ (အဋ္ဌသာလိနီ)

ပကတိအာဟာရ ဝိကတိအာဟာရ

ပြဆိုပြီးသော ကဗဠီကာဟာရသည် ပကတိအာဟာရ ဝိကတိအာဟာရ ဟူ၍၂ပါးရှိ၏။ထိုတွင် တိုင်းစွန် ပြည်စ ပစ္စန္တရစ်အရပ်သားတို့၏ အမြဲ စားသောက်နေကျဖြစ်သော ကြမ်းတန်းသောအာဟာရသည် ထိုသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စည်းချမ်းသာသော သူဋ္ဌေးသူကြွယ် ရွာစား မြို့စား အမတ်မင်းစသောသူတို့၏ အမြဲ စားသောက်နေကျဖြစ်သော ဆီဦး ထောပတ် နို့အမျိုးမျိုး မုံ့အမျိုးမျိုးအစရှိသော နူးညံ့သိမ်မွေ့သော အစာအာဟာရသည် ထိသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စန္တရစ်သားတို့သည် သူဋ္ဌေးသူကြွယ်စသောသူတို့၏ အမြဲစားသောက်နေကျဖြစ်သော ဆီဦးထောပတ်စသောသိမ်မွေ့နူးညံ့ သော အစာအာဟာရတို့ကို တစ်ခါတစ်ရံ စားသောက်မိကြသည်ရှိသော် ထိုပစ္စန္တရစ်သားတို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာကို ချက်နေကျဖြစ်၍ နူးညံ့သော အစာကို မချက်နိုင်သောကြောင့် ယေဘူယျ အားဖြင့် အစာမကြေဘဲ ရောဂါရတတ်ကြကုန်၏။ သူဋ္ဌေးသူကြွယ်စသောမြို့ကြီးသားတို့သည်လည်း မိမိတို့စားနေကျမဟုတ်သော ပစ္စန္တရစ်သားတို့၏ စားနေကျဖြစ်သော လူး ထမင်းစသော ကြမ်းတန်းသော အစာကို စားမိကြသည်ရှိသော် သိမ်မွေ့ နူးညံ့သောအစာအာဟာရကို ချက်နေကျဖြစ်သော ထိုသူဋ္ဌေးစသောသူ တို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာအာဟာရကို မချက်နိုင် သောကြောင့် ယေဘုယျအားဖြင့် ရောဂါရတတ်ကြကုန်၏။ ထို့ကြောင့် ပ...

သြဠာရိကာဟာရ သုခုမာဟာရ

သြဠာရိကေ ဝတ္ထုသ္မိံ သြဇာ မန္ဒာ ဟောတိ။ သုခုမေ ဗလဝတီ( (အဋ္ဌသာလိနီ) သြဠာရိကေ-ရုန့်ရင်းကြမ်းထန်းသော။ ဝတ္ထုသ္မိံ-ထမင်းစသောဝတ္ထု၌။ သြဇာ-ရှိသောသြဇာသည်။မန္ဒာ-နုံ့သည်(ဝါ)နည်းသည်။ဟောတိ-ဖြစ်၏။ သုခုမေ-သိမ်မွေ့နူးညံ့သော။ဝတ္ထုသ္မိံ-ထောပတ်စသောဝတ္ထု၌။သြဇာ- ရှိသောသြဇာသည်။ဗလဝတီ-အားကြီးသည်(ဝါ)များပြားသည်။ ဟောတိ- ဖြစ်၏။ ကြမ်းထန်းသော လူးထမင်း ပြောင်းထမင်း ဆတ်ထမင်းစသောဝတ္ထု၌ကိန်းသော သြဇာသည် ဝတ္ထုကြမ်းထန်း၍ အနှစ်အစေးနည်းပါးသောကြောင့် နုံ့နည်း၏။ သိမ်မွေ့နူးညံ့သော ထောပတ်နွားနို့စသော ဝတ္ထု၌ ကိန်းသောသြဇာသည် ဝတ္ထုသိမ်မွေ့ နူးညံ့၍ အနှစ်အစေး များပြားသောကြောင့်အားကြီး၏။ ကြမ်းထန်းသောဝတ္ထုကို မှီ၍ဖြစ်သော သြဇာသည် ဝတ္ထုကြမ်းတန်းသော ကြောင့် သြဠာရိကသြဇာမည်၏။ နူးညံ့သောဝတ္ထုကိုမှီ၍ဖြစ်သောသြဇာ သည် ဝတ္ထုသိမ်မွေ့နူးညံ့သောကြောင့် သုခုမသြဇာမည်၏။ ထို့ကြောင့် ကြမ်းတန်းသော လူးထမင်း ပြောင်းထမင်းစသည်တို့ကို စားသောသူသည် ထိုလူးထမင်းပြောင်းထမင်းစသည်တို့၌ သြဇာနည်းပါး သဖြင့် ပါစကဓာတ်မီးချက်၍ ကြေကျက်လွယ်သောကြောင့် တစ်ခဏမျှ မွတ်သိပ်ဆာလောင်ခြင်းဖြစ်တတ်၏။ သိမ်မွေ့နူးညံ့သော ထောပတ် နွားနို့စသည်တို့ကို စားသောက်သူသည် ထိုထောပတ်နွားနို့စသည် တို့၌ သြဇာများပြားအားကြီးသြ...

ဥပတ္ထမ္ဘကာဟာရ နှင့်ဇနကာဟာရ

ဗာဟိရာဟာရံ ပစ္စယံ ပဋိလဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတီတိ အယံ အဇ္ဈတ္တိကာဟာရဿ ဥပနိဿယဘာဝေနာပိ အာဟရတိ။ ဗာဟိရာဟာရံ-ဗာဟိရာဟာရဟူသော ။ပစ္စယံ-အကြောင်းကို ။ပဋိလဘိတွာ ဧဝ-တစ်ဖန်ရမှသာလျှင် ။အဇ္ဈတ္တိကာဟာရော- အဇ္ဈတ္တိကာဟာရသည်။ ရူပံ-စတုသမုဋ္ဌာနိကရုပ်ကို။ ဥပ္ပါဒေတိ-ဖြစ် စေနိုင်၏။ဣတိ-ထို့ကြောင့် ။အယံ-ဤကဗဠီကာဟာရသည်။ အဇ္ဈတ္တိကာဟာရဿ-အဇ္ဈတ္တိကာဟာရ၏။ဥပနိဿယဘာဝေနာပိ- အထောက်အပံ့၏အဖြစ်ဖြင့်လည်း။ အာဟရတိ-ရွက်ဆောင်နိုင်၏။ (ဝိဘာဝနီဋီကာ)နှင့်အညီ အဇ္ဈတ္တိကာဟာရသည် ဗဟိဒ္ဓါဟာရ၏ အထောက်အပံ့ကို မရခဲ့လျှင် စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို မဖြစ်ပွားစေနိုင်။ ဗဟိဒ္ဓါဟာရ၏ အထောက်အပံ့ကို ရမှသာ စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို ဖြစ်ပွားစေနိုင်၏။ ထို့ကြောင့် ဗဟိဒ္ဓါဟာရသည် အဇ္ဈတ္တိကာဟာရကို တစ်ဆင့်အားပေး သောအားဖြင့် ထောက်ပံ့တတ်သောကြောင့် ဥပတ္ထမ္ဘကာဟာရမည်၏။ အဇ္ဈတ္တာဟာင်္ရသည် ဗဟိဒ္ဓာဟာ၏ အထောက်အပံ့ကိုရ၍ ဗဟိဒ္ဓာဟာရ နှင့်ပေါင်းဆုံပြီးလျှင် စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို ဖြစ်ပွားစေတတ်သောကြောင့် ဇနကာဟာရမည်၏။ ဥပတ္ထမ္ဘကာဟာရသည် သဘာဂါဟာရ ဝိသဘာဂါဟာရဟူ၍၂ပါးရှိ၏။ ထိုတွင် ဥတုနှင့်သဘောတူသော အာဟာရသည်၎င်း သတ္တဝါတို့အား ဖြစ်ဆဲဖြစ်လတံ့သော ရောဂါကို ပယ်ဖျောက်နိုင်ခြင်း ကျန...

အဇ္ဈတ္တာဟာရ ဗဟိဒ္ဓာဟာရ

ဗဟိဒ္ဓသန္တာန်မှာ ထမင်းမုံ့စသော ဝတ္ထု၌ရှိသော ချိုချဉ်စပ်ငန်ဖန်ခါးဟူသော ရသဓာတ်၆ပါး၌ရှိသော အနှစ်အထူးသည် ဗဟိဒ္ဓာဟာရမည်၏။ အဇ္ဈတ္တသန္တာန်မှာ ကမ္မဇကလာပ်၌ရှိသော ကမ္မဇသြဇာ စိတ္တဇကလာပ်၌ရှိသော စိတ္တဇသြဇာ ဥတုဇကလာပ်၌ရှိသော ဥတုဇသြ ဇာ အာဟာရဇကလာပ်၌ရှိသော အာဟာရဇသြဇာ ဤစတုသမုဋ္ဌာနိက သြဇာသည် အဇ္ဈတ္တာဟာရမည်၏။ ဗဟိဒ္ဓာဟာရတစ်ပါးတည်းလည်း ရုပ်ကိုမဖြစ်စေနိုင်။ အဇ္ဈတ္တာဟရတစ်ပါးတည်းလည်း ရုပ်ကိုမဖြစ်စေနိုင်။ အဇ္ဈတ္တာဟာရသည် ဗဟိဒ္ဓာဟာရ၏ အထောက်အပံ့ကို ရမှသာ ရုပ်ကို ဖြစ်စေနိုင်၏ဟုမှတ်။

အာဟာရ

သြဇာဋ္ဌမကံ ရူပံ အာဟရတီတိ အာဟာရော။ သြဇာဋ္ဌမကံ-သြဇာလျှင်၈ခုမြောက်သော။ ရူပံ-သုဒ္ဓဋ္ဌကကလာပ်ကို။ အာဟရတိ-ဆောင်တတ်၏။ဣတိ-ထို့ကြောင့်။အာဟာရော- အာဟာ ရမည်၏။ ဤအဘိဓမ္မတ္ထသင်္ဂဟဋီကာ လာသည်နှင့်အညီ ရသဓာတ်ရည် ၌ရှိသော အနှစ်ဟုဆိုပ်သော သြဇာသည် အဇ္ဈတ္တသန္တာန်၌ စတုသမုဋ္ဌာနိကသြဇာနှင့် ပေါင်းဆုံပြီးလျှင် အသားအရေ တိုးပွားခြင်း ခွန်အားဗလကိုဖြစ်စေခြင်း စသည်ဖြင့် ရူပကာယကိုထောက်ပံ့ဖြစ်ပွားစေ သောအခါ၌၎င်း ပဋိသန္ဓေအခါ အမိသည် မျိုအပ်သော သြဇာ၏ သူငယ်၏ ကိုယ်သို့ ပျံ့နှံ့ရာအခါ၌၎င်း အာဟာရဇရုပ်ကို ဖြစ်စေ၏။ ထိုသို့ဖြစ်စေခြင်း သည်ပင်လျှင် ရုပ်ကို ဆောင်သည်မည်၏။ ထိုသို့ရုပ်ဖြစ်ပွားမှုကိစ္စ ပြီးစီးခြင်း ကို ဆောင်တတ်သောကြောင့် အာဟာရမည်၏။ *** ***အထူးကား ထမင်းမုံ့စသော ဝတ္ထုနှင့်တကွဖြစ်သော ဗဟိဒ္ဓသြဇာသည် ကဗဠီကာရအာဟာရမည်၏။ အဇ္ဈတ္တသန္တာန်သို့ ရောက်သောအခါ ပါစကတေဇောဓာတ်ချက်၍ ရသဓာတ်ရည်၌ရှိသော အနှစ်သည် သြဇာမည်၏။ အဇ္ဈတ္တသြဇာနှင့် ပေါင်းဆုံ၍ ရုပ်ကိုဖြစ်စေ သောအခါ အာဟာရမည်၏။ဤသို့ ကိစ္စအားလျော်စွာ ၃ပါးပြားသော် လည်း တရားကိုယ်အားဖြင့် သြဇာတစ်ခုကိုသာရအပ်၏။

သြဇာ

အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပတ္ထမ္ဘဗလကာရော ဘူတနိဿိတော ဧကော ဝိသေသော သြဇာ။(မူလဋီကာ၁၅၄) အင်္ဂမင်္ဂါနုသာရိနော-ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျောက်သော။ ရသဿ-ချိုချဉ်စပ်ငန်ဖန်ခါးဟူသော ရသ၆ပါး၏။ သာရော-အနှစ်ဖြစ်သော။ ဥပတ္ထမ္ဘဗလကာရော-ထောက်ပံ့ခြင်းအားရှိခြင်းကိုပြုတတ်သော။ ဘူတနိဿိတော-မဟာဘုတ်ကိုမှီသော။ ဧကော-တစ်ခုသော။ ဝိသေသော-ပကတိမျက်စိဖြင့် ကြည့်၍မမြင်ကောင်းဘဲ ပရမတ္ထသဘာဝ မျှဖြစ်သော အထူးသည်။သြဇာ-သြဇာမည်၏။ ဤမူလဋီကာလာသည်နှင့် အညီ ထမင်းမုန့်စသော ကဗဠီကာရအာဟာရကို သတ္တဝါတို့ မျိုသွင်းအပ် သည်ရှိသော် အစာအိမ်အတွင်းသို့ ရောက်သောအခါ ကမ္မဇတေဇော ခေါ်သော ပါစကဓာတ်မီးချက်သဖြင့် ဆီဆုံတွင်ကြိသော နှမ်းသည် ဆီကြည် တစ်ခြား နှမ်းဘတ်တစ်ခြားဖြစ်သကဲ့သို့ ကြမ်းတန်းသောဝတ္ထု သည် ကျင်ကြီးတစ်ချို့ကျင်ငယ်တစ်ချို့ လောင်စာတစ်ချို့ ပိုးစာတစ်ချို့ ဖြစ်ပြီးလျှင် သိမ်မွေ့နူးညံ့သောဝတ္ထုသည် ချိုချဉ်စပ်ငန်ဖန်ခါး ၆ပါးသော ရသဓာတ်အဖြစ်သို့ ရောက်၍ ထိုဓာတ်ရည်ကို ကမ္မဇဝါယောမှုတ်လွှင့် အပ်ဖြန့်ဖြူးအပ်သည်ရှိသော် အင်္ဂါကြီးငယ်သို့ အစဉ်လျောက်၍ စိမ့်ဝင် သော် ရူပကာယကို ထောက်ပံ့ခြင်း အားရှိခြင်းကို ပြုတတ်သော ရသဓာတ်ရည်၌ ပါရှိသော တစ်ခုသော သိမ်မွေ့သော ပရမတ္ထသဘာဝ ဖြစ်သော အနှစ်ဓာတ်...

အာဟာရကဏ္ဍ

ကဗဠံ ကတွာ အဇ္ဈောဟရီယတီတိ ကဗဠီကာရော အာဟာရော။ ဣဒဉ္စ သဝတ္ထုကံ ကတွာ အာဟာရံ ဒေဿတုံ ဝုတ္တံ။(ဝိဘာဝနီဋီကာ) ကဗဠံ-အလုပ်အလွေးကို။ကတွာ-ပြု၍။အဇ္ဈောဟရီယတိ-မျိုအပ်၏။ ဣတိ-ထိုကြောင့်။ကဗဠီကာရော အာဟာရော-ကဗဠီကာရအာဟာရမည် ၏။ ဣဒဉ္စ ဝစနံ-ဤကဗဠီကာရအာဟာရဟူသောစကားကိုလည်း။ သဝတ္ထုကံ-ထမင်းမုန့်စသောဝတ္ထုနှင့်တကွဖြစ်သည်ကို။ကတွာ-ပြု၍။ အာဟာရံ-အာဟာရကို။ဒေဿတုံ-ပြခြင်းငှာ။အာစရိယေန-အရှင်အနုဒ္ဓာ သည်။ဝုတ္တံ-'မိန်ဆိုတော်မူအပ် ဤဝိဘာဝနီဋီကာ လသည်နှင့်အညီ ထမင်းမုန့်စသောဘောဇဉ်ခဲဘွယ်၌ ရှိသော ချိုချဉ်စပ်ငန်ဖန်ခါး၆ပါးသောရသဓာတ် ထိုရသဓာတ်၌ရှိသောအနှစ် အစေးသည်သြဇာမည်၏။ ထိုသြဇာသည် ထမင်းစသောဝတ္ထုနှင့်တကွ ပေါင်း၍နေသောအခါ စားခြင်း ဝါးခြင်း လျက်ခြင်းစသော အလုပ်အလွေးကို ပြု၍ မျိုအပ်သောကြောင့် ကဗဠီကာရအာဟာရမည်၏။ ထမင်းမုန့်စသော ဝတ္ထုနှင့် တစ်ပေါင်းတည်း ရောစပ်၍နေသော အာဟာရကို ပြတော်မူခြင်းငှာ ကဗဠီကာရအာဟာရဟူသောစကားကို အရှင်အနုရုဒ္ဓါ ဆရာမိန့်တော်မူ၏။

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

သီတဥတုလောင်ကျွမ်းခြင်းသည် ဗဟိဒ္ဓသန္တာန်မှာ မျက်မြင်အားဖြင့် သိမ်မွေ့နူးညံ့သောကြောင့် မထင်ရှားသော်လည်း အဇ္ဈတ္တသန္တာန်၌ ဥဏှ ဥတုလောင်ကျွမ်းသည်ထက် ပြင်းထန်လှ၏။ လောင်ကျွမ်းပုံ သိမ်မွေ့နူးညံ့ သောကြောင့် ဉာဏ်ဖြင့်အသိခက်၍ သီတဥတုလောင်ကျွမ်းသည်ကိုပင် ဥဏှဥတုလောင်ကျွမ်းသည်ဟုမှတ်ထင်ပြီး အေးသောဆေးအာဟာရကို ပေးတတ်ကြ၏။ သီတဥတုလောင်ကျွမ်းသောပုဂ္ဂိုလ်မှာ ကိုယ်အင်္ဂါကွဲအက်ခြင်း ကိုယ်အင်္ဂါမနာမကျင်ဆွေးမြေ့ပြီး အပိုင်းအပိုင်း တစ်စတစ်စ ပြတ်ကျခြင်း စသည်ဖြင့် ဂရုသဘောသို့ရောက်၍ သေကြေ ပျက်စီးကြရကုန်၏။ ဥပမာ လောကန္တရိက်ငရဲ၌ ကျရောက်သောသတ္တဝါတို့ သည် ထိုငရဲ၌ရှိသောရေ၏ အလွန်အေးသော သီတဥတုလောင် ကျွမ်းမှုကြောင့် ကိုယ်အင်္ဂါကြီးငယ် အပိုင်းအပိုင်းပြတ်ကြွေ၍ သေကြေ ပျက်စီးကြရကုန်၏။ ထို့အတူ လောက၌ အချို့သောသူတို့သည် အဇ္ဈတ္တ သန္တာန်၌ အာပေါဓာတ်၏ အာဗန္ဓနသတ္တိလွန်ကဲခြင်းကြောင့် ထုန်ကျင်ခြင်း ကိုယ်၌ အကွက်ကြီးငယ်ပေါ်ပေါက်ခြင်း စသော နူနာအမျိုးမျိုးပေါ်ပေါက် လာခဲ့ရာ အေးသောသီတဆေးအစာတို့ကို စားသောက်ပြန်သဖြင့် တစ်စတစ်စ သီတဥတုလွန်ကဲမှုကြောင့် ဆွေးမြေ့ပြတ်ကြွေ၍ သေကြေ ပျက်စီးကြရကုန်၏။ ထို့ကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ တတ္ထ ဟိ သတ္တာ သီတေန ဘိန္နစ္ဆိန္နသရီ...

သန္တာနဥတု

သတ္တဝါတို့သည် ကုန်းသတ္တဝါ ရေသတ္တဝါဟူ၍၂ပါးရှိကုန်၏။ ထိုတွင် ကိုယ်အင်္ဂါလေးလံခြင်းသဘောရှိကုန်သော ကုန်းသတ္တဝါ အသံထိုင်း မှိုင်းခြင်းသဘောရှိသောကုန်းသတ္တဝါ အအေးကြိုက်ခြင်းသဘောရှိသော ကုန်းသတ္တဝါ ဤသတ္တဝါတို့ သန္တာန်၌ကိန်းသောတေဇောဓာတ်သည် လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ လျင်မြန်ခြင်းသဘောရှိသော ကုန်းသတ္တဝါ အသံအောင်ခြင်းသဘောရှိ သောကုန်းသတ္တဝါ အပူကြိုက်ခြင်းသဘောရှိသောကုန်းသတ္တဝါ ဤသတ္တဝါတို့သန္တာန်၌ ကိန်းသောတေဇောဓာတ်သည် ပေါ့သောလဟု သဘောရှိသောကြောင့် ဥဏှဥတုမည်၏။ ရေ၌နေသော ငါးလိပ်စသောသတ္တဝါတို့သည် လျင်မြန်သောလဟုသဘောရှိကုန်သော်လည်း ထိုသတ္တဝါတို့၏နေရာ ရေ၌နေပုံကိုထောက်၍ ထိုသတ္တဝါတို့သန္တာန်၌ ကိန်းသောတေဇော ဓာတ်သည်လည်း ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ဤသန္တာနဥတုကို ပြဆိုရခြင်းမှာ အသားဓာတ်စာကို စားလိုပေးလိုသော ပုဂ္ဂိုလ်တို့အား သံသယကင်းရှင်းစွာနှင့် စားနိုင်ပေးနိုင်ရန် ဥတုသဘော အနေသို့ ထည့်သွင်း၍ ပြလိုက်သည်။ ဥတုသဘောအနေထင်ရှားမှသာ အာဟာရအရာ၌ လွယ်ကူစွာ သိမြင်နိုင်ရာ၏။

ဣရိယာပထဥတု

ဣရိယာပုတ်သည် သွားခြင်း ရပ်ခြင်း ထိုခြင်း လျောင်းခြင်းဟူ၍၄ပါးရှိရာ သွားခြင်းဣရိယာပုတ်မှ ရပ်ခြင်းဣရိယာပုတ် ရပ်ခြင်းဣရိယာပုတ်မှ ထိုင် ခြင်းဣရိယာပုတ် ထိုင်ခြင်းဣရိယာပုတ်မှ လျောင်းခြင်းဣရိယာပုတ် ဤ သို့တစ်ပါးနှင့်တစ်ပါး မယုတ်မလွန် မျှတသောပုဂ္ဂိုလ်အား စိတ္တဇတေဇော ဝါယောဓာတ်တို့သည် ထက်သန်လာကုန်၏။ ထိုစိတ္တဇတေဇောဝါယော ဓာတ် ထက်သန်ပွားများလာခြင်းကြောင့် ကမ္မဇဥတုဇအာဟာရဇတေဇော ဝါယောဓာတ်တို့သည်လည်း ထက်သန်ပွာများလာကုန်၏။ ထိုတေဇောဝါယောဓာတ်တို့ထက်သန်ပွားမျာလာလျှင် ကျန်းမာခြင်း ကိုယ်လက်သန်စွမ်းခြင်း ပေါ့ပါးလျှင်မြန်ခြင်းစသော လဟုတာသဘောတို့ သည် ဖြစ်ပေါ်လာကုန်၏။ ထိုလဟုတာသဘောကို ဖြစ်စေတတ်သော အကြောင်းတေဇောဓာတ်သည် ဥဏှဥတုမည်၏။ ဣရိယာပုထ် တစ်ပါးနှင့်တစ်ပါး မညီညွတ်ဘဲ တစ်ပါးသော ဣရိယာပုထ်ဖြင့်ဖြစ်စေ ၂ပါးသောဣရိယာပုထ်ဖြင့်ဖြစ်စေ အနေများသော ပုဂ္ဂိုလ်အား စိတ္တဇတေဇောဝါယောဓာတ်တို့သည် ဆုတ်နစ်ကုန်၏။ စိတ္တဇတေဇောဝါယောဓာတ်ဆုတ်နစ်ခြင်းကြောင့် ကမ္မဇဥတုဇအာဟာရဇ တေဇောဝါယောဓာတ်တို့သည်လည်း ဆုတ်နစ်ကုန်၏။ ထိုတေဇော ဝါယောဓာတ်ဆုတ်နစ်လျှင် ကိုယ်အင်္ဂါလေးလံခြင်းစသော မကျန်းမာခြင်း တို့သည် ဖြစ်ပေါ်၍လာကုန်၏။ ထိုလေးလံမှု မကျန်းမာမှု ဂရုသဘောကို ဖြစ်စေ...

သမားတိုင်း သတိပြုသင့်သော ကာယကောဋ္ဌာသ

လူတို့၏ကိုယ်သည် ဥပရိမကာယ ဟေဋ္ဌိမကာယ မဇ္ဈိမကာယဟူ၍၃ပါးရှိ ၏။ ထိုတွင် လည်မျိုမှ အထက်ဖြစ်သောအရပ်သည် ဥပရိမကာယမည်၏။ ချက်မှ လည်မျိုတိုင်အောင်သောအရပ်သည် မဇ္ဈိမကာယမည်၏။ ချက်မှအောက် ခြေဖျားတိုင်အောင်သောအရပ်သည် ဟေဋ္ဌိမကာယမည် ၏။ ဥပရိမကာယသည် လဟုသဘောရှိသော တေဇောဝါယောတို့၏ များသောအားဖြင့် ကိန်းရာ ဆက်ဆံရာ ထင်ရှားရာဖြစ်သောကြောင့် ဥဏှ ကာယမည်၏။(ဝါ) ဥဏှဥတုမည်၏။ ဟေဋ္ဌိမကာယသည် ဂရုသဘောရှိသော သီတတေဇောအာပေါပထဝီ ဓာတ်တို့နှင့် အတွေ့အထိများ၍ ၎င်းဓာတ်တို့၏ များသောအားဖြင့် ကိန်းရာ ဆက်ဆံရာ ထင်ရှားရာဖြစ်သောကြောင့် သီတကာယမည်၏။ (ဝါ)သီတဥတုမည်၏။ မဇ္ဈိမကာယသည် သီတဥဏှ၂ပါး ရောထွေးဆက်စပ်၍နေသောကြောင့် သာဓာရဏကာယမည်၏။(ဝါ)သာဓာရဏဥတုမည်၏။ ဥဏှတေဇောဝါယောဓာတ်တို့သည် ဟေဋ္ဌိမကာယသို့ ပျံ့နှံ့နေခိုက် ဟေဋ္ဌိမကာယ၏ သီတတေဇောအာပေါဓာတ်တို့နှင့် ကြုံကြိုက်သော အခါ ပဋိပက္ခဓာတ်ကိုကြောက်၍ မဇ္ဈိမကာယ ဥပရိမကာယသို့ တက်ပြေး ပြီးလျှင် ဝမ်း မျက်စိ နား သွားစသည်များကို ရန်မူသောကြောင့် လေထိုး ခြင်း မျက်စိနာခြင်း နားလေထွက်ခြင်း သွားကိုက်ခြင်း သွားနာခြင်း စသော ဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏။ ၎င်းဝေဒနာတို့ကို အထက်ပိုင်း ၌ အပူလက္ခဏာအကျိုးထင်သည်ကိုကြည့်၍ အပူနာဟုမှတ်ထင်ပြီးလျှင် အေး...

ဝယဥတု

လူတို့၏အသက်အရွယ်သည် သက်တန်းအားလျော်စွာ ဝဍ္ဎနအရွယ် ဟာယနအရွယ်ဟူ၍၂ပါး ပထမအရွယ် မဇ္ဈိမအရွယ်ပစ္ဆိမအရွယ်ဟူ ၍၃ပါးရှိ၏။ ထိုတွင် မွေးဖွားသည်မှစ၍ အသက်၅၀တိုင်အောင်သော အရွယ်သည် တေဇောဝါယောတက်ကြွတိုးပွားအုပ်ချုပ်သောကြောင့် ဝဍ္ဎနအရွယ်မည်၏။ အသက်၅၀မှ အထက်ဖြစ်သောအရွယ်သည် အာပေါပထဝီတက်ကြွအုပ်ချုပ်၍ တေဇောဝါယောယုတ်လျော့သော ကြောင့် ဟာယနအရွယ်မည်၏။ ဝဍ္ဎနအရွယ်မှာ တေဇောဝါယောထက် သန်သောကြောင့် ဝေဒနာကပ်ရောက်လျှင် ဆေးတိုက်၍ ပျောက်လွယ်၏ ဟာယနအရွယ်မှာ တေဇောဝါယောယုတ်လျော့သောကြောင့် ဝေဒနာ ကပ်ရောက်လျှင် ဆေးတိုက်၍ပျောက်နိုင်ခဲ၏။ ဖွေးဖွားသည်မှ အသက်၃၀တိုင်အောင်သောအရွယ်သည် ပထမအရွယ် မည်၏။ဤပထမအရွယ်၌ တေဇောအုပ်ချုပ်၏။ အသက်၃၀မှ အသက်၅၀ တိုင်အောင်သောအရွယ်သည် မဇ္ဈိမအရွယ်မည်၏။ ဤမဇ္ဈိမအရွယ်၌ တေဇောဓာတ်အာကြီးသောလည်း ဝါယောဓာတ်လွန်ကဲသောကြောင့် ဝါယောဓာတ်အုပ်ချုပ်၏။ အသက်၅၀မှ အထက်ဖြစ်သောအရွယ်သည် ပစ္ဆိမအရွယ်မည်၏။ ဤပစ္ဆိမအရွယ်၌ အာပေါပထဝီတက်ကြွအုပ်ချုပ်၍ တေဇောဝါယောယုတ်လျော့၏။ ဤအရွယ်၂ပါး၃ပါးတို့တွင် ဟာယန အရွယ် ပစ္ဆိမအရွယ်သည် သီတတေဇောအုပ်ချုပ်သောကြောင့် သီတဥတုမည်၏။ ဝဍ္ဎနအရွယ် ပထမအရွယ် မဇ္ဈိမအရွယ် ဤအရွယ် ၃ပါးသည် ဥဏှတေဇော အုပ်ချုပ်သောကြောင့် ဥဏှဥတုမည်၏။

ဒေသအရပ်၃ပါး

ဒေသသည် ဇင်္ဂလဒေသ အနုပဒေသ သာဓာရဏဒေသအားဖြင့်၃ပါးရှိ၏ ထိုတွင် ရေနည်း၍ ပူပြင်းခြောက်သွေ့သောအရပ်သည် ဇင်္ဂလဒေသမည်၏ နွေဥတုနှင့် အလားတူ၍ ပူပြင်း၏။ ရေများ၍ စိုစွတ်သောအရပ်သည် အနုပဒေသမည်၏။ မိုးဥတုနှင့်အလားတူ၍ စိုစွတ်၏။ တောတောင်ထူထပ်၍ ဆီးနှင်းများသောအရပ်သည် သာဓာရဏဒေသ မည်၏။ ဆောင်းဥတုနှင့်အလားတူ၍ အေးမြ၏။

ဒိဝသဥတု၅ပါး

တတစ်ရက်တစ်ရက်တွင် သွေး သလိပ် သည်းခြေ လေ အပုပ်ဟူ၍ ၅ပိုင်း ရှိရာ ည၁၂နာရီအချိန်မှ နံနက်၈နာရီတိုင်အောင်သောအချိန်ကာလသည် သွေးတက်ကြွအုပ်ချုပ်သောကြောင့် သွေးချိန်မည်၏။ နံနက်၈နာရီမှ နေ့၁၂နာရီအချိန်တိုင်အောင်သောကာလသည် သလိပ်အုပ်ချုပ်သောကြောင့် သလိပ်ချိန်မည်၏။ နေ့၁၂နာရီအချိန်မှ ညနေ၄နာရီအချိန်တိုင်အောင်သောကာလသည် ဗဒ္ဓသည်းခြေအုပ်ချုပ်သောကြောင့် သည်းခြေချိန်မည်၏။ ညနေ၄နာရီအချိန်မှ ည၈နာရီအချိန်တိုင်သောကာလသည် လေတက်ကြွ အုပ်ချုပ်သောကြောင့် လေချိန်မည်၏။ ည၈နာရီအချိန်မှ ည၁၂နာရီအချိန်တိုင်အောင်သောကာလသည် အပုပ်တက်ကြွအုပ်ချုပ်သောကြောင့် အပုပ်ချိန်မည်၏။ ဤအချိန်၅ပိုင်းတို့တွင် သွေးချိန်နှင့်သလိပ်ချိန်သည် သီတတေဇောအုပ် ချုပ်သောကြောင့် သီတဥတုမည်၏။ ကြွင်းသောအချိန်၃ပါးသည် ဥဏှတေဇော အုပ်ချုပ်သောကြောင့် ဥဏဥတုမည်၏။ ဆေးအစာတိုက်ကျွေးသောအခါ သီတချိန်၌ သီတဆေးအစာကို ယေဘူယျတိုက်ကျွေးရာ၏။ ဥဏှချိန်၌ ဥဏှဆေးအစာကို ယေဘူယျ တိုက်ကျွေးရာ၏။ (မှတ်ရန်) အပူလွန်သောပုဂ္ဂိုလ်အား သွေးကို များစေ ပွားစေလိုလျှင် သွေးချိန်၌ တိုက်ကျွေးရာ၏။ ထို့အတူ သလိပ်စသည်တို့ကို များစေ ပွားစေလိုလျှင် သလိပ်ချိန်စသည်တို့၌ တိုက်ကျွေးရာ၏။ (မှတ်ချက်) ဒိဝသဥတု၅ပါးယူဆပုံမ...

ဒိဝသဥတု၂ပါး

တစ်ရက်တွင် ၂၄နာရီရှိရာ နေ့၁၂နာရီအချိန်မှ ည၁၂နာရီတိုင်အောင်သော ကာလသည် နေမင်းတည်းဟူသော ဥဏှတေဇော အုပ်ချုပ်သောကြောင့် ဥဏှဥတုမည်၏။ ည၁၂နာရီမှ နေ့၁၂နာရီတိုင်အောင်သောကာလသည် ဆီးနှင်းမြူတိမ်စသော သီတတေဇော အုပ်ချုပ်သောကြောင့် သီတဥတု မည်၏။

မာသဥတု၆ပါး

ျနမင်းသည် ဒက္ခိဏာယာဉ်စီး၍ အန္တောဝီထိမှ မဇ္ဈေဝီထိသို့သွားရာ ဝါဆိုလပြည့်ကျော်၁ရက်နေ့မှ တော်သလင်းလပြည့်နေ့တိုင်အောငိ သော၂လသည် ဝဿာနရတုမည်၏။ နေမင်းသည် ဒက္ခိဏာယာဉ်တစိစိတ်စီး၍ မဇ္ဈေဝီထိမှ ဗာဟိရ ဝီထိသို့သွားရာ တော်သလင်းလပြည့်ကျော်၁ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင်သော၂လသည် သရဒရတုမည်၏။ နေမင်းသည် ဒက္ခိဏာယာဉ်စီး၍ မဇ္ဈေဝီထိမှ ဗာဟိရဝီထိသွားရာ တန်ဆောင်မုန်းလပြည့်ကျော်၁ရက်နေ့မှ ပြာသိုလပြည့်နေ့တိုင် အောင်သော၂လသည် ဟေမန္တရတုမည်၏။ နေမင်းသည် ဥတ္တရာယာဉ်စီး၍ ဗာဟိရဝီထိမှ မဇ္ဈေဝီထိသို့ပြန်ရာ ပြာသိုလပြည့်ကျော်၁ရက်နေ့မှ တပေါင်းလပြည့်နေ့တိုင်အောင် သော၂လသည် သိသိရရတုမည်၏။ နေမင်းသည် ဥတ္တရာယာဉ်တစ်စိတ်စီး၍ မဇ္ဈေဝီထိမှ အန္တောဝီထိသို့ ပြန်ရာ တပေါင်းလပြည့်ကျော်၁ရက်နေ့မှ ကဆုန်လပြည်နေ့တိုင် အောင်သော၂လသည် နိန္ဒရတုမည်၏။ နေမင်းသည် ဥတ္တရာယာဉ်စီး၍ မဇ္ဈေဝီထိမှ အန္တောဝီထိသို့ပြန်ရာ ကဆုန်လပြည့်ကျော်၁ရက်နေ့မှ ဝါဆိုလပြည့်နေ့တိုင်အောင်သော ၂လသည် ဂိမှရတုမည်၏။ ဤ၆ပါးသောရတုတို့တွင် ဝဿာနရတု သရဒရတု ဟေမန္တရတု ဤ ရတု၃ပါးသည် သီတဥတုမည်၏။ ကြွင်းသော သိသိရတု နိန္ဒရတု ဂိ မှရတု ဤရတု၃ပါးသည် ဥဏှဥတု မည်၏။ ဝဿာနရတု ဟေမန္တရတု ဂိမှရတု ဤရတု၃ပါးသည် ယာဉ်တစ်ပါး တည်းသာစီး...

မာသဥတု၃ပါး

နေမငိးသည် ဥတ္တရာယာဉ်စီး၍ မဇ္ဈေဝီထိမှ အန္တောဝီထိသို့ ပြန်ရာ တပေါငိးလပြည့်ကျော်၁ရက်မှ ဝါဆိုလပြည့်နေ့တိုငိ သော၎လသည် ဂိမ္မန္တဥတုမည်၏။(ဝါ)တေဇောဆောင်သော ဥတုမည်၏ နေမင်းသည် ဒက္ခိဏာယာဉ်တစ်စိတ်စီး၍ အန္တောဝီထိမှ မဇ္ဈေဝီထိသို့သွားရာ ဝါဆိုလပြည့်ကျော်၁ရက်နေ့မှ တန် ဆောင်မုန်းလပြည့်နေ့တိုင်အောင်သော၎လသည် ဝသန္တဥတုမည်၏။(ဝါ)ဝါယောဆောင်သောဥတုမည်၏။ျနေမင်းသညိ ဒက္ခိဏာယာဉ်စီး၍ မဇ္ဈေဝီထိမှ ဗာဟိရ ဝီထိသို့သွားရာ ဗာဟိရဝီထိမှ မဇ္ဈေဝီထိသို့ပြန်ရာ တန်ဆောင်မူန်းလပြကျော်၁ရက်နေ့မှ တပေါင်းလ ပြည့်နေ့တိုင်အောင်သော၎လသည် ဟေမန္တဥတုမည်၏။ (ဝါ)အာပေါဆောင်သောဥတုမည်၏။

မာသဥတု၂ပါး

အတိဥဏှဥတုတည်းဟူသော နေမင်းသည် ဒက္ခိဏာယာဉ် စီး၍ အန္တောဝီထိမှ မဇ္ဈေဝီထိ ဗာဟိရဝီထိသို့သွား၍ ဝါဆိုလ ပြည့်ကျော်တစ်ရက်နေ့မှ ပြာသိုလ်လပြည့်နေ့တိုင်အောင် သော၆လသည် အေးသောသဘောရှိသောကြောင့် သီတဥတု မည်၏။ ထိုနေမင်းသည် ဥတ္တရာယာဉ်စီး၍ ဗာဟိရဝီထိမှ မဇ္ဈေဝီထိ အန္တော ဝီထိသို့ပြန်ရာ ပြာသိုလ်လပြည့်ကျော်တစ်ရက်နေ့မှ ဝါဆိုလပြည့် နေ့တိုင်အောင်သော၆လည် ပူသောသဘောရှိသောကြောငိ့ ဥဏှ ဥတုမည်၏

အဋ္ဌသာလိနီ ၁၀၁

ဧဝံ ကာလသမူဟေပိ ဉာတွာ ဣတရော ပန--- ဟေတူတိ ပစ္စယောဝေတ္ထ- တဿ ဒွါရဝသေန ဝါ။ အနေကဘာဝေါ ဝိညေယျော- ပစ္စယာနံ ဝသေန ဝါ။ *** *** *** ဧဝန္တိ ယထာဝုတ္တနယေန။ ကာလသမူဟေပီတိဧတ္ထ ပိသဒ္ဒေန ဝုတ္တေ သမဝါယခဏေ သမ္ပိဏ္ဍေတိ။ ဉာတွာတိပဒံ ဝိညေယျောတိပဒေ ပုဗ္ဗကာလကြိယာ။ ဣတရောတိ ကာလသမူဟေဟိ အညော။ ဟေတူတီတိ ဟေတု ဣတိ သမယော။ ပစ္စယောဝေတ္ထာတိ ပစ္စယော ဣတိ ဧဝ ဧတ္ထ။ ဧတ္ထာတိ သမယသဒ္ဒဿ အတ္ထပကာသနေ။ တဿာတိ ဟေတုနော။ ဧ၀ံ ကာလသမူဟေပိ ဉာတွာ ဣတရော ဟေတူတိ ဧတ္ထ ပစ္စယောဝ ဝိညေယျော။တဿ ဒွါရဝသေန ဝါ ပစ္စယာနံ ဝသေန ဝါ အနေကဘာဝေါ ဝိညေယျောတိ ယောဇနာ။

သံဝစ္ဆရသီတဥဏှဥတု၂ပါး

ကမ္ဘာဦးကစ ယနေ့ကျအောင် ထုတ်ဆောင်ညွှန်ကြား ဆရာမြတ်တို့ထားခဲ့သော ကမ္ဘာ့ဓာတ်ဆန်း၎ပါး (၁)ပါပတေဇောဓာတ် (၂၂)နှစ်ဆန်း၏။ (၂)သူရဇ္ဇဝါယောဓာတ်(၁၂)နှစ်ဆန်း၏။ (၃)အမြိတ္တအာပေါဓာတ်(၁၆)နှစ်ဆန်း၏။ (၄)ကောလီပထဝီဓာတ်(၃၀)နှစ်ဆန်း၏။ ပါပတေဇောဓာတ်ဆန်း၂၂နှစ်အတွင်းမှာ အပူဝင်ဝေဒနာ ယေဘူယျဖြစ်တတ်သည် သူရဇ္ဇဝါယောဓာတ်ဆန်း၁၂နှစ်အတွင်းမှာ အပူရှပ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် အမြိတ္တအာပေါဓာတ်ဆန်း၁၆နှစ်အတွင်းမှာ အပူငုပ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် ကောလီပထဝီဓာတ်ဆန်း၃၀နှစ်အတွင်းမှာ အပူယုတ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် တေဇောဓာတ်ဝါယောဓာတ်ဆန်း၃၄နှစ်အတွင်းကာလသည် အပူလွန်ကဲ၍ အပူနာ ယေဘူယျဖြစ်တတ်သောကြောင့် ဥဏှသံဝစ္ဆရဥတုမည်၏။ အာပေါဓာတ်ပထဝီဓာတ်ဆန်း ၄၆နှစ်အတွင်းကာလသည် သီတလွန်ကဲ၍ အအေးနာယေဘူယျဖြစ်တတ်သောကြောင့် သီတသံဝစ္ဆရဥတုမည်၏။ ၎င်းသီတသံဝစ္ဆရဥတုအတွင်းမှာ ကိုယ်ရောင် ဒူလာ မီးယပ် စသောအအေးနာ ယေဘူယျဖြစ်တတ်သည်။ **၎င်းဓာတ်ဆန်း၎ပါးတွက်ပုံ** ရောက်ဆဲသက္ကရာဇ်ကိုတည် ၂၀၅နှင့်နှုတ် ၈၀နှင့်စား အကြွင်းကို ပါပဓာတ်ဆန်း၂၂နှင် နှုတ် မနှုတ်လောက် ပါပဓာတ်ဆန်းမည်၏။ ကြွင်းသော် သူရဇ္ဇဓာတ်ဆန်း၁၂နှင့်နှုတ် မနှုတ်လောက်လျှင် သူရဇ္ဇဓာတ်ဆန်းမည်၏။ ကြွင်းပြန်သော် အမြိတ္တဓာတ်ဆန်း ၁၆နှင့်န...

အဇ္ဈတ္တဗဟိဒ္ဓ၂ပါး၏သီတဥဏှ

ကမ္မဇဥတု၌ အဇ္ဈတ္တသန္တာန်တွင် အကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် လေးသော ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် ပေါ့သောလဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **စိတ္တဇဥတု၌ စိုးရိမ်ပူဆွေးခြင်း နှလုံးမသာယာခြင်း ကြောက်လန့်ခြင်းစသော ဆုတ်နစ်သောဒေါသ ဒေါမနဿဝေဒနာအစရျှိသာစေတသိက်တို့နှင့် ယှဉ်သောစိတ် ကြောင့်ဖြစ်သောဥတုသည် လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ထက်မြက်သောဒေါသ လောဘ မာန တက်ကြွသောဝိရိယ ပီတိ သောမနဿဝေဒနာ လဟုတာ မုဒုတာ ကမ္မညတာ သဒ္ဓါအစရှိသော စေတသိက်တို့နှင့်ယှဉ်သောစိတ်ကြောင့် ဖြစ်သောဥတုသည် လဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **ဥတုဇဥတု၌ ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူ တိမ် မိုးရေ လေအေးဟုဆိုအပ်သော ဥတုသည်၎င်း အဇ္ဈတ္တသန္တာန်မှာ ဤဥတုကြောင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ***ဗဟိဒ္ဓသန္တာန်၌ နေရှိန်မီးရှိန်စသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ နေရှိန်မီးရှိန်စသည်ဖြင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လဟု သဘောရှိသောကြောင့် ဥဏှဥတုမည်၏။ ဗဟိဒ္ဓသန္တာန်၌ အေးသောဆေးအစာ အာဟာရ၌ရှိသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ အေးသောဆေးအာဟာရ ကြောင့်ဖြစ်သောဥတုသည်၎င်း ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ *****ဗဟိဒ...

ဗဟိဒ္ဓဥတု

ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူတိမ် မိုးရေ လေနေမီးအစရှိသော သုဒ္ဓဋ္ဌကကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဗဟိဒ္ဓ တေဇောဓာတ်သည် အဇ္ဈတ္တသန္တာန်၌ ရုပ်တို့၏လေးလံထိုင်းမှိုင်း ခြင်း ပေါ့ပါးလျင်မြန်ခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်သောကြောင့် ၎င်း ဗဟိဒ္ဓသန္တာန်၌ ဆီးနှင်းများခြင်း ခဲခြင်း တိမ်တောင်တိမ်ခဲများ ခြင်း မိုးရွာခြင်း ရေအေးခြင်း လေအေးခြင်း မျိုးစေ့ပေါက်ခြင်း သစ်ပင် စိမ်းစိုခြင်း တောတောင်စိမ်းညိုခြင်း အပူရှိန်တိုးခြင်း ရေပူခြင်း လေပူ ခြင်း ခြောက်သွေ့ခြင်း အစရှိသော ဥတုဇရုပ် ဥတုပစ္စယဥတုဇရုပ် တို့ကို ဖြစ်ပွားစေနိုင်သောကြောင့်၎င်း ဗဟိဒ္ဓဥတုမည်၏။ ဗဟိဒ္ဓသန္တာန်မှာ အေးသောဆေးအစာအာဟာရ ပူသောဆေးအ စာအာဟာရ၌ ရှိသော သီတတေဇောဓာတ်ဥဏှတေဇောဓာတ်၂ပါး သည် အဇ္ဈတ္တသန္တာန်၍သာ ရုပ်တို့၏ လေးလံထိုင်းမှိုင်းခြင်း ပေါ့ပါး လျင်မြန်ခြင်းအစရှိသော ဥတုဇရုပ်ကို ဖြစ်ပွားစေနိုင်သောကြောင့် ဗဟိဒ္ဓဥတုမည်၏။ ***အထူးကား ဗဟိဒ္ဓါဟာရ၌ ရှိသော ဥတုသည်၎င်း အဇ္ဈတ္တဥတု သည်၎င်း ဗဟိဒ္ဓသန္တာန်၌ ဥတုဇရုပ်ကို မဖြစ်ပွားစေနိုင်ဟုမှတ်အပ် ၏။

အဇ္ဈတ္တဥတု

ဆဆိုအပ်ပြီးသောဥတုသည် အဇ္ဈတ္တဥတု ဗဟိဒ္ဓဥတုဟူ၍၂ပါးရှိ၏။ ထိုတွင် ကမ္မဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော ကမ္မဇတေဇောဓာတ်၂ပါးသည်၎င်း စိတ္တဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော စိတ္တဇတေဇောဓာတ်၂ပါးသည်၎င်း ဥတုဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဥတုဇတေဇောဓာတ်၂ပါးသည်၎င်း အာဟာရဇ ကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော အာဟာရဇတေဇောဓာတ်၂ပါးသည်၎င်း ဤတေဇောဓာတ်၈ပါးသည် အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ စတုဇရုပ်ကို ဖြစ်ပွားစေတတ်သော ကြောင့် အဇ္ဈတ္တဥတုမည်၏။ ******အဇ္ဈတ္တသန္တာန်၌ ရုပ်ဖြစ်ပွားပုံမှာ ကမ္မဇသီတတေဇောဓာတ်သည်၎င်း စိတ္တဇသီတတေဇောဓာတ်သည်၎င်း ဥတုဇသီတတေဇောဓာတ်သည်၎င်း အာဟာရဇ သီတတေဇောဓာတ်သည်၎င်း ရုပ်တို့၏ လေးလံခြင်းကို ဖြစ်ပွားစေနိုင်၏။ ကမ္မဇဥဏှတေဇောဓာတ်သည်၎င်း စိတ္တဇဥဏှတေဇောဓာတ်သည်၎င်း ဥတဇဥဏှ တေဇောဓာတ်သည်၎င်း အာဟာရဇဥဏှတေဇောဓာတ်သည်၎င်း ရုပ်တို့၏ပေါ့ပါးလျင် မြန်ခြင်းကို ဖြစ်ပွားစေနိုင်၏။ ******ဗဟိဒ္ဓသန္တာန်၌ ရုပ်ကိုဖြစ်ပွားပုံမှာ ကမ္မဇတေဇောဓာတ်သည် လူတို့၏ အဝတ်တန်းဆာ စကြ်ာမင်းတို့၏ စကြာရတနာစသော ၇ပါးသောရတနာ နတ်လူတို့ ၏ ဥယျာဉ် ဗိမာန်ပဒေသာပင်အစရှိသော ကမ္မပစ္စယဥတုဇရုပ်ကိုဖြစ်ပွားစေနိုင်၏။ စိတ္တဇတေဇောဓာတ်သည် ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဣဒ္ဓိမန္တပုဂ္ဂိုလ်တို့သည် ဖန်ဆင်းအပ်သော ဆင်ရုပ်မြင်းရုပ်ရဟန်...

ဥတုကဏ္ဍ

ဥ**ဥဒတိ ပသဝတီတိ ဥတု။ ယာ ဓာတု-အပူအအေးဟုဆိုအပ်သော အကြင်တေဇော ဓာတ်သည်။ ရူပံ-ဥတုဇရုပ်ကို။ ဥဒတိ ပသဝတီတိ-ဖြစ်ပွားတိုးတက်စေတတ်၏။ ဣတိ-ထို့ကြောင့်။ သာ ဓာတု- အပူအအေးဟုဆိုအပ်သော ထိုတေဇောဓာတ်သည်။ ဥတု-ဥတုမည်၏။ ဤဝိဂြိုဟ်နှင့်အညီ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၂ပါး၌ရှိသော သီတတေဇော ဥဏှတေဇော၂ပါးသည် ဥတုဇရုပ်ကို ဖြစ်ပွားစေတတ်သောကြောင့် ဥတုမည်၏။ ထို့ကြောင့် သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ ဟုဟောတောမူ၏။ ဤပါဠိတော်အရ သီတတေဇောကြောင့် ဂရုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဥဏှတေဇောကြောင့် လဟုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဂရုသဘောရှိသောရုပ်သည် ဥဏှတေဇောနှင့် တွေ့ထိပြန်လျှင် ဂရုသဘောမှ ဖေါက်ပြန်၍ လဟုသဘောဖြစ်ပွားရ၏။ လဟုသဘော ရှိသောရုပ်သည်လည်း သီတတေဇောနှင့်တွေ့ထိပြန်လျှင် လဟုသဘောမှဖေါက်ပြန်၍ ဂရုသဘောဖြစ်ပွားရ၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ရှိရောဂါဖြစ်ပွားနေသော ရုပ်ကလာပ်တို့သည် ဗဟိဒ္ဓသန္တာန်မှပေးသွင်းသော အပူအအေးဓာတ်ပါသော ဆေးအစာ တို့နှင့် ဝိရောဓိ(ဆန့်ကျင်ဘက်)ဖြစ်မှ ရောဂါပျောက်နိုင်၏။

သမားလုပ်သူ သတိမူ

သီသီတနာ၏ လေးလံခြင်းစသော သီတလက္ခဏာသည်၎င်း ဥဏှနာ၏ ပေါပါးခြင်းစသော ဥဏှလက္ခဏာသည်၎င်း ဝေဒနာ၏ လက္ခဏာမည်၏။ သီတလက္ခဏာရှိသော သီတနာကို ဖျက်ဆီးနိုင်သော ဥဏှဆေး ဥဏှအစာအာဟာရ သည်၎င်း ဥဏှလက္ခဏာရှိသောဥဏှနာကို ဖျက်ဆီးနိုင်သော သီတဆေး သီတအစာ အာဟာရသည်၎င်း ဝေဒနာ၏ရသမည်၏။ ဥဏှဆေးဥဏှအစာအာဟာရကိုပေးနိုင်သော ဥဏှဥတုသည်၎င်း သီတဆေး သီတ အစာအာဟာရကိုပေးနိုင်သော သီတဥတုသည်၎င်း ဝေဒနာ၏ ရှေးရှုကျရောက်သော ပစ္စုပဋ္ဌာန်မည်၏။ သွေး သလိပ် သည်းခြေ လေ အပုပ် ဟူ၍ တစ်ရက်မှာ ၅ပိုင်းရှိရာ သွေးကိုပေါ်စေ များစေလိုလျှင် သွေးချိန်၌ ဆေး ဓာတ်စာတို့ကို ပေးရခြင်းသည်၎င်း သလိပ် သည်းခြေစသည်တို့ကို ပေါ်စေ များစေလိုလျှင် သလိပ်ချိန် သည်းခြေချိန် စသည်တို့၌ ဆေးဓာတ်စာတို့ကို တိုက်ကျွေးရခြင်းသည်၎င်း ဝေဒနာပျေက်ကင်းခြင်း ၏ နီးစွာသော အကြောင်း ပဒဋ္ဌာန်မည်၏* ****ဝေဒနာကဏ္ဍပြီး၏***ဥတုကဏ္ဍဆက်မည်***

တက်နာ သက်နာထူးပုံ

သွေးတက်ဆိုသည်ကား အာပေါပထဝီဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တောဇော ဝါယော ယုတ်လျော့၍ သွေးစသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်မှု ခဲမှုကိုဆိုသည်။ လေတက်ဆိုသည်ကား ဗဟိဒ္ဓအာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် အဇ္ဈတ္တသန္တာန်၌ တေဇောဝါယောလွန်ခြင်းကိုဆိုသည်။ သွေးသက်ဆိုသည်ကား သီတတေဇောလွန်ကဲ၍ ဥဏှပထဝီ ဥဏှဝါယော ပျက်ခြင်းကြောင့် သွေးစသောအာပေါဓာတ်တို့ကို ဥဏှဝါယော ဓာတ်ကမထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်သဖြင့် ယိုစီး၍ကျမှုကိုဆိုသည်။ လေသက်ဆိုသည်ကား အာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တေဇောဝါယောဓာတ်တို့ တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ အကျဉ်းမိခြင်း ငုပ်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့ အား ဝါယောဓာတ်က တွန်းကန်၍ မှုတ်ထုတ်မှုကိုဆိုသည်။

သက်နာ

သသက်နာသည် သွေးသက်နာ လေသက်နာဟူ၍၂ပါးရှိ၏။ ထိုတွင် သီတတေဇောဓာတ် လွန်၍ ဥဏှပထဝီဥဏှဝါယောဓာတ်ပျက်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့ကို ဝါယောဓာတ်မထိမ်းနိုင် မစောင့်ရှောက်နိုင်ပဲ အစာမကြေခြင်း ဝမ်းကိုက်ခြင်း ဝမ်းသက် ခြင်း ဝမ်းပျက်ခြင်း ဝမ်းရောဂါဖြစ်ခြင်း သွေးဝမ်းသွားခြင်း ပိတ်ဝမ်းသွားခြင်း ရိဖြူကျခြင်း ရိနီကျခြင်း လိပ်ခေါင်းထွက်ခြင်း မီးယပ်သွေးလွန်ခြင်း ဆီးလွန်ခြင်း ကြွက်တက်ခြင်း စသည်ဖြင့် ဖြစ်ပေါ်သောအနာသည် သွေးသက်နာမည်၏။ ***လေသက်နာ*** သန္တာန်၂ပါး၌ အာပေါဓာတ် လလွန်၍ တေဇောဝါယောဓာတ်ငုပ်ခြင်းကြောင့် ဖျားခြင်း ငန်းဖမ်းခြင်း သတိလစ်ခြင်း မေ့လျော့ခြင်း နောက်ကျောတက်ခြင်း ကိုယ်ရောင်ခြင်း လေနာထခြင်း ရင်ဘတ်နာခြင်း ဝမ်းဖေါဝမ်းရောင်ခြင်း မြင်းသရိုက်နာဖြစ်ခြင်း သွေးအံခြင်း ရူးသွပ်ခြင်း ဝက်ရူးပေါ်ခြင်း ကြက်ရူးပေါ်ခြင်း ထိပ်ကပ်နာဖြစ်ခြင်း မူးဝေခြင်း နားထိုင်းခြင်း မျက်စိမှုန်ခြင်း မျက်ခမ်းစပ် ခြင်း သွားနာခြင်း သွားပြည်ယိုခြင်း ချောင်းဆိုးသွေးပါဖြစ်ခြင်း အနာပေါက်ခြင်း စသည်ဖြင့်ဖြစ်ပေါ်သောအနာသည် လေသက်နာမည်၏။

တက်နာ

တက်နာသည် သွေးတက်နာ လေတက်နာဟူ၍၂ပါးရှိ၏။ ထိုတွင် သန္တာန်၂ပါး၌ အာပေါ ပထဝီဓာတ်လွန်၍ ဥဏှတေဇာ ဝါယောဓာတ်ယုတ်လျော့ပြီးလျှင် သွေးသလိပ်စသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်ခဲခြင်းကြောင့် နူနာဖြစ်ခြင်း ကာလသားနာဖြစ်ခြင်း ထုန်ကျင်ခြင်း မီးယပ်ကွက်ခြင်း ဒူလာကွက်ခြင်း မီးယပ်ကျိုးခြင်း ဒူလာကျိုးခြင်း မီးယပ်ပိန်မီးယပ်ခြောက် မြင်းသရိုက်နာ သလိပ်နာ ပန်းနာ သွေးငုပ်နာ လေပြတ်နာ သွက္ချာပါဒနာ သိမ့်မွေ့စွာရူး သွပ်ခြင်း ဆီးချုပ်ခြင်း ကျောက်တည်ခြင်း ဝမ်းထဲ၌အခဲပေါ်ခြင်း စသည်ဖြင့် ဖြစ်ပေါ်သော အနာသည် သွေးတက်နာမည်၏။ ***လေတက်နာ*** ဗဟိဒ္ဓသန္တာန်၌ အာပေါဓာတ် လွန်စွာပတ်ဖွဲ့၍ အဇ္ဈတ္တသန္တာန်၌ ဥဏှတေဇောဝါယောလွန်ခြင်းကြောင့် မျက်နာဖေါခြင်း ကြို့ထိုးခြင်း ခေါင်းကိုက်ခြင်း ခေါင်းကျိန်းခြင်း စပ်ပူစပ်လောင်နေခြင်း နှာခေါင်းသွေးထွက်ခြင်း မူးဝေခြင်း မျက်စိနာခြင်း မျက်စိကျိန်းခြင်း နားလေထွက်ခြင်း ရင်ပူခြင်း နှလုံးတုန်ခြင်း ရင်ခုန်ခြင်းစသည်ဖြင့် ဖြစ်ပေါ်သောအနာသည် လေတက်နာမည်၏။

လေသန္နိပါတ်ငန်းနာ

လေချိန်၌ ဖျားသောသူအား ထိုလေချိန်နှင့် အပုပ်ချိန်၂ပါးမှာ အဖျားမကျပဲ သွေးချိန်သို့ ရောက်အောင် အချိန်၃ပါးဆက်ဆံ၍ဖျါးခြင်း လေ သလိပ် သည်းခြေ ဤဝါယော အာပေါ ဓာတ်၂ပါး၏ ရွှေ ဝါ စိမ်းသော အရောင်အဆင်းလက္ခဏာထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ထပြေးခြင်း ချောင်းဆိုးခြင်း သလိပ်များခြင်း သတိလစ်ခြင်း ဂယောင်ဂတန်းပြောခြင်း အေးတုံတစ်ခါ ပူတုံတစ်လှဲ့ရှိခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခ ဏာထင်သောအနာသည် လေသန္နိပါတ်ငန်းနာမည်၏

ဝါတပိတ္တဒွေဝဏ်ငန်းနာ

လေချိန်၌ဖျားသောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ဖျားခြင်း လေသည်းခြေဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေစိမ်းသော အရောင်အဆင်းလက္ခဏာထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ထပြေခြင်း ဂယောင်ဂတန်းပြောဆိုခြင်း အေးတုံတစ်ခါ ပူတုံတစ်လှဲ့ရှိခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သောအနာသည် ဝါတပိတ္တဒွေဝဏ်ငန်းနာမည်၏။

ဝါတသေမှဒွေဝဏ်ငန်းနာ

ပဋိပက္ခဖြစ်သော သလိပ် သည်းခြေ လေ ဤဓာတ်၃ပါးတို့တွင် လေနှင့်သလိပ် ဖြစ်စေ လေနှင့်သည်းခြေဖြစ်စေ ၃ပါးလုံးဖြစ်စေ တစ်ပြိုင်နက်စုဝေးကျရောက်သော ငန်းနာသည် လေငန်းနာမည်၏။ ထိုလေငန်းနာသည်လည်း ဒွေဝဏ်ငန်းနာ သန္နိပါတ် ငန်းနာဟူ၍ ၂ပါးရှိ၏။ ထိုတွင် ဒွေဝဏ်ငန်းနာသည်လည်း လေ သလိပ်၂ပါး အဆင်း လက္ခဏာအကျိုးထင်သော ဝါတသေမှဒွေဝဏ်ငန်းနာ လေသည်းခြေ၂ပါး အဆင်း လက္ခဏာအကျိုးထင်သော ဝါတပိတ္တဒွေဝဏ်ငန်းနာဟူ၍၂ပါးရှိ၏။ ထိုတွင် လေချိန်၌ဖျား သောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ ဖျားခြင်း လေ သလိပ်ဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေဝါသော အရောင် အဆင်းလက္ခဏာ ထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ချောင်းဆိုးခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် ဝါတသေမှဒွေဝဏ်ငန်းနာ မည်၏။

သွေးသန္နိပါတ်ငန်းနာ

သံ သုဋ္ဌု သမာဂမ္မ ဝါ နိပတန္တိ ဧတ္ထာတိ သန္နိပါတော။ ဧတ္ထ-ဤအနာ၌။ ဓာတုယော-သွေး သည်းခြေ သလိပ်ဟုဆိုအပ်သော မလဓာတ်တို့သည်။ သံ သုဋ္ဌု-ကောင်းစွာ။ ဝါ-တစ်နည်းကား။ သမာဂမ္မ-တစ်ပေါင်းတည်းအနေဖြင့် စုဝေးပေါင်းဆုံ၍။ နိပတန္တိ-ကျရောက်တတ်ကုန်၏။ဣတိ-ထို့ကြောင့်။ သန္နိပါတော-သန္နိပါတ်မည်၏။ ဤဝစနတ္ထနှင့်အညီ သွေး သလိပ် သည်းခြေ ဟုဆိုပ်သော အချိန်၃ပါးတို့တွင် တစ်ပါးပါးသောအချိန်၌ ဖျားသောသူအား အချိန် ၂ပါးမှာ အဖျားမကျပဲ အချိန်၃ပါးဆက်ဆံ၍ ပြင်းစွာဖျားခြင်း သွေး သလိပ် သည်းခြေ ဤအာပေါဓာတ်၃ပါးတို့၏ တစ်ပြိုင်နက်စုဝေးကျရောက်ခြင်း ထိုဓာတ်၃ပါးတို့၏ နီ ဝါ စိမ်းသောအရောင်အဆင်းလက္ခဏာထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့်တင်း ကိုက်ခဲခြင်း မေးခိုင်ခြင်း သတိလစ်ခြင်း စကားမပြောခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် သွေးသန္နိပါတ်ငန်းနာ မည်၏။

သေမှပိတ္တဒွေဝဏ်ငန်းနာ

သလိပ်ချိန်၌ ဖျားသောသူအား ထိုသလိပ်ချိန်မှာ အဖျားမကျပဲ သည်းခြေချိန်သို့ ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ဖျားခြင်း သလိပ်သည်းခြေအာပေါဓာတ်၂ပါး တို့၏ စိမ်း ဝါသော အရောင်အဆင်းထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့်တင်းကိုက် ခဲခြင်း စကားချွတ်ယွင်းခြင်း ရင်ကျပ်ခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် သေမှပိတ္တဒွေဝဏ်ငန်းနာမည်၏။

လောဟိတသေမှ ဒွေဝဏ်ငန်းနာ

သွေးချိန်၌ ဖျားသောသူအား ထိုသွေးချိန်မှာ အဖျားမကျပဲ သလိပ်ချိန်သို့ ရောက်အောင် အချိန်၂ပါး ဆက်ဆံ၍ဖျားခြင်း သွေးသလိပ်အာပေါဓာတ် ၂ပါးတို့၏ နီ ဝါသော အရောင်အဆင်းထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့် တင်းကိုက်ခဲခြင်း ရင်ကျပ်ခြင်း သလိပ်များခြင်း ဤလက္ခဏာတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် လောဟိတသေမှ ဒွေဝဏ်ငန်းနာမည်၏။

ဒွေဝဏ်ငန်းနာ

ထိုငန်းနာသည် သွေးငန်း လေငန်းဟူ၍၂ပါးရှိ၏။ ထိုတွင် သဘာဂဖြစ်သော သွေး သလိပ် သည်းခြေ ဤအာပေါဓာတ်၃ပါးတွင် ၂ပါးဖြစ်စေ ၃ပါးဖြစ်စေ တစ်ပေါင်းတည်း စုဝေးကျရောက်တတ်သော ငန်းနာသည် သွေးငန်းနာမည်၏။ ထိုသွေးငန်းနာသည် ဒွေဝဏ်ငန်းနာ သန္နိပါတ်ငန်းနာဟူ၍၂ပါးရှိ၏။ ဒွေ ဝဏ္ဏာ ယဿာတိ ဒွိဝဏ္ဏော။ ယဿ-အကြင်ငန်းနာ၏။ ဝဏ္ဏာ-အ ဆင်းတို့သည်။ဒွေ-၂ပါးတို့တည်း။ဣတိ-ထို့ကြောင့်။ သော-ထိုငန်းနာ သည်။ဒွိဝဏ္ဏော- ဒွေဝဏ်မည်၏။ ဤဝစနတ္ထနှင့်အညီ ဒွေဝဏ်ငန်းနာ သည် သွေးသလိပ်၂ပါး အဆင်းလက္ခဏာ အကျိုးထင်သော လောဟိတသေမှ ဒွေဝဏ်ငန်းနာ သလိပ်သည်းခြေ၂ပါး အဆင်းလက္ခဏာ အကျိုးထင်သော သေမှပိတ္တဒွေဝဏ်ငန်းနာဟူ၍ ၂ပါးရှိ၏။

ငန်းနာမည်ပုံ

ငန်းဟူသောအမည်သည် ပါဠိပျက်အမည်မဟုတ်။ မြန်မာဘာသာဖြင့် ခေါ်ဆိုအပ်သော အမည်ဖြစ်သော်လည်း လောကူပမာအားဖြင့် ခေါ်အပ်သော အမည်သာဖြစ်၏။ လောက၌ ငန်းပြောက် ငန်းကျား စသော မြွေတို့၏အဆိပ်သည် အလွန်ပြင်းထန်၍ ထိုမြွေကိုက်သောသူများမှာ တစ်ကိုယ်လုံးကို ကြိုးဖြင့်တင်းကျပ်စွာ တုပ်ထားသည့်အလား အဆိပ်မွှန် ပြီး စကားမပြော စကားမမှန်ပဲ ရှိသကဲ့သို့ သွေး သလိပ် သည်းခြေ လေ ဤဓာတ်၎ပါးတို့တွင် ၂ပါးဖြစ်စေ ၃ပါးဖြစ်စေ တစ်ပြိုင်နက် စုဝေးကျရောက် သောသူတို့မှာလည်း တစ်ကိုယ်လုံး မီးကဲ့သို့ ပူခြင်း ကိုယ်အင်္ဂါလေးလံ တောင့်တင်းကိုက်ခဲခြင်း စကားမမှန်ခြင်း စကားမပြောခြင်း သတိလစ်ခြင်း ရင်ကျပ်ခြင်း စသောအကျိုးလက္ခဏာထင်သော အနာသည် ငန်းနာမည်၏။ **ဓာတ်သဘောအားဖြင့် ဆိုသော် အာပေါပထဝီလွန်၍ တေဇောဝါယောငုပ်သောကြောင့် ဓာတ်ငုပ်နာမည်၏။

ဓာတ်ငုပ်နာ

ဓာတ်၎ပါးတို့သည် တစ်ပါးနှင့်တစ်ပါး မယုတ်မလွန် ညီညွတ်၍ သမဘာဂဖြစ်နေခိုက်မှာသာ သတ္တဝါတို့ ကျန်းမာခြင်းရှိကြကုန်၏။ တစ်ခါတစ်ရံ အဇ္ဈတ္တသန္တာန်၌ တေဇောဝါယော၂ပါးသည် ဗဟိဒ္ဓသန္တာန်မှာ နေမင်းတည်းဟူသော ဥဏှဥတုနှင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇအာဟာရဇသီတအာပေါ သီတဝါယောတို့နှင့်တွေ့ဆုံကြုံကြိုက် သောအခါ အေးဖွဲ့သော အာပေါပဋိပက္ခဓာတ်ကို ကြောက်၍ တေဇော ဝါယောဓာတ် တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ ဝတ်နေခြင်း စုနေခြင်း အကျဉ်းမိ ခြင်းကြောင့် ကိုယ်အင်္ဂါအသံလေးလံ တောင့်တင်း ကိုက်ခဲခြင်း အသား အရေ မျက်စိနီဝါခြင်း ချွေးမထွက်ခြင်း သို့မဟုတ် ချွေးစေးထွက်ခြင်း ကိုယ်ရေပူခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာ အကျိုးထင် သော အနာသည် ဓာတ်ငုပ်နာမည်၏။

ဓာတ်ယုတ်နာ

သန္တာန်၂ပါး၌ ဥတုဇသီတအာပေါ အာဟာရဇသီတအာပေါ၂ပါးပတ်ဖွဲ့မှု ကြောင့် ဥတုဇသီတပထဝီ အာဟာရဇသီတပထဝီ၂ပါးကဲလွန်ပြီး အဇ္ဈတ္တ အတွင်း၌ တေဇော ဝါယော၂ပါးယုတ်လျော့အားနည်းကာ ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်းကိုက်ခဲခြင်း အသားအရေ မျက်စိမဲနက်နီမြန်း ခြင်း ခြေဖျားအေး၍ ချွေးမထွက်ခြင်း သို့မဟုတ် ချွေးစေးထွက်ခြင်း စကား မပြောပဲထိုင်းမှိုင်း၍နေခြင်း ကြောက်ရွံ့ထိတ်လန့်ခြင်း ဥဒ္ဓင်္ဂမလေများခြင်း စသော သီတပထဝီ သီတဝါယောဓာတ်လက္ခဏာအကျိုးထင်သောအ နာသည် ဓာတ်ယုတ်နာမည်၏။

ဓာတ်လွန်နာ

အနာသည် ဓာတ်လွန်နာ ဓာတ်ယုတ်နာ ဓာတ်ငုပ်နာဟူ၍၃ပါးရှိ၏။ ထိုတွင် ဗဟိဒ္ဓသန္တာန်၌ သီတဥတုနှင့် တွေ့ကြုံခိုက် ဥတုဇသီတအာပေါ ဓာတ်ပတ်ဖွဲ့မှုကြောင့် သီတပထဝီလွန်ကဲပြီး တေဇောဝါယော၂ပါး မြောက်မြားအားကြီးသဖြင့် ကိုယ်အင်္ဂါ အသံ လှုပ်ရှားပေါ့ပါးကြည်လင်ခြင်း အသားအရေ မျက်စိ ဖြူခြင်း ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်းချွေးများ စွာထွက်ခြင်း ကြမ်းထန်းခြင်း စသော ဥဏှလက္ခဏာအကျိုးထင်သော အနာသည် ဓာတ်လွန်နာမည်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ အလွန်အပျက်

အနာ၆ပါး၌ ပြခဲ့သော အဇ္ဈတ္တလွန် ဗဟိဒ္ဓလွန် အဇ္ဈတ္တပျက် ဗဟိဒ္ဓပျက် ၄ပါးတို့တွင် အဇ္ဈတ္တလွန်ဆိုသည်ကား ဓာတ်ချုပ်ခြင်း လေချုပ်ခြင်း ဆီးချုပ်ခြင်း ရင်ခံခြင်း ဤ၄ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ချုပ်မှု ဖွဲ့မှုကိုဆိုသည်။ ဗဟိဒ္ဓလွန်ဆိုသည်ကား အလွန်အေးသော သီတဥတုနှင့် တွေ့ကြုံခြင်းကြောင့် ချွေး အဆီ အစေး မျက်ရေ နှပ် တံတွေး ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ဖွဲ့မှု ခြောက်မှုကိုဆိုသည်။ အဇ္ဈတ္တပျက်ဆိုသည်ကား ဓာတ်ပျက်ခြင်း ဆီးခဏခဏသွားခြင်း လေသွားလျှင်ဓာတ်ပါခြင်း ဤ၃ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်မှုကို ဆိုသည်။ ***မှတ်ရန် အဇ္ဈတ္တလွန်သောအခါ ဆေး အစာကျွေး၍ ပျက်ခြင်းကို ဆိုသည်မဟုတ်။ ဗဟိဒ္ဓပျက်ဆိုသည်ကား အလိုအလျောက် ချွေးများစွာထွက်ခြင်း အဆီအစေးများစွာထွက်ခြင်း မျက်ရေယိုခြင်း နှာရေယိုခြင်း တံထွေးများခြင်း ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်ခြင်းကိုဆိုသည်။ ***မှတ်ရန် ဗဟိဒ္ဓလွန်နေသောအခါ ဆေးအစာကျွေး၍ ချွေးထွက်ခြင်း စသည်ဖြင့်ပျက်ခြင်းကိုဆိုသည်မဟုတ်။ ဆေးအစာကျွေး၍ပျက်ခြင်းမှာ လွန်သောဓာတ်ကို ဖျက်ပေးသဖြင့် ရောဂါပျောက်ခြင်းအပျက်မျိုးသာဖြစ်၏။ အဖြစ်အပျက်၂မျိုးကို အတိအကျသိရမည်။

ဥဏှတေဇောနာ

အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးပျက်၍ (၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှားပေါ့ပါးကြည်လင် ခြင်း။ (၂)အသားအရေမျက်စိဖြူဖွေးကြည်လင်ခြင်း (၃)ခြေဖျားပူခြင်း (သို့မဟုတ်)အထက်ပိုင်းချွေးထွက်ခြင်း (၄)စကားပြောသွက်လက်ခြင်း (၅)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း။ ဤ၅ပါးလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် ဥဏှတေဇောဓာတ်သက်သက် အကျိုးထင်သော အနာသည် ဥဏှတေဇောနာမည်၏။ ***ပြဆိုခဲ့ပြီးသော အနာ၆ပါးတို့တွင် သီတနာ၃ပါးသည် အာဝါသိကဓာတ် သဘောရှိသောကြောင့် အာဝါသိကနာမည်၏။ အဗဒ္ဓသည်းခြေ လွန်သောကြောင့် အဗဒ္ဓသည်းခြေနာလည်းမည်၏။ အပူနာ၃ပါးသည် အာဂန္တုကဓာတ်သဘောရှိသောကြောင့် အာဂန္တုကနာမည်၏။ ဤအပူနာ၃ပါးသည် သွေး၃ရက် လေ၄ရက် သည်းခြေ၅ရက် ပေါင်းတေဇော၁၂ရက်လွန်မြောက်လျှင် ဆေးမတိုက် သော်လည်း အလိုအလျောက်ပျောက်ကင်းနိုင်၏။

ဥဏှဝါယောနာ

အဇ္ဈတ္တလွန်ဗဟိဒ္ဓပျက်(သို့မဟုတ်) အဇ္ဈတ္တပျက် ဗဟိဒ္ဓလွန်၍ (၁)ကိုယ်အင်္ဂါ အသံလှုပ်ရှား ပေါ့ပါး ကြည်လင်ခြင်း။ (၂) အသားအရေ မျက်စိ ဖြူဖွေးကြည်လင်ခြင်း။ (၃)ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်း ချွေးများစွာထွက်ခြင်း။(၄)ရင်ထဲ၌ပူလောင်ခြင်း။ (၅)မျက်နှာမှစ၍ဖေါရောင် ခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် ဥဏှဝါယောဓာတ်၏ သမီရဏလက္ခဏာ အကျိုးထင်သောအနာသည် ဥဏှဝါယောနာမည်၏။

ဥဏှပထဝီနာ

အဇ္ဈတ္တဗဟိဒ္ဓ၂ပါးလွန်၍ (၁) ကိုယ်အင်္ဂါအသံလှုပ်ရှားပေါ့ပါးကြည်လင် ခြင်း။ (၂) အသားအရေ မျက်စိဖြူဖွေးကြည်လင်ခြင်း။ (၃) ခြေဖျားပူခြင်း။ (၄) စကားပြောသွက်လက်ခြင်း။ (၅)ကြမ်းတန်းခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစစသည်ဖြင့် ဥဏှပထဝီဓာတ်၏ သုခုမလက္ခဏာ အကျိုးထင်သော အနာသည် ဥဏှပထဝီနာမည်၏။

သီတတေဇောနာ

အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးပျက်၍ (၁)ကိုယ်အင်္ဂါအသံလေးလံတောင့်တင်းကိုက် ခဲခြင်း (၂)ခြေဖျားအေး၍ ချွေးမထွက်ခြင်း (သို့မဟုတ်)ချွေးစေးထွက်ခြင်း (၃)အသားအရေမျက်စိနီခြင်း (၄)စကားမပြောဘဲထိုင်းမှိုင်း၍နေခြင်း (၅)အားယုတ်လျော့မောပန်းခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါး စသည်ဖြင့် သီတတေဇောဓာတ်၏ သီတသက်သက်လက္ခဏာထင် သော အနာသည် သီတတေဇောနာမည်၏

သီတဝါယောနာ

အဇ္ဈတ္တလွန် ဗဟိဒ္ဓပျက် (သို့မဟုတ်)အဇ္ဈတ္တပျက် ဗဟိဒ္ဓလွန်၍ (၁)ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်း ကိုက်ခဲခြင်း (၂)ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်) ချွေးစေးထွက်ခြင်း (၃) အသားအရေ မျက်စိနီဝါခြင်း(၄)ဥဒ္ဓင်္ဂမလေများခြင်း (၅)ခြေဖျားမှစ၍ဖေါရောင်ခြင်း ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါး စသည်ဖြင့် သီတဝါယောဓာတ်၏ ဝိတ္ထမ္ဘိတလက္ခဏာ အကျိုးထင်သော အနာသည် သီတဝါယောနာမည်၏။

အနာ၆ပါးဖြစ်ပုံကိုပြခြင်း

အနာသည် အကြောင်းဓာတ်ကိုစွဲ၍ အကျဉ်းအားဖြင့် ၂ပါးရှိသော်လည်း အကြောင်းဓာတ်နှင့် အကျိုးဓာတ် ရောစပ်၍ သီတပထဝီနာ သီတဝါယောနာ သီတတေဇောနာဟူ၍ အအေးနာ၃ပါး။ ဥဏှပထဝီနာ ဥဏှဝါယောနာ ဥဏှတေဇောနာဟူ၍ အပူနာ၃ပါး။ ပေါင်း၆ပါးရှိ၏။ (သီတပထဝီနာ) အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးလွန်၍ (၁)ကိုယ်အင်္ဂါ အသံလေးလံ တေင့်တင်း ကိုက်ခဲခြင်း။ (၂)အသားအရေ မျက်စိ မဲနက်နီမြန်းခြင်း။ (၃) ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း (၄)စကားမပြောပဲ ထိုင်းမှိုင်း ၍နေခြင်း(၅)ကြောက်ရွံ့ထိတ်လန့်ခြင်း။ ဤ၅ပါးသော လက္ခဏာတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် ပထဝီဓာတ်၏ ကက္ခဠလက္ခဏာအကျိုးထင်သော အနာသည် သီတပထဝီနာမည်၏။

အနာ၂ပါး

*ဝေဒနာကဏ္ဍ* အနာသည် သီတအကြောင်းကြောင့်ဖြစ်သော အအေးနာ။ ဥဏှအကြောင်းကြောင့်ဖြစ်သော အပူနာ ဟူ၍၂ပါးရှိ၏။ ထိုတွင် **သီတနာ** (၁)ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်းကိုက်ခဲခြင်း (၂)အသားအရေ မျက်စိ မဲနက်နီဝါခြင်း (၃)စကားမပြောပဲ ထိုင်းမှိုင်း၍နေခြင်း (၄)ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း (၅)ကြောက်ရွံ့ထိတ်လန့်ခြင်း (၆)ဥဒ္ဓင်္ဂမလေများခြင်း (၇)ခြေဖျားမှစ၍ ဖေါရောင်ခြင်း (၈)အားယုတ်လျော့ မောပန်းခြင်း ဤ၈ပါးသောလက္ခဏာတို့တွင်၂ပါး၃ပါးစသည်ဖြင့်သီတလက္ဓဏာ အကျိုးထင်သောအနာသည်သီတနာမည်၏။ **ဥဏှနာ** (၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှား ပေါ့ပါးကြည်လင်ခြင်း (၂)အသားအရေ မျက်စိ ဖြူဖွေးကြည်လင်ခြင်း (၃)ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်းချွေးများစွာထွက်ခြင်း (၄)စကားပြောသွက်လက်ခြင်း (၅)ကြမ်းထန်းခြင်း (၆)ရင်ထဲ၌ပူလောင်ခြင်း (၇)မျက်နှာမှစ၍ဖေါရောင်ခြင်း (၈)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း ဤ၈ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့်ဥဏှလက္ခဏာ အကျိုးထင်သောအနာသည် ဥဏှနာမည်၏။

သဝိညာဏကသန္တာန်၌အပူကြောင့်အာပေါ၏အာဗန္ဓနမဖြစ်

အသက်မရျှိသော အဝိညာဏကသန္တာန်၌ ဥတုဇရုပ်တစ်ပါးသာရှိ၍ သည်းခြေ သလိပ် ပြည် သွေး စသောအာပေါဓာတ်၁၂ပါးမရှိ။ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုထ်အမူအရာမရှိ။ ထိုကြောင့် အာပေါဓာတ်၏ ဖွဲ့စည်းခြင်း အာဗန္ဓနသဘော ဖြစ်နိုင်၏။ ဥပမာ ရွှံ့ညွန်၏ အရည်သည် ပူပြင်းသော နေရှိန်နှင့် တွေ့ထိခဲ့လျှင် ဖွဲ့စည်းခြင်း အာဗန္ဓနသဘောသို့ရောက်ရ၏။ ရေနှင့်တွေ့ထိပြန်သော် အရည်ဖြစ်ခြင်း ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ ဖရောင်းခဲမှာ အပူနှင့်တွေ့ထိလျှင် ယိုစီးခြင်း ပဂ္ဃရဏသဘောသို့ရောက်ရ၏။ အအေးနှင့်တွေ့လျှင် ဖွဲ့စည်း ခြင်းအာဗန္ဓန ခက်မာခြင်း ကက္ခဠသဘောသို့ ရောက်ရပြန်၏။ ဤသို့ အဝိညာဏကသန္တာန်၌ အပူအအေးကြောင့် ဖွဲ့စည်းခြင်းနင့် ယိုစီးခြင်းဖြစ်သင့်၏။ သဝိညာဏကသန္တာန်၌ကား စတုဇရုပ်ဖြစ်၍ သည်းခြေ သလိပ် စသော အာပေါဓာတ်၁၂ပါးလည်းရှိ၏။ သွားခြင်း စသောဣရိယာပုထ် အမူအရာလည်းရှိ၏။ ထိုကြောင့် အအေးသီတနှင့်တွေ့လျှင် သည်းခြေ သလိပ် ပြစ်ခြင်း ခဲခြင်း သွေး ပြည် ပြစ်ခြင်း ခဲခြင်း ချွေးမထွက်ခြင်း အဆီ အစေးမထွက်ခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနသဘောသို့ ရောက်ရ၏။ အပူဥဏှနှုင့်တွေ့ထိလျှင် ထိုကဲ့သို့ အာဗန္ဓနသဘောသို့ မရောက်မူမူ၍ ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ အ...

အဝိညာဏကနှင့်သဝိညာဏက ဖြစ်စဉ်ချင်းမတူ

အဝိညာဏကသန္တာန်မှာ ရှိသောဓာတ်၎ပါးသည် ဥတုဇဓာတ်သာဖြစ်၏။ သဝိညာဏကသန္တာန်မှာရှိသောဓာတ်၎ပါးသည် စတုဇဓာတ်ဖြစ်၏။ ဤသို့ ဓာတ်ချင်းမတူသောကြောင့် ဖြစ်စဉ်ခြင်းလည်း မတူကြ။ အဝိညာဏကသန္တာန်၌ ဓာ၎ပါးတို့သည် တေဇောဝါယောအာပေါပထဝီ ဤအစဉ်အတိုင်းဖြစ်ကြ၏။ ဖြစ်ပုံမှာ ရွှံ့ခဲတစ်ခု၏ အလိုအလျောက် ပေါ်ပေါက်ဖြစ်လာခြင်းမှာ ရွှံ့ရေ၏ နေပူရှိန် နှင့်တွေ့ကြုံ၍ ပူမှုသည် တောဇောဓာတ်မည်၏။ နေရှိန်အခိုးအငွေ့ကြောင့် ၎င်းရွှံ့ရေပြစ်လာမှုသည် ဝါယောဓာတ်မည်၏။ ပြော့ပျောင်းလာမှုသည် အပေါဓာတ်မည်၏။ ခက်မာလာမှုသည် ပထဝီဓာတ်မည်၏။ ဤသို့ ဓာတ်၎ပါးတို့၏ မရှေးမနှာင်းတစ်ပေါင်းတည်း မိမိကိစ္စသတ္တိဖြင့် ရွက်ဆောင်မှုကြောင့် ရွှံ့ခဲဖြစ်ပေါ်၍လာရ၏။ သဝိညာဏကသန္တာန်၌ ဓာတ်၎ပါးတို့သည် ပထဝီ အာပေါ တေဇော ဝါယော ဤအစဉ်အတိုင်း ဖြစ်ကုန်၏။ ဖြစ်ပုံမှာ သတ္တဝါတို့၏ ပဋိသန္ဓေအခါ၌ အမိသားအိမ် စင်ကြယ်သန့်ရှင်းမှုသည် ပထဝီမည်၏။ ကလလရေကြည်တည်မှုသည် အာပေါဓာတ်မည်၏။ ရေကြည်၁သတ္တာဟပြည့်သည်မှစ၍ ၁၀သတ္တာဟမြောက်သည်တိုင်အောင် အမြှုပ် သားတစ် အခဲ ခက်မ၅ဖြာ စက္ခု သောတ ဃာန ဇိဝှာ ရုပ်ကလာပ်တို့၏ ရင့်ကျက်မှုသည် တေဇောဓာတ်မည်၏။ ၁၁သတ္တာဟမှစ၍ ၄၂သတ္တာဟမြောက်သည်တိုင် အောင် ဆံ မွေးညှင်း...

အာပေါဓာတ်နှင့် အာပေါပထဝီဓာတ်တို၏အာဗန္ဓနသဘော

သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ သွေးပြစ်ခြင်း သလိပ်ပြစ်ခြင်း ချွေးမထွက်ခြင်း အဆီအစေးမထွက်ခြင်း စသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်မှု ထိုင်းမှု ခြောက်မှုသည် အာပေါဓာတ်၏အာဗန္ဓနသဘောမည်၏။ အာပေါဓာတ်ဖွဲ့စည်းမှုလွန်ကဲသောအခါ တေဇော ဝါယော ယုတ်လျှော့ခြင်းကြောင့် သွေးခဲခြင်း သလိပ်ခဲခြင်း ဝမ်းထဲ၌အခဲပေါခြင်း အနာလုံးပေါ်ခြင်း ထုံကျင်ခြင်း အကွက်ပေါခြင်း မုတ်ကြီးခြင်း ဆတ်ဆံကဲ့ သို့တည်ခြင်း စသော အာပေါဓာတ်၁၂ပါးတို့၏ ပထဝီသဘောသို့ရောက် အောင် ကြမ်းတန်းစွာ ဖွဲ့စည်းခြင်းသည် အာပေါဓာတ်နှင့်ပထဝီဓာတ်တို့၏ ရောနှောသော အာပေါပထဝီဓာ၏ အာဗန္ဓနသဘောမည်၏

ဖေါဋ္ဌဗ္ဗာရုံရကောင်းသောဓာတ်

ဓာတ်ကြီး၎ပါးတို့တွင် အာပေါဓာတ်သည် အာဗန္ဓနသတ္တိ ရှိငြားသော်လည်း နူးညံ့သိမ်မွေ့သောသဘောရှိသော ကြောင့် တွေ့ထိ၍မရကောင်းသော ဓာတ်မည်၏။ ထို့ကြောင့် ၎င်းအာပေါဓာတ် လွန်ကဲသော ပုဂ္ဂိုလ်မှာ ဓာတ်သဘောသို့လိုက်၍ ထုန်ခြင်း ကျဉ်ခြင်း ကွက်ခြင်း စသော တွေ့ထိ၍ မနာမကျင်သော ဝေဒနာတို့သည် ဖြစ်ပေါ်တတ်ကုန်၏။                ကြွင်းသောဓာတ်၃ပါးသည် အာပေါဓာတ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိဘဲ အာပေါဓာတ်ထက် ကြမ်းတန်းသောသဘောရှိသောကြောင့် တွေ့ထိ၍ရကောင်းသောဓာတ်မည်၏။ထိုကြောင့် ၎င်းဓာတ်၃ပါးကို ဖောဋ္ဌဗ္ဗာရုံအဖြစ်ဖြင့် ဟောတော်မူ၏။ **အာပေါဓာတုယာ သုခုမဘာဝေန ဖုသိတုံ အသက္ကုဏေ ယျတ္တာ ဝုတ္တံ "အာပေါဓာတုဝိဝဇ္ဇိတံ ဘူတတ္တယသင်္ခါတ"န္တိ။ (ဋီကာကျော်)

ဓာတ်လွန် ဓာတ်ယုတ် ဓာငုပ်

ဓာတ်သည် လွန်ဓာတ် ယုတ်ဓာတ် ငုပ်ဓာတ်ဟူ၍၃ပါး၏။ ထိုတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည် အသေဓာတ် ဖြစ်သောကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ မထင်ရှား။ တေဇောဓာတ်နှင့်ဝါယောဓာတ်သည် အရှင်ဓာတ်ဖြစ်သော ကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ ထင်ရှား၏။ ထို့ကြောင့်  ဤအရာ၌ တေဇောဓာတ်နှင့်ဝါယောဓာတ်ကို သာ ပြအံ့။                  ဗဟိဒ္ဓသန္တာန်၌ သီတဥတုနှင့်တွေ့ကြုံ၍ ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ ပတ်ဖွဲ့သဖြင့် တေဇောနှင်ဝါယောဓာတ် ပွာများလွန်ကဲခြင်းသည် ဓာတ်လွန်သည်မည်၏။                   သန္တာန်၂ပါး၌ ဥတုဇသီတပထဝီသီတအာပေါ အာဟာရဇသီတပထဝီ သီတအာပေါဓာတ် လွန်ကဲခြင်း ကြောင့် တေဇောဓာတ်နှင့်ဝါယောဓာတ် အားနည်းခြင်း သည် ဓာတ်ယုတ်သည်မည်၏။                  အဇ္ဈတ္တသန္တာန်၌ တေဇောဓာတ်နှင့်ဝါယောဓာတ်၂ပါးသည် ဗဟိဒ္ဓသန္တာန် ဥဏှဥတုနှုင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇ အာဟာရဇသီတပထဝီ သီတအာပေါ သီတဝါယောဓာတ် တို့နှင့် ကြုံကြိုက်သောအခါ အေးဖွဲ့သော ပထဝီ အာပေါ ပဋိပက္ခဓာတ်ကိုကြောက်...

ဓာတ်ကြီး၎ပါးတို့၏ကောဋ္ဌာသဓာတ်

Image
ဓာတ်ကြီး၎ပါးသည် ပထဝီဓာတ်၂၀  အာပေါဓာတ်၁၂ တေဇောဓာတ်၎  ဝါယောဓာတ်၆  ပေါင်း၄၂ပါးရှိ၏။ ထိုတွင် ဆံပင် အမွေး ခြေသည်း လက်သည်း သွား  အရေ အသား  အကြော အရိုး ခြင်ဆီ အညှို့ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိန် အစာသစ် အစာဟောင်း ဦးနှောက်   ဤ၂၀သောဓာတ်သည် ပထဝီဓာတ်မည်၏။     သည်းခြေ သလိပ် ပြည်  သွေး ချွေး အဆီခဲ  မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်  ဤ၁၂ပါးသော ဓာတ်သည် အာပေါဓာတ်မည်၏။      ပါစကတေဇော-ချက်သောတေဇော ဒါဟတေဇော-ပူသောတေဇော သန္တပ္ပနတေဇော-ဖျားသောတေဇော ဇိရဏတေဇော-အိုသောတေဇော ဤ၄ပါးသောဓာတ်သည် တေဇောဓာတ်မည်၏။ ထိုတွင် ပါစကတေဇော ဒါဟတေဇော ၂ပါးသည် ပူသော သဘောရှိသောကြောင့် ဥဏှတေဇောမည်၏။ သန္တပ္ပနတေဇော ဇိရဏတေဇော၂ပါးသည် အေးသော သဘောရှိကြောင့် သီတတေဇောမည်၏။   ပါစကတေဇောသည် ရေနေ မိကျောင်း ငါး စသောသတ္တဝါ ကုန်းနေ ဘဲစသော အချို့သော သတ္တဝါ  ဤသတ္တဝါတို့၏ သန္တာန်၌ရှိသော ပါစကသည် သီတပါစကမည်၏။ ကုန်းနေလူသတ္တဝါ အချို့သော တိရစ္ဆာန်သတ္တဝါ  ဤသတ္တဝါတို့၏ သန္တာန်၌ရှိသော ပါစကသည် ဥဏှပါစက မည်၏။ ...

ဓာတ်၂၈ပါးပြားပုံ

Image
ပထဝီစသော ဓာတ်ကြီး၎ပါးတို့သည် အဇ္ဈတ္တသန္တာန်၌ သီတဥဏှ၂ပါးကြောင့် ၇ပါးပြား၏။ ထို၇ပါးသောဓာတ် သည် ၄ပါးသောအကြောင်းကိုစွဲ၍ ၂၈ပါးပြား၏။            *၂၈ပါးကား* ကမ္မဇသီတပထဝီ ကမ္မဇသီတအာပေါ ကမ္မဇသီတတေဇော ကမ္မဇသီတဝါယောဟူ၍၄ပါး စိတ္တဇသီတပထဝီ စိတ္တဇသီတအာပေါ စိတ္တဇသီတတေဇော စိတ္တဇသီတဝါယောဟူ၍၄ပါး ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ ဥတုဇသီတတေဇော ဥတုဇသီတဝါယောဟူ၍၄ပါး အာဟာရဇသီတပထဝီ အာဟာရဇသီတအာပေါ အာဟာရဇသီတတေဇော အာဟာရဇသီတဝါယောဟူ ၍၄ပါး ပေါင်း သီတအကြောင်းကြောင့်၁၆ပါး။ ကမ္မဇဥဏှပထဝီ ကမ္မဇဥဏှတေဇော ကမ္မဇဥဏှဝါယောဟူ၍၃ပါး စိတ္တဇဥဏှပထဝီ စိတ္တဇဥဏှတေဇော စိတ္တဇဥဏှဝါယောဟူ၍၃ပါး ဥတုဇဥဏှပထဝီ ဥတုဇဥဏှတေဇော ဥတုဇဥဏှဝါယောဟူ၍၃ပါး အာဟာရဇဥဏှပထဝီ အာဟာရဇဥဏှတေဇော အာဟာရဇဥဏှဝါယောဟူ၍၃ပါး ပေါင်းဥဏှအကြောင်းကြောင့်၁၂ပါး ပေါင်း၂၈ပါးဖြစ်၏။ သီတကြောင့်ဖြစ်သောဓာတ်၁၆ပါးသည် ဂရုဓာတ်မည်၏။ ဥဏှကြောင့်ဖြစ်သောဓာတ်၁၂ပါးသည် လဟုဓာတ်မည်၏။ ***ကေန ရုပ္ပတိ။ သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ။ ရူပံ-စတုသမုဋ္ဌာနိကရုပ်သည်။ ကေန-အဘယ်အကြောင်း ကြောင့်။ရုပ္ပတိ-ဖေါက်ပြန်သနည်း။ ရူပံ-စတုသမုဋ္ဌာနိက ရုပ်သည်။သီတေနာပိ-အအေးသီတကြောင့်လည်း။ ရုပ္ပတိ-ဖေါက်ပြန...

ဂရုဓာတ် လဟုဓာတ်ခွဲပုံ

ဓာတ်၁၆ပါးတွင် ကမ္မဇပထဝီ ကမ္မဇအာပေါ ၂ပါး စိတ္တဇပထဝီ စိတ္တဇအာပေါ၂ပါး ဥတုဇပထဝီ ဥတုဇအာပေါ၂ပါး အာဟာရဇပထဝီ အာဟာရဇအာပေါ၂ပါး ပေါင်း၈ပါးသည် လေးသောသဘောရှိသောကြောင့် ဂရုဓာတ်မည်၏။ ကမ္မဇတေဇော ကမ္မဇဝါယော၂ပါး စိတ္တဇတေဇော စိတ္တဇဝါယော၂ပါး ဥတုဇတေဇော ဥတုဇဝါယော၂ပါး အာဟာရဇတေဇော အာဟာရဇဝါယော၂ပါး ပေါင်း၈ပါးသောဓာတ်သည် ပေါ့သောသဘောရှိသော ကြောင့် လဟုဓာတ်မည်၏။ အဇ္ဈတ္တသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါယော၎ပါး ဗဟိဒ္ဓသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါယော ၄ပါး ပေါင်း၈ပါးသည် လေးသောသဘောရှိသောကြောင့် ဂရုဓာတ်မည်၏။ အဇ္ဈတ္တသန္တာန်၌ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယော ၃ပါး ဗဟိဒ္ဓသန္တာန်၌ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယော ၃ပါး ပေါင်း၆ပါးသည် ပေါ့သောသဘောရှိသောကြောင့် လဟုဓာတ်မည်၏။

သန္တာန်၂ပါးကိုစွဲ၍ ဓာတ်၁၄ပါး

ဓာတ်တို့သည် သာမညအားဖြင့်၎ပါးရှိသော်လည်း သီတဥဏှ၂ပါးကြောင့် ၇ပါးပြား၏။ ထို၇ပါးသည် သန္တာန် ၂ပါးကိုစွဲ၍ ၁၄ပါးပြား၏။                  ၁၄ပါးဟူသော်ကား အဇ္ဈတ္တသန္တာန်၌ သီတပထဝီ သီတအပေါ သီတတေဇော သီတဝါယော ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယောဟူ၍ ၇ပါး                    ဗဟိဒ္ဓသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယောဟူ၍ ၇ပါး  ပေါင်း၁၄ပါး

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်၂ပါး

သန္တာန်သည် အတွင်းအဇ္ဈတ္တသန္တာန် အပဗဟိဒ္ဓသန္တာန် ဟူ၍၂ပါးရှိ၏။ ထိုတွင် အသက်ရှိသောသတ္တဝါတို့၏ သန္တာန်၌ အကျုံးဝင်၍ မိမိကိုယ်ကို စွဲ၍ဖြစ်သော သန္တာန်သည် အဇ္ဈတ္တသန္တာန်မည်၏။  အသက်မရှိသော တောတောင်အစရှိသော သန္တာန်၌အကျုံးဝင်သော ဣနြေ္ဒ နှင့်မစပ်သော သန္တာန်သည် ဗဟိဒ္ဓသန္တာန်မည်၏။  ***အဇ္ဈတ္တန္တိ နိယကဇ္ဈတ္တံ။ ဗဟိဒ္ဓါတိ ဗာဟိရံ။ (အဋ္ဌသာလိနီ ၃၇၄)

အကြောင်း၎ပါးစွဲ၍ ဓာတ်၁၆ပါးပြားပုံ

Image
မဟာဘုတ်၎ပါးတို့သည် ၄ပါးသောအကြောင်းတို့ကြောင့် ဖြစ်သောကြောင့် စတုသမုဋ္ဌာနိကရုပ်တို့မည်၏။        ထိုစတုသမုဋ္ဌာနိကရုပ်တို့သည် အကြောင်း၎ပါးကိုစွဲ၍ ၁၆ပါးပြားကုန်၏။       **ကံအကြောင်းကိုစွဲ၍ ကမ္မဇပထဝီ ကမ္မဇအာပေါ ကမ္မဇတေဇော ကမ္မဇဝါယောဟူ ၍၄ပါး   **စိတ်အကြောင်းကိုစွဲ၍ စိတ္တဇပထဝီ စိတ္တဇအာပေါ စိတ္တဇတေဇော စိတ္တဇဝါယောဟူ ၍၄ပါး    **ဥတုအကြောင်းကိုစွဲ၍ ဥတုဇပထဝီ ဥတုဇအာပေါ ဥတုဇတေဇော ဥတုဇဝါယောဟူ ၍၄ပါး       **အာဟာရအကြောင်းကိုစွဲ၍ အာဟာရဇပထဝီ အာဟာရဇအာပေါ အာဟာရဇတေဇော အာဟာရဇဝါယောဟူ၍၄ပါး  ပေါင်း၁၆ပါး။   ***ဤဓာတ်၎ပါးပြားပုံကို နည်းမှီ၍   အာကာသဓာတ်ကို လည်း ကမ္မဇာကာသ စိတ္တဇာကာသ ဥတုဇာကာသ အာဟာရဇာကာသဟူ၍၄ပါးယူလေ။ ***အဝိနိဗ္ဘောဂရူပါနိ စေဝ အာကာသဓာတု စ စတူဟိ သမ္ဘ္ဘူတာနိ။(သင်္ဂဟ)

ရုပ်ကိုဖြစ်စေတတ်သောအကြောင်း၎ပါး

Image
ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားတို့သည် ကံ စိတ် ဥတု အဟာရဟူ၍၄ပါးရှိကုန်၏။                  (ကံ အရ) ထို၎ပါးတို့တွင် ကာမကုသိုလ်အကုသိုလ်စိတ်၂၀၌ယှဉ်သော စေတနာ၂၀ ရူပကုသိုလ်၅ပါး၌ယှဉ်သောစေတနာ၅ပါး ပေါင်းဤကုသိုလ် အကုသိုလ်စေတနာ၂၅ပါးသည် ရုပ်ကို ဖြစ်စေတတ်သော ကံမည်၏။    ထိုကံသည် ဂရုကံ လဟုကံဟူ၍ ၂ပါးအပြားရှိ၏။ ထိုတွင် ဤဆေးပေးသောအရာ၌ လေးသော ကောင်းကျိုး မကောင်းကျိုးကိုဖြစ်စေတတ်သောကံသည် ဂရုကံမည်၏။ ပေါ့သော ကောင်းကျိုးမကောင်းကျိုးကို ဖြစ်စေတတ်သော ကံသည် လဟုကံမည်၏။                              (စိတ်အရ) စိတ်၈၉ပါးတွင် အရူပဝိပါက်စိတ်၎ခု ဒွိပဉ္စဝိညာဏ်၁၀ ရဟန္တာတို့၏စုတိစိတ်ကြဉ်သော ၇၅ပါးသောစိတ်သည် ရုပ်ကိုဖြစ်စေတတ်သောစိတ်မည်၏။                 ထိုစိတ်သည်လည်း အကျဉ်းအားဖြင့် ဂရုစိတ် လဟုစိတ်ဟူ၍၂ပါးအပြားရှိ၏။ ထိုတွင် သဒ္ဓါ ဝီရိယ လဟုတာ မုဒုတာ ကမ္မညတာ လောဘ ဒေါသ မာန ပီတိ သောမနဿဝေဒနာ စသောစေတသိက်တို့နှင့်ယှဉ်သော...

ဓာတ်၇ပါး၌အကြောင်းဓာတ်၂ပါး အကျိုးဓာတ်၅ပါးပြားပုံ

ဓာတ်၇ပါးတို့တွင် သီတတေဇောဓာတ် ဥဏှတေဇောဓာတ် ၂ပါးသည် ကြွင်းသောဓာတ်၅ပါးကိုဖြစ်စေတတ်သောကြောင့် အကြောင်းဓာတ်မည်၏။ ကြွင်းသောဓာတ်၅ပါးသည် တေဇောဓာတ်၂ပါး ပြုပြင်စီရင်သမျှ ဖြစ်ပေါ်ရသောကြောင့် အကျိုးဓာတ်မည်၏။ ထို့ကြောင့် ကမ္မပစ္စယဥတုဇ စိတ္တပစ္စယဥတုဇ ဥတုပစ္စယဥတုဇ အာဟာရပစ္စယဥတုဇ ရုပ်ကလာပ်တို့ သည် ဖြစ်ပေါ်လာရကုန်၏။  ဤနေရာ၌ ဥတုဟူသော ပုဒ်အရ သီတတေဇော ဥဏှတေဇော၂ပါးကို ယူအပ်၏။

ဓာတ်၎ပါးတို့၏ ဓာတ်၇ပါးပြားပုံ

ဓာတ်၎ပါးတို့တွင် ပထဝီဓာတ်သည် သီတဥဏှ၂ပါးကြောင့် ခက်မာကြမ်းတန်းလေးလံခြင်းဂရုသဘောရှိသော ကက္ခဠ ဖရုသ ဂရုက သီတပထဝီ   သိမ်မွေ့နူးညံ့ ပေါ့ပါးခြင်း သဘောရှိသော မုဒုက သဏှ လဟုက ဥဏှပထဝီဟူ၍ ၂ပါးအပြားရှိ၏။ **ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကန္တိပဒေဟိ ပထဝီဓာတုဧဝ ဘာဇိတာ။ (အဋ္ဌသာလိနီ ၃၆၈) အနက်*စ-ဆက်ဦးအံ့။ဧတ္ထ-ဤကက္ခဠံ အစရှိသောပုဒ်တို့ တွင်။ကက္ခဠံ-ကက္ခဠပုဒ်၎င်း။ မုဒုကံ-မုဒုကပုဒ်၎င်း။ သဏှံ- သဏှပုဒ်၎င်း။ ဖရုသံ-ဖရုသပုဒ်၎င်း။ဂရုကံ-ဂရုကပုဒ်၎င်း။ လဟုကံ-လဟုကပုဒ်၎င်း။ဣတိ ဣမေဟိ ပဒေဟိ-ဤပုဒ် တို့ဖြင့်။ ပထဝီဓာတုဧဝ-ပထဝီဓာတ်ကိုသာ။ ဘာဇိတာ-ဝေဖန်တော်မူအပ်ပြီ။ ****                           ****                               **** အာပေါဓာတ်သည်လည်း သီတကြောင့် ဖွဲ့စည်းခြင်း လက္ခဏာရှိသော သီတအာပေါ  ယိုစီးခြင်းပဂ္ဃရဏလက္ခ ဏာရှိသော သီတအာပေါဟူ၍၂ပါးအပြားရှိ၏။ **သာ ပဂ္ဃရဏလက္ခဏာ။ အာဗန္ဓနလက္ခဏာ ဝါ။ (လက္ခဏပကာသနီ ဋီကာ) အနက်။ သာ-ထိုအာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ- ယိုစီးခြင်းလက္ခဏာရှိ၏။ ဝါ-တစ်နည်း။ အာဗန...

ဓာတ်၅ပါးတို့၏ သဘာဝလက္ခဏာနှင့်သာမညလက္ခဏာ

ကြမ်းတန်းခြင်း ကက္ခဠလက္ခဏာ  နူးညံ့ခြင်းမုဒုကလက္ခဏာသည် ပထဝီဓာတ်၏သဘာဝ လက္ခဏာမည်၏။ ဖွဲ့စည်းခြင်းအာဗန္ဓနလက္ခဏာ  ယိုစီးခြင်းပဂ္ဃရဏလက္ခဏာ သည် အာပေါဓာတ်၏ သဘာဝလက္ခဏာမည်၏။ အေးမြခြင်းသီတလက္ခဏာ ပူလောင်ခြင်းဥဏှလက္ခဏာ သည် တောဇောဓာတ်၏ သဘာဝလက္ခဏာမည်၏။ ဖေါင်းပွထောက်ကန်ခြင်းဝိတ္ထမ္ဘိတလက္ခဏာ လှုပ်ရှားခြင်း သမီရဏလက္ခဏာသည် ဝါယောဓာတ်၏သဘာဝလက္ခဏာမည်၏။ ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရား ၄ပါးတို့၏ ပြုပြင်စီရင်ခြင်းကြောင့် ကက္ခဠလက္ခဏာမှ ဖေါက်ပြန်၍ မုဒုကလက္ခဏာဖြစ်ခြင်းသည်၎င်း မုဒုကလက္ခဏာမှဖေါက်ပြန်၍ ကက္ခဠလက္ခဏာဖြစ်ပေါ် ခြင်းသည်၎င်း ပထဝီဓာတ်၏သင်္ခတလက္ခဏာမည်၏။ အာဗန္ဓနလက္ခဏာမှ ဖေါက်ပြန်၍ ပဂ္ဃရဏလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း ပဂ္ဃရဏလက္ခဏာမှဖေါက်ပြန်၍ အာဗန္ဓနလက္ခဏာဖြစ် ပေါ်ခြင်းသည်၎င်း အာပေါဓာတ်၏သင်္ခတလက္ခဏာ မည်၏။ သီတလက္ခဏာမှဖေါက်ပြန်၍ ဥဏှလက္ခဏာဖြစ်ပေါ် ခြင်းသည်၎င်း ဥဏှလက္ခဏာမှဖေါက်ပြန်၍ သီတလက္ခဏာဖြစ်ပေါ်ခြင်း သည်၎င်း တေဇောဓာတ်၏သင်္ခတလက္ခဏာမည်၏။ ဝိတ္ထမ္ဘိတလက္ခဏာမှဖေါက်ပြန်၍ သမီရဏလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း သမီရဏလက္ခဏာမှဖေါက်ပြန်၍ဝိတ္ထမ္ဘိတလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း ဝါယောဓာတ်၏သင်္ခတလက္ခဏာ မည်၏။ ထိုသင်္ခတလက္ခဏာဖြစ်ပေါ်မှုကြောင့် ဥပါဒ် ဌီ ဘင်အစဉ်...

အာကာသဓာတ်၏ မိဿကနှင့်ပဋိပက္ခ

တေဇောဓာတ်နှင့်ဝါယောဓာတ် ၂ပါးသည် အာကာသဓာတ် ၏ ပွင့်လင်းကြည်လင်ရာ အကြောင်းသဘောရှိသောကြောင့် အာကာသဓာတ်၏ မိဿကမည်၏။ ပထဝီဓာတ်နှင့်အာပေါဓာတ်၂ပါးသည် အာကာသဓာတ်၏ မပွင့်မလင်း ပိတ်ဆို့ခြင်း အကြောင်း သဘောရှိသောကြောင့် အာကာသဓာတ်၏ ပဋိပက္ခဓာတ် မည်၏။ ထို့ကြောင့် သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်မှာ အာပေါ ပထဝီ အစာများကို များစွာစားမိသောအခါ၌၎င်း သီတဥတုနှင့်များ စွာ တွေ့ဆုံမိသောအခါ၌၎င်း ရင်ခံခြင်း ရင်လေးခြင်းဖြင့် လည်ချောင်းပေါက်အာကာသပိတ်ဆို့မှု ဓာတ်လေချုပ်ခြင်း ဖြင့် ဝစ္စမဂ်ပေါက်အာကာသပိတ်ဆို့မှု ဆီးချုပ်ခြင်းဖြင့် ပဿာဝမဂ်ပေါက်အာကာသပိတ်ဆို့မှု ဤ၃ပါးသော ပိတ် ဆို့မှုသည် မူလအာကာသပိတ်ဆို့မှုမည်၏။ ဤမူလအာကာသပိတ်ဆို့မှုကြောင့် ချွေးမထွက်ခြင်း အစေးမထွက်ခြင်း အဆီမထွက်ခြင်းဟုဆိုအပ်သော အရိုး ကြား အကြောကြား အသားကြား အရေကြား အာကာသ ပိတ်ဆို့မှု ဖြစ်ပေါ်ရပြန်၏။ ဤပိတ်ဆို့မှုသည် အာကာသငယ် ပိတ်ဆို့မှုမည်၏။ ဤသို့ မူလအာကာသ အာကာသငယ် ပိတ်ဆို့မှုဖြစ်ရခြင်း သည် မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သော အာပေါ ပထဝီဓာတ် လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟုမှတ်အပ်၏။

ဓာတ်လေးပါးကို မိဿက စသည်ခွဲပုံ

ဓာတ်လေးပါးတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည် ရောရှက်ခြင်း သင့်တင့်ခြင်းသဘောရှိသောကြောင့် မိဿကဓာတ်မည်၏။ လေးသောဂရုသဘောခြင်းတူ မျှသောကြောင့် သဘာဂဓာတ်မည်၏။ လေးသောသဘော ရှိသောကြောင့် ဂရုဓာတ်မည်၏။ အမြဲနေသောအိမ်ရှင်နှင့် တူသောကြောင့် အာဝါသိကဓာမည်၏။ မရွေ့မရှား သေသောသူနှင့်တူသောကြောင့် အသေဓာတ်မည်၏။ တေဇောဓာတ်နှင့်ဝါယောဓာတ်သည် ရောရှက်ခြင်း သင့်တင့်ခြင်းသဘောရှိသောကြောင့် မိဿကဓာတ်မည်၏။ ပေါ့သောလဟုသဘောခြင်းတူမျှသောကြောင့် သဘာဂဓာတ်မည်၏။ ပေါ့သောသဘောရှိသောကြောင့် လဟုဓာတ်မည်၏။ အခိုက်အတန့်နေသောဧည့်သည် နှင့်တူသောကြောင့် အာဂန္တုကဓာတ်မည်၏။ ရွေ့ရှားခြင်းသဘောရှိ၍ အသက်ရှင်သောသူနှင့်တူသော ကြောင့် အရှင်ဓာတ်မည်၏။ *ထိုကြောင့် မီးနှင့်ကားလေ ရေနှင့်မြေ မိတ်ဆွေတော်ကြ သဟာယ ဟုဆိုရိုးပြုကြကုန်၏။ ပထဝီဓာနှင့်ဝါယောဓာတ် အာပေါဓာတ်နှင့်တေဇောဓာတ် သည် မရောမရှက် မသင့်တင့်သော သဘောရှိသောကြောင့် ပဋိပက္ခဓာတ်မည်၏။ သဘောခြင်း မတူသောကြောင့် ဝိသဘာဂဓာတ်မည်၏။ *ထို့ကြောင့် မီးနှင့်ကားရေ လေနှင့်မြေ မိတ်ဆွေမစပ် ပဋိဃတ် ဟုဆိုရိုးပြုကြကုန်၏။

အာကာသဓာတ်

အာကာသဓာတ်သည် ရုပ်ကလာပ်တို့ကို မရောမရှက်ရ အောင် ပိုင်းခြားခြင်းလက္ခဏာ  ရုပ်ကလာပ်တို့၏ အစွန်အ ဖျားကို ထင်စွာပြခြင်းကိစ္စ  အပိုင်းအခြားအရေးအသားလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်  ပိုင်းခြားအပ်သောရုပ်လျှင် နီးစွာသောအကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု။ ရူပပရိယန္တပကာသနရသာ။ ရူပမရိယာဒပစ္စုပဋ္ဌာနာ။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။(အဋ္ဌသာလိနီအဋ္ဌကထာ ၃၆၈) အနက်*အာကာသဓာတု-အာကာသဓာတ်သည်။ ရူပပရိစ္ဆေဒလက္ခဏာ- ရုပ်ကလာပ်တို့ကိုမရောမရှက်ရ အောင် ပိုင်းခြားခြင်းလက္ခဏာရှိ၏။ ရူပပရိယန္တပကာသန ရသာ-ရုပ်ကလာပ်တို့၏ အစွန်အဖျားကို ထင်စွာပြခြင်း ကိစ္စရှိ၏။ ရူပမရိယာဒပစ္စုပဋ္ဌာနာ- ရုပ်ကလာပ်တို့၏အပိုင်း အခြားအရေးအသားလျှင်ရှေးရှုထင်ခြင်းရှိ၏။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ-ပိုင်းခြားအပ်သောရုပ်ကလာပ်လျှင် နီးစွာသောအကြောင်းရင်းရှိ၏။

ဝါယောဓာတ်

ဝါယောဓာတ်သည် ထောက်ကန်ဖေါင်းပွလှုပ်ရှားခြင်းလက္ခဏာ  ရွေ့ရှားမြွက်ဆိုခြင်းကိစ္စ  ရှေးရှုဆောင်ခြင်းလျှင်ရှေးရှုထင် ခြင်းပစ္စုပဋ္ဌာန်  ကြွင်းသောဓာတ်၃ပါးလျှင်နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ *ဝါယောဓာတု ဝိတ္ထမ္ဘိတလက္ခဏာ။ သမုဒီရဏရသာ။ အဘိနီဟာရပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။(အဋ္ဌသာလိနီအဋ္ဌကထာ ၃၆၈) အနက်*ဝါယောဓာတု-ဝါယောဓာတ်သည်။ ဝိတ္ထမ္ဘိတလက္ခဏာ-ထောက်ကန်ဖေါင်းပွလှုပ်ရှားခြင်း လက္ခဏာရှိ၏။ သမုဒီရဏရသာ-ရွေ့ရှားမြွက်ဆိုခြင်းကိစ္စ ရှိ၏။ အဘိနီဟာရပစ္စုပဋ္ဌာနာ-ရှေးရှုဆောင်ခြင်းလျှင် ရှေးရှုထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ-ကြွင်းသော ဓာတ်သုံးပါးလျှင်နီးစွာသောအကြောင်းရင်းရှိ၏။

တေဇောဓာတ်

တေဇောဓာတ်သည် ပူလောင်ခြင်းလက္ခဏာ  ရင့်ကျက်ခြင်းကိစ္စ  နူးညံ့ခြင်းကိုဖြစ်စေခြင်းလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်  ကြွင်းသောဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **တေဇောဓာတု ဥဏှတ္တလက္ခဏာ။ ပရိပါစနရသာ။ မဒ္ဒဝါနုပ္ပါဒနပစ္စုပဋ္ဌာနာ။သေသတ္တယပဒဋ္ဌာနာ။ (အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) အနက်*တေဇောဓာတု-တေဇောဓာတ်သည်။ဥဏှတ္တလက္ခဏာ-ပူလောင်ခြင်းလက္ခဏာရှိ၏။ ပရိပါစနရသာ-ရင့်ကျက်ခြင်းကျေခြင်းကိစ္စရှိ၏။ မဒ္ဒဝါနုပ္ပါဒနပစ္စုပဋ္ဌာနာ-နူးညံ့ခြင်းကိုဖြစ်စေခြင်းလျှင်ရှေးရှု ထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ- ကြွင်းသောဓာတ်၃ပါး လျှင်နီးစွာသောအကြောင်းရင်းရှိ၏။

အာပေါဓာတ်

အာပေါဓာတ်သည် ယိုစီးခြင်းလက္ခဏာ တစ်နည်း ဖွဲ့စည်းခြင်းလက္ခဏာ  ပွားစီးခြင်းကိစ္စ  ပေါင်းစုခြင်းလျှင်ရှေးရှုထင်ခြင်း ပစ္ဇုပဋ္ဌာန်  ကြွင်းသော ဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ **အာပေါဓာတု ပဂ္ဃရဏလက္ခဏာ။ ဗြူဟနရသာ။ သင်္ဂဟပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။ (အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) အနက်*အာပေါဓာတု-အာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ-ယိုစီးခြင်းလက္ခဏာရှိ၏။ ဗြူဟနရသာ-ပွားစီးခြင်းကိစ္စရှိ၏။ သင်္ဂဟပစ္စုပဋ္ဌာနာ-ပေါင်းစု၍ ယူခြင်းလျှင် ရှေးရှုထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ-ကြွင်း သောဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်းရှိ၏။ အာပေါဓာတ်သည် ယိုစီးခြင်းပဂ္ဃရဏ သဘောသာရှိသည် မဟုတ်သေး ဖွဲ့စည်းခြင်း အာဗန္ဓန သဘောလည်းရှိသေး၏။ ထိုအာဗန္ဓနသဘောကို ရည်၍ သမ္မော အဋ္ဌကထာ၌ အာပေါဓာတူတိ အာဗန္ဓနဓာတု ဟုမိန့်တော်မူ၏။ အာပေါဓာတူတိ-အာပေါဓာတ်ဟူသည်ကား။ အာဗန္ဓနဓာတု-ဖွဲ့စည်းခြင်းသဘောရှိသောဓာတ်တည်း။

ပထဝီဓာတ်

ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီးလေးပါး တို့တွင် ပထဝီဓာတ်သည် ကြမ်းတန်း ခက်မာ တောင့်တင်း ခြင်းလက္ခဏာ- မရွေ့မရှားတည်တန့်ခြင်းကိစ္စ-  တစ်ပါးသောဓာတ်တို့အား မိမိနှင့်အတူ တပေါင်းတည်းဖြစ် ရန် ခံလင့်ခြင်းအခြင်းအရာလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန် ကြွင်းသောဓာတ်သုံးပါးလျှင် နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ **ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု ။ ပတိဋ္ဌာနရသာ။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။(အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) **အနက်။ ပထဝီဓာတု-ပထဝီဓာတ်သည်။ ကက္ခဠတ္တလက္ခဏာ-ကြမ်းတန်းခက်မာတောင့်တင်းခြင်း လက္ခဏာရှိ၏။ ပတိဋ္ဌာနရသာ-မရွေ့မရှားတည်တံ့ခြင်း ကိစ္စရှိ၏။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ-တစ်ပါးသောဓာတ်တို့အား တပေါင်းတည်းဖြစ်ရန် ခံလင့်သောအခြင်းအရာလျှင်ရှေးရှု ထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ- ကြွင်းသောဓာတ်၃ ပါးလျှင်နီးစွာသောအကြောင်းရင်းရှိ၏။

မဟာဘုတ်

ပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မိမိတို့၏ ကက္ခဠ စသောလက္ခဏာအားဖြင့် ကြီးကျယ်ကုန်သည် ဖြစ်၍ ထင်ရှားဖြစ်ပေါ်ကုန်သောကြောင့် သမုဒ္ဒရာ စကြဝဠာ တောတောင်ရေမြေ ငါးကြီး အသူရိန်နတ် ဗြဟ္မာကြီးစသော သက်ရှိသက်မဲ့ အဆောက်အဦတို့သည် ကြီးကျယ်စွာ ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအဆောက်အဦတို့၏ ကြီးကျယ် မှု ထင်းရှားမှုတို့သည် ပထဝီစသော ဓာတ်ကြီးလေးပါးတို့ ၏ ကြီးကျယ်ခြင်း ထင်ရှားခြင်းကြောင့် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မဟာဘုတ်မည်ကုန်၏။(ဝါ)မဟာဘုတ်ဟု ခေါ်ဆိုအပ်ကုန် ၏။ *သလက္ခဏတော သသမ္ဘ္ဘ္ဘာရတော စ မဟန္တာနိ ဟုတွာ ဘဝန္တိ ပါတုဘဝန္တီတိ မဟာဘူတာနိ။(ပရမတ္ထဒီပနီ) အနက်*သလက္ခဏတော စ=မိမိတို့၏ သဘောလက္ခဏာ အားဖြင့်၎င်း။ သသမ္ဘာရတော စ=မိမိတို့၏ အဆောက်အဦ အားဖြင့်၎င်း။ မဟန္တာနိ-ကြီကျယ်ကုန်သည်။ ဟုတွာ-ဖြစ်၍။ ဘဝန္တိ ပါတုဘဝန္တိ-ထင်ရှားဖြစ်ပေါ်တတ်ကုန်၏။ ဣတိတသ္မာ-ထို့ကြောင့်။မဟာဘူတာနိ-မဟာဘုတ်တို့ မည်၏။

အရိယသစ္စာအစွမ်း

Image
ယတော စ အရိယသစ္စာနိ။သမ္မပ္ပညာယ ပဿတိ။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ။ဒုက္ခဿ စ အတိက္ကမံ။ အရိယဉ္စဋ္ဌင်္ဂိကံ မဂ္ဂံ။ဒုက္ခူပသမဂါမိနံ။ သ သတ္တက္ခတ္တုံပရမံ။သန္ဓာဝိတွာန ပုဂ္ဂလော။ ဒုက္ခဿန္တကရော ဟောတိ။သဗ္ဗသံယောဇနက္ခယာ။ ယတော-အကြင်အခါ၌။ဒုက္ခံ-ဒုက္ခသစ္စာကို၎င်း။ဒုက္ခသမုပ္ပါဒံ-ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို၎င်း။ဒုက္ခဿ-ဒုက္ခကို။အတိက္ကမံ စ-လွန်မြောက်ကြောင်း နိရောဓသစ္စာကို၎င်း။ဒုက္ခူပသမဂါမိနံ-ဒုက္ခငြိမ်းရာသို့ရောက်ကြောင်းဖြစ်သော။အရိယံ-သိသင့် သိထိုက်သော။အဋ္ဌင်္ဂိကံ-အင်္ဂါရှစ်ပါးရှိသော။မဂ္ဂဉ္စ-မဂ္ဂသစ္စာ ကို၎င်း။အရိယသစ္စာနိ-သိသင့်သိထိုက်သောအမှန်တရားတို့ကို။သမ္မပ္ပညာယ- မှန်ကန်သောဝိပဿနာပညာ မဂ်ပညာဖြင့်။ပဿတိ-သိမြင် ၏။ (တတော-ထိုအခါ၌။)သ-သော-ပုဂ္ဂလော-ထိုပုဂ္ဂိုလ်သည်။ သတ္တက္ခတ္တုံပရမံ-အလွန်ဆုံးခုနစ်ကြိမ်။သန္ဓာဝိတွာန-ဘဝစ သည်တို့၌ ထပ်တလဲလဲ ပြေးသွား၍။သဗ္ဗသံယောဇနက္ခယာ-အလုံးစုံသောသံယောဇဉ်တို့၏ကုန်ရာ အရဟတ္တဖိုလ်ဖြင့်။ ဒုက္ခဿ-ဒုက္ခ၏။အန္တကရော-အဆုံးကိုပြုသည်။ဟောတိ-ဖြစ်၏ ဒုက္ခသစ္စာဟူသည် လောကီစိတ်၈၁ပါး လောဘကြဉ်စေတသိက် ၅၁ပါး ရုပ်၂၈ပါးတည်း။ သမုဒယသစ္စာဟူသည် လောဘစေတသိက် တည်း။မဂ္ဂသစ္စာဟူသည် မဂ်စိတ်၎ခု၌ရိသော သမ္မာဒိဋ္ဌိ  သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယမ သမ္မာသတိ ...

ဥဘယတ္ထ

Image
အပ္ပမာဒံ ပသံသန္တိ။ပုညကိရိယာသု ပဏ္ဍိတာ။ အပ္ပမတ္တော ဥဘော အတ္ထေ။အဓိဂဏှာတိ ပဏ္ဍိတော။ ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော။ယော စတ္ထော သမ္ပရာယိကော။ အတ္ထာဘိသမယာ ဓီရော။``ပဏ္ဍိတော´´တိ ပဝုစ္စတိ။ အနက်။ပုညကိရိယာသု-ကောင်းမှုကိုပြုခြင်းတို့၌။အပ္ပမာဒံ- မမေ့မလျော့ခြင်းကို။ပဏ္ဍိတာ-ပညာရှိတို့သည်။ပသံသန္တိ-ချီးမွမ်းကြကုန်၏။အပ္ပမတ္တော-မမေ့မလျော့သော။ပဏ္ဍိတော-ပညာရှိသည်။ဒိဋ္ဌေ ဓမ္မေ-မျက်ဝါးထင်ထင် တွေ့မြင်အပ်သော ပစ္စုပ္ပန်ဘဝ၌။ယော အတ္ထော စ-အကြင် အကျိုးစီးပွားသည်၎င်း။သမ္ပရာယိကော-တမလွန်၌ဖြစ်သော။ယော အတ္ထော စ-အကြင်အကျိုးစီးပွား သည်၎င်း။အတ္ထိ-ရှိ၏။ဥဘော-နှစ်မျိုးကုန်သော။တေ အတ္ထေ-ထိုအကျိုးစီးပွားတို့ကို။အဓိဂ္ဂဏှာတိ-လွန်လွန်ကဲကဲ ယူနိုင်၏။အတ္ထာဘိသမယာ-နှစ်မျိုးသော အကျိုးစီးပွားကို ရခြင်းကြောင့်။ဓီရော-လုံးလနှင့်ပြည့်စုံသော သူကို။``ပဏ္ဍိတော´´တိ-ပညာရှိဟူ၍။ ပဝုစ္စတိ-ဆိုအပ်၏။ ပမဇ္ဇနံ ပမာဒေါ။ ပပုဗ္ဗ+မဒဓာတ်+ဏပစ္စည်း။ န ပမာဒေါ အပ္ပမာဒေါ။ ပုနာတီတိ ပုညံ။ပုဓာတ်+ဏျပစ္စည်း။ ကရဏံ ကိရိယာ။ကရဓာတ်+ရိရိယပစ္စည်း။ပုညဿ ကိရိယာ  ပုညကိရိယာ။ပဏ္ဍာ သဉ္ဇာတာ အဿာတိ ပဏ္ဍိတော။ပမဇ္ဇတီတိ ပမတ္တော။ပပုဗ္ဗ+မဒဓာတ်+တပစ္စည်း။ န ပမတ္တော အပ္ပမတ္တော။အရန္တိ ပဝတ္တန္တိ အနေနာတိ အတ္ထော။ပဿိတဗ္ဗောတိ ဒိဋ္ဌော။ဒိသဓာတ်+တပစ...

ကျင့်ဆဲရဟန်း

Image
ကလျာဏမိတ္တော ယော ဘိက္ခု။သပ္ပတိေဿာ သဂါရဝေါ။ ကရံ မိတ္တာနံ ဝစနံ။သမ္ပဇာနော ပတိဿတော။ ပါပုဏေ အနုပုဗ္ဗေန။သဗ္ဗသံယောဇနက္ခယံ။ အနက်။ကလျာဏမိတ္တော-ကောင်းသောမိတ်ဆွေရှိသော။ ယော ဘိက္ခု-အကြင်ရဟန်းသည်။သပ္ပတိေဿာ-အဆုံးအမကို နားထောင်ခြင်းရှိ၏။သဂါရဝေါ-ရိုသေခြင်းရှိ၏။မိတ္တာနံ-မိတ်ဆွေတို့၏။ဝစနံ-စကားကို။ကရံ-လိုက်နာ၏။သမ္ပဇာနော-ကောင်းစွာအပြားအားဖြင့်သိ ၏။ပတိဿတော-သတိနှင့်ပြည့်စုံ၏(သော ဘိက္ခု-ထိုရဟန်းသည်။)အနုပုဗ္ဗေန-အစဉ်အားဖြင့်။သဗ္ဗသံယော ဇနက္ခယံ-အလုံးစုံသော သံယောဇဉ်၏ကုန်ခြင်းသို့။ပါပုဏေ-ရောက်ရာ၏။ မိတ်ဆွေကောင်းဟူသည်  ဤနေရာ၌ အကြားအမြင်ဗဟုသုတ ရှိသော အရိယာသာဝကတည်း။

ယောနိသော မနသိကာရ

Image
ယောနိသော မနသိကာရော။ဓမ္မော သေခဿ ဘိက္ခုနော။ နတ္ထညော ဧဝံ ဗဟုကာရော။ဥတ္တမတ္ထဿ ပတ္တိယာ။ ယောနိသော ပဒဟံ ဘိက္ခု။ခယံ ဒုက္ခဿ ပါပုဏေ။ အနက်။ယောနိသော-သင့်သော အကြောင်းအားဖြင့်။ မနသိကာရော-နှလုံးသွင်းခြင်းဟူသော။ဓမ္မော-တရားသည်။သေခဿ-ကျင့်ဆဲဖြစ်သော။ဘိက္ခုနော-ရ ဟန်းအား။ဥတ္တမတ္ထဿ-မြတ်သောအကျိုးဟူသော အရ ဟတ္တဖိုလ်ကို။ပတ္တိယာ-ရခြင်းငှာ။ဗဟုကာရော-ကျေးဇူးများ ၏။ဧဝံ-ဤယောနိသောမနသိကာရလောက်။ဗဟုကာရော-ကျေးဇူးများသော။အညော-အခြားတရားသည်။နတ္ထိ-မရှိ။ ဘိက္ခု-ရဟန်းသည်။ယောနိသော-သင့်သောအကြောင်း အားဖြင့်။ပဒဟံ-အားထုတ်သည်ရှိသော်။ဒုက္ခဿ-ဝဋ်ဒုက္ခ ၏။ခယံ-ကုန်ဆုံးခြင်းဟူသောနိဗ္ဗာန်သို့။ပါပုဏေ-ရောက်နိုင်ရာ၏။ သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းဟူသည် အနိစ္စဖြစ်သော ခန္ဓာ၅ပါး၌ အနိစ္စဟုနှလုံးခြင်း ဒုက္ခဖြစ်သော  ခန္ဓာ၅ပါး၌ ဒုက္ခဟုနှလုံးသွင်းခြင်း အနတ္တဖြစ်သော ခန္ဓာ၅ပါး ၌ အနတ္တဟုနှလုံးသွင်းခြင်း  အသုဘဖြစ်သောခန္ဓာ၅ပါး၌ အသုဘဟုနှလုံးသွင်းခြင်းပင်တည်း။

တဏှာဒုတိယောအဖွင့်

တဏှာဒုတိယောတိ တဏှာသဟာယော။ တဏှာ ဟိ နိရုဒကကန္တာရေ မရီစိကာယ ဥဒကသညာ  ဝိယ ပိပါသာဘိဘူတံ အပ္ပဋိကာရဒုက္ခာဘိဘူတမ္ပိ သတ္တံ အဿာဒသန္ဒဿနဝသေန သဟာယကိစ္စံ ကရောန္တီ ဘဝါဒီသု အနိဗ္ဗိန္ဒံ ကတွာ ပရိဗ္ဘမာပေတိ တသ္မာ တဏှာ ပုရိသဿ ``ဒုတိယာ´´တိ ဝုတ္တာ။ အနက်။တဏှာဒုတိယောတိ-တဏှာဒုတိယောဟူသည်ကား။တဏှာသဟာယော-တဏှာအပေါင်းအဖေါ်ရှိသော။ ဟိ-မှန်၏။(တစ်နည်း)ဟိ- ယသ္မာ-အကြင်ကြောင့်။နိရုဒကကန္တာရေ-ရေမရှိသောခရီးခဲ၌။မရီစိကာယ-တံလျှပ်၌။ဥဒကသညာ-ရေဟူသောအမှတ်သည်။ပိပါသာဘိဘူတံ-ရေငတ်ခြင်းသည်နှိပ်စက်အပ်သော။သတ္တံ-သတ္တဝါကို။အဿာဒသန္ဒဿနဝသေန-သာယာဖွယ်ကိုပြသည်၏အစွမ်းဖြင့်။သဟာယကိစ္စံ-အဖေါ်ကိစ္စကို။ကရောန္တီ ဝိယ-ပြုသကဲသို့။တဏှာ-တဏှာသည်။အပ္ပဋိကာရဒုက္ခာဘိဘူတံ-ကုစားမရသော ဆင်းရဲသည် နှိပ်စက်အပ်သော ။သတ္တမ္ပိ-သတ္တဝါကိုလည်း။ အဿာဒသန္ဒဿနဝသေန-သာယာဖွယ်ကိုပြသည်၏ အစွမ်းဖြင့်။သဟာယကိစ္စံ-အဖေါ်ကိစ္စကို။ကရောန္တီ-ပြုလျှက်။ဘဝါဒီသု-ဘဝစသည်တို့၌။အနိဗ္ဗိန္ဒံ-မငြီးငွေ့မှုကို။ ကတွာ-ပြု၍။ပရိဗ္ဘမာပေတိ-ကျင်လည်စေ၏။တသ္မာ-ထို့ကြောင့်။တဏှာ-တဏှာကို။ပုရိသဿ-သတ္တဝါ၏။ ဒုတိယာတိ-အဖေါ်ဟူ၍။ဝုတ္တာ-ဟောတော်မူအပ်ပြီ။

တဏှာအဖေါ်

Image
တဏှာဒုတိယော ပုရိသော။ဒီဃမဒ္ဓါန သံသရံ။ ဣတ္ထဘာဝညထာဘာဝံ။သံသာရံ နာတိဝတ္တတိ။ ဧတမာဒီနဝံ ဉတွာ။တဏှံ ဒုက္ခဿ သမ္ဘဝံ။ ဝီတတဏှော အနာဒါနော။သတော ဘိက္ခု ပရိဗ္ဗဇေ။ အနက်။တဏှာဒုတိယော-တဏှာတည်းဟူသော အဖေါ် ရှိသော။ပုရိသော-သတ္တဝါသည်။ဒီဃမဒ္ဓါနံ-ရှည်မြင့်စွာသော ကာလပတ်လုံး။သံသရံ-ကျင်လည်ရသည်။ဟုတွာ-ဖြစ်၍။ ဣတ္ထဘာဝညထာဘာဝံ-ဤလူ့အဖြစ် အခြားသတ္တဝါတိ့၏ အဖြစ်ရှိသော။သံသာရံ-ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ် ဖြစ်ရာ သံသရာကို။နာတိဝတ္တတိ-မလွန်မြောက်နိုင်။ ဒုက္ခဿ-အလုံးစုံသော ဝဋ်ဆင်းရဲ၏။သမ္ဘဝံ-ဖြစ်ကြောင်း ဖြစ်သော။ဧတံ တဏှံ-ဤတဏှာကို။အာဒီနဝံ-အပြစ်အနေဖြင့်။ဉတွာ-သိ၍။ဘိက္ခု-ရဟန်းသည်။ဝီတတဏှော-ကင်းသောတဏှာရှိသည်။အနာဒါနော-စွဲလန်းမှု ဥပါဒါန်မရှိသည်။သတော-သတိရှိသည်။ဟုတွာ-ဖြစ်၍။ပရိဗ္ဗဇေ-ကျင့်ရာ၏။

အဝိဇ္ဇာနီဝရဏ

Image
နာဟံ ဘိက္ခဝေ အညံ ဧကနီဝရဏမ္ပိ သမနုပဿာမိ။ ယေန နီဝရဏေန နိဝုတာ ပဇာ ဒီဃရတ္တံ သန္ဓာဝန္တိ သံသရန္တိ။ အနက်။ယေန နီဝရဏေန-အကြင်နီဝရဏတရားသည်။ နိဝုတာ-ပိတ်ဆို့အပ်ကုန်သော။ပဇာ-သတ္တဝါတို့သည်။ဒီဃရတ္တံ-ရှည်မြင့်စွာသော ကာလပတ်လုံး။သန္ဓာဝန္တိ-တ ပြောင်းပြောင်း တပြန်ပြန် ပြေးသွားကြရကုန်၏။သံသရန္တိ- တပြောင်းပြောင်း တပြန်ပြန် ကျင်လည်ကြရကုန်၏။ ဘိက္ခဝေ-ရဟန်းတို့။(တတော-ထိုနီဝရဏမှ။)အညံ-အခြား သော။ဧကနီဝရဏမ္ပိ-တစ်ခုသောနီဝရဏတရားကိုမျှ။ အဟံ-ငါဘုရားသည်။န သမနုပဿာမိ-မြင်တော်မမူ။ ယထယိဒံ ဘိက္ခဝေ အဝိဇ္ဇာနီဝရဏံ။ အဝိဇ္ဇာနီဝရဏေန ဟိ ဘိက္ခဝေ နိဝုတာ ပဇာ ဒီဃရတ္တံ  သန္ဓာဝန္တိ သံသရန္တိ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။ဣဒံ-ဤတစ်ခုသော နီဝရဏဟူသည်။ယထာ-အဘယ်နည်း။အဝိဇ္ဇာနီဝရဏံ-အ ဝိဇ္ဇာနီဝရဏတည်း။ဟိ-မှန်၏။ဘိက္ခဝေ-ရဟန်းတို့။အဝိဇ္ဇာနီဝရဏေန-အဝိဇ္ဇာနီဝရဏသည်။နိဝုတာ-ပိတ်ဆို့အ ပ်ကုန်သော။ပဇာ-သတ္တဝါတို့သည်။ဒီဃရတ္တံ-ရှည်မြင့်စွာသောကာလပတ်လုံး။သန္ဓာဝန္တိ-တပြောင်းပြောင်းတပြန်ပြန် ပြေးသွားကြရကုန်၏။သံသရန္တိ-တပြောင်းပြောင်းတပြန်ပြန် ကျင်လည်ကြရကုန်၏။ က ပရမတ်မျက်စိဖြင့် ကြည့်လျှင် ယောက်ျားလည်း မရှိ။မိန်းမလည်း မရှိ။ယောက်ျားရယ် မိန်းမရယ်ဟု မရှိသော်လည်း ရုပ်နာမ်အနေ ရုပ်...

သဗ္ဗပရိညာ

Image
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ တတ္ထ စိတ္တံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ဘိက္ခဝေ-ရဟန်းတို့။သဗ္ဗံ-အလုံးစုံသော တေဘူမက ရုပ်နာမ်ဓမ္မ သင်္ခါရကို။အနဘိဇာနံ-ထူးသောဉာဏ်ဖြင့် မသိသော်။အပရိဇာနံ-ဉာတပရိညာ တီရဏပရိညာ နှစ် မျိုးဖြင့် ပိုင်းခြား၍ မသိသော်။ တတ္ထ-ထိုပရိညေယျ တေဘူ မက ရုပ်နာမ်ဓမ္မ၌။စိတ္တံ-မိမိ၏စိတ် အစဉ်ကို။အဝိရာဇယံ- တတ်မက်ခြင်းမကင်းစေနိုင်သော်။အပ္ပဇဟံ-တေဘူမက၌ ပယ်ထိုက်သော ကိလေသာဝဋ်ကို မပယ်သော်။ဒုက္ခက္ခယာယ-ဆင်းရဲကုန်ခန်းခြင်းငှာ။အဘဗ္ဗော-မထိုက်။ သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ တတ္ထ စိတ္တံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ အနက်။စ-ဗျတိရိက်ကို ဆိုဦးအံ့။ဘိက္ခဝေ-ရဟန်းတို့။ သဗ္ဗံ-အလုံးစုံသော ပရိညေယျ တေဘူမက ရုပ်နာမ်ဓမ္မကို။ အဘိဇာနံ-ထူးသောဉာဏ်ဖြင့်သိသော်။ပရိဇာနံ-ဉာတပရိညာ တီရဏပရိညာ နှစ်ပါးဖြင့် ပိုင်းခြား၍သိသော်။ တတ္ထ-ထိုတေဘူမက ရုပ်နာမ်ဓမ္မ၌။စိတ္တံ-စိတ်အစဉ်သည်။ ဝိရာဇယံ-တတ်မက်ခြင်းကင်းသော်။ပဇဟံ-ထိုတေဘူမက ရုပ်နာမ်ဓမ္မ၌ ပယ်ထိုက်သော ကိလေသာဝဋ်ကို ပယ်နိုင်သော်။ ဒုက္ခက္ခယာယ-ဆင်းရဲကုန်ခြင်းငှာ။ဘဗ္ဗော-ထိုက်၏။ ယော သဗ္ဗံ သဗ္ဗတော ဉတွာ။သဗ္ဗတ္ထေသု န ရဇ္ဇတိ။ သ ဝေ သဗ္ဗပရိညာ သော။သဗ္ဗဒုက္ခမုပစ္စဂါ။ ...

မာန

Image
မာနံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။အဟံ ဝေါ ပါဋိဘောဂေါ အနာဂါမိတာယ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။မာနံ-မောက်မာထောင်လွှားခြင်းဟူသော။ဧကဓမ္မံ-တစ်ခုသော သဘောတရားကို။ပဇဟထ-ပယ်စွန့်ကြကုန်လော့။အဟံ- ငါဘုရားသည်။ဝေါ-သင်တို့၏။အနာဂါမိတာယ-အနာဂါမ် ဖြစ်ဖို့ရာ။ပါဋိဘောဂေါ-အာမခံ၏။ ယေန မာနေန မတ္တာသေ။သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ တံ မာနံ သမ္မဒညာယ။ပဇဟန္တိ ဝိပဿိနော။ ပဟာယ န ပုနာယန္တိ။ဣမံ လောကံ ကုဒါစနံ။ အနက်။ယေန မာနေန-အကြင်မောက်မာထောင်လွှားမှု မာနဖြင့်။မတ္တာ-ဇာတိမာန် ပုရိသမာန် ပညာမာန်စသောအားဖြင့် မာန်တက်ကြကုန်သော။သတ္တာ- သတ္တဝါတို့သည်။ဒုဂ္ဂတိံ-ဆင်းရဲဒုက္ခ၏ဖြစ်ရာ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့။ဂစ္ဆန္တိ-ပဋိသန္ဓေအားဖြင့် လားကြရကုန်၏။ ဝိပဿိနော-ဥပါဒါနက္ခန္ဓာကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမှတ်သော ယောဂီပုဂ္ဂိုလ်တို့သည်။ တံ မာနနံ-ထိုမောက်မာထောင်လွှားမှု မာနကို။သမ္မာ-မှန် စွာ။အညာယ-သိ၍။ပဇဟန္တိ-ပယ်စွန့်ကုန်၏။ပဟာယ-ပယ် စွန့်ခြင်းကြောင့်။ဣမံ လောကံ-ဤကာမဘုံသို့။ကုဒါစနံ-တစ်ခါတစ်ရံမျှ။ပုန-နောက်ထပ်။န အာယန္တိ-မလာရောက်ကုန်။

အနာဂါမ်၅မျိုး အထူး

Image
အကြင် အနာဂါမ်သည် အဝိဟာ စသော သုဒ္ဓါဝါသဘုံတို့၌ ပဋိသန္ဓေနေ၏။ထိုအနာဂါမ်သည် မိမိ ပဋိသန္ဓေနေရာဘုံ၏ သက်တန်းတစ်ဝက်ကို မလွန်ပဲ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အန္တရာပရိနိဗ္ဗာယီ အနာဂါမ်တည်း။ အကြင်အနာဂါမ်သည် မိမိ ပဋိသန္ဓေနေရာဘုံ၏ သက်တန်းထက်ဝက်ကို လွန်၍ ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်စံ လျှင် ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်တည်း။ လွန်လွန်ကဲကဲ လုံ့လပယောဂမစိုက်ရပဲ မငြိုမငြင် အနည်းငယ်သော ဆင်းရဲဖြင့် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်တည်း။ လွန်လွန်ကဲကဲ လုံ့လပယောဂစိုက်၍ ငြိုငြင်ဆင်းရဲစွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်တည်း။ အဝိဟာဘုံတို့၌ ပဋိသန္ဓေနေသောအားဖြင့် ရောက်လာကြ သော အနာဂါမ်တို့သည် ရဟန္တာအဖြစ်သို့မရောက်နိုင်ပဲ ထိုရောက်ရာဘုံ၏ သက်တန်းရှိသမျှ တည်နေပြီး အကနိဋ္ဌ ဘုံသို့ ပဋိသန္ဓေတည်နေသောအားဖြင့် ရောက်သွားလျှင် ထိုအနာဂါမ်သည် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်တည်း။

အနာဂါမ်အမျိုးအစား၅ပါး

Image
သုဒ္ဓါဝါသဘုံ၌ အသီးသီး ပဋိသန္ဓေနေမှုကို အကြောင်းပြု၍ အဝိဟာအနာဂါမ် အတပ္ပါအနာဂါမ် သုဒဿာအနာဂါမ် သုဒဿီအနာဂါမ် အကနိဋ္ဌအနာ ဂါမ်ဟု ၅မျိုး။ ထိုတွင် ရှေ့၎မျိုးတို့၌ တစ်မျိုးတစ်မျိုးလျှင် အန္တရာပရိနိဗ္ဗာယီ ဥပဟစ္စပရိနိဗ္ဗာယီ အသင်္ခါရပရိနိဗ္ဗာယီ သသင်္ခါရပရိနိဗ္ဗာယီ ဥဒ္ဓံသောတပရိနိဗ္ဗာယီ ဟု၅မျိုးရ၏။ နောက်ဆုံး အကနိဋ္ဌအနာဂါမ်၌ကား  ဥဒ္ဓံသောတအကနိဋ္ဌ အနာဂါမ် မရှိသောကြောင့် ၄မျိုးသာ ရ၏။

မက္ခ

Image
မက္ခံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ အဟံ ဝေါ ပါဋိဘောဂေါ အနာဂါမိတာယ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။မက္ခံ-သူ့ကျေးဇူးကို ချေဖျက်တတ်သော။ဧကဓမ္မံ-တစ်ခုသောသဘောတရားကို။ပဇဟထ-ပယ်စွန့်ကြကုန်လော့။အဟံ-ငါဘုရားသည်။ဝေါ-သင်တို့၏။ အနာဂါမိတာယ-အနာဂါမ်ဖြစ်ဖို့ရာ။ပါဋိဘောဂေါ-အာမခံ၏။ ယေန မက္ခေန မက္ခာသေ။သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ တံ မက္ခံ သမ္မဒညာယ။ပဇဟန္တိ ဝိပဿိနော။ ပဟာယ န ပုနာယန္တိ။ဣမံ လောကံ ကုဒါစနံ။ အနက်။ယေန မက္ခေန-အကြင်သူ့ကျေးဇူးကို ချေဖျက်တတ်သော ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်ဖြင့်။မက္ခာ-သူ့ကျေးဇူးကို ချေဖျက်ကုန်သော။သတ္တာ-သတ္တဝါတို့သည်။ဒုဂ္ဂတိံ-ဆင်းရဲဒုက္ခဖြစ်ရာ ငရဲ တိရစ္ဆာန် ပြိတ္တာ ဘုံသို့။ဂစ္ဆန္တိ-ပဋိသန္ဓေ နေသောအားဖြင့် လားကြရကုန်၏။ဝိပဿိနော-ဥပါဒါနက္ခန္ဓာကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမြင်သော ယောဂီပုဂ္ဂိုလ်တို့သည်။တံ မက္ခံ-ထိုမက္ခကို။ သမ္မာ-အမှန်အကန်။အညာယ-သိ၍။ပဇဟန္တိ-ပယ်စွန့်ကုန်၏။ပဟာယ-ပယ်စွန့်ခြင်းကြောင့်။ဣမံ လောကံ-ဤကာမဘုံသို့။ကုဒါစနံ-တစ်ခါတစ်ရံမျှ။ပုန-နောက်ထပ်။န အာယန္တိ-မလာကုန်။

မောဟ

Image
မောဟံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ အဟံ ဝေါ ပါဋိဘောဂေါ အနာဂါမိတာယ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။မောဟံ-အာ ရုံ၏ သဘာဝ အမှန်ကို မသိတွေဝေသော။ ဧကဓမ္မံ-တစ်ခုသောသဘောတရားကို။ပဇဟထ-ပယ် စွန့်ကြကုန်လော့။အဟံ-ငါဘုရားသည်။ဝေါ-သင်တို့၏။ အနာဂါမိတာယ-အနာဂါမ်ဖြစ်ဖို့ရာ။ပါဋိဘောဂေါ-အာမခံ၏။ ယေန မောဟေန မူဠှာသေ။သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ တံ မောဟံ သမ္မဒညာယ။ပဇဟန္တိ ဝိပဿိနော။ ပဟာယ န ပုနာယန္တိ။ဣမံ လောကံ ကုဒါစနံ။ အနက်။ယေန မောဟေန-အကြင်မောဟဖြင့်။မူဠှာ-အာရုံ၏ သဘောအမှန်ကို မသိတွေဝေကုန်သော။သတ္တာ-သတ္တဝါတို့သည်။ဒုဂ္ဂတိံ-ဒုက္ခဖြစ်ရာ ငရဲ တိရစ္ဆာန် ပြိတ္တာ ဘုံသို့။ဂစ္ဆန္တိ-လားကြရကုန်၏။ ဝိပဿိနော-ဥပါဒါနက္ခန္ဓာကို အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုမြင်သောသူတို့သည်။တံ မောဟံ-ထိုမောဟကို။သမ္မာ-အမှန်အတိုင်း။အညာယ-သိ၍။ပဇဟန္တိ-ပယ်စွန့်ကုန်၏။ဣမံ လောကံ-ဤကာမဘုံသို့။ပုန-နောက်ထပ်။ကုဒါစနံ-တစ်ခါတစ်ရံမျှ။န အာယန္တိ-မလာရကုန်။

ဒေါသ

ဒေါသံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ အဟံ ဝေါ ပါဋိဘောဂေါ အနာဂါမိတာယ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။ဒေါသံ-ဒေါသဟူသော။ ဧကဓမ္မံ-တစ်ခုသောသဘောတရားကို။ပဇဟထ-ပယ် စွန့်ကြကုန်လော့။ အဟံ-ငါဘုရားသည်။ဝေါ-သင်တို့၏။ အနာဂါမိတာယ-အနာဂါမ်ဖြစ်ဖို့ရာ။ပါဋိဘောဂေါ-အာမခံ ၏။ ယေန ဒေါသေန ဒုဋ္ဌာသေ။သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ တံ ဒေါသံ သမ္မဒညာယ။ပဇဟန္တိ ဝိပဿိနော။ ပဟာယ န ပုနာယန္တိ။ဣမံ လောကံ ကုဒါစနံ။ အနက်။ယေန ဒေါသေန-အကြင်ဒေါသသည်။ဒုဋ္ဌာ-ဖျက် ဆီးအပ်ကုန်သော။သတ္တာ-သတ္တဝါတို့သည်။ဒုဂ္ဂတိံ-ငရဲ တိရစ္ဆာန် ပြိတ္တာ ဒုဂ္ဂတိဘဝသို့။ဂစ္ဆန္တိ-လားကြရကုန်၏။ ဝိပဿိနော-ရုပ်နာမ် ဥပါဒါနက္ခန္ဓာကို အနိစ္စ စသည်ဖြင့် ရှုမှတ်သော ယောဂီတို့သည်။တံ ဒေါသံ-ထိုဒေါသကို။ သမ္မာ-အမှန်။အညာယ-သိ၍။ပဇဟန္တိ-ပယ်စွန့်ကုန်၏။ပုန-နောက်ထပ်။ကုဒါစနံ-တစ်ခါတစ်ရံမျှ။ဣမံ လောကံ-ဤကာမဘုံသို့။န အာယန္တိ-မလာတော့ကုန်။

ပရိညာသုံးမျိုး

ဘူတရုပ် ဥပါဒါရုပ်စသော ရုပ်တရားနှင့် ဖဿ စသော နာမ်တရားတို့ကို လက္ခဏ ရသ စသောအားဖြင့်၎င်း ထိုရုပ်နာမ်တို့၏ ဖြစ်ကြောင်း အဝိဇ္ဇာ သင်္ခါရ စသော ပစ္စယ အားဖြင့်၎င်း ကွဲကွဲပြားပြားသိခြင်းသည် ဉာတ ပရိညာတည်း။ ဤသို့ ဉာတပရိညာဖြင့် သိပြီး၍ ထိုရုပ်နာမ်တရး တို့ကို အနိစ္စတော ဒုက္ခတော ပရတော စသော ၄၂ပါးသော အခြင်းအရာဖြင့် ဆုံးဖြတ်နိုင်ခြင်း သည် တီရဏပရိညာတည်း။ ထိုသို့ ဆုံးဖြတ်ပြီးနောက် ထိုရုပ်နာမ်တရားတို့၌ တွယ်တာကပ်ငြိသော ဆန္ဒရာဂကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာတည်း။

ပရိညာသုံးပါး

ထတ္ထ ကတမာ ဉာတပရိညာ? သဗ္ဗံ တေဘူမကံ နာမရူပံ -``ဣဒံ ရူပံ 'ဧတ္တကံ ရူပံ' န ဣတော ဘိယျော။ ဣဒံ နာမံ' ဧတ္တကံ နာမံ' န ဣတော ဘိယျော´´တိ ဘူတပ္ပသာဒါဒိပ္ပ ဘေဒံ ရူပံ' ဖဿာဒိပ္ပဘေဒံ နာမဉ္စ' လက္ခဏရသပစ္စုပဋ္ဌာ နပဒဋ္ဌာနတော ဝဝတ္ထပေတိ။ တဿ အဝိဇ္ဇာဒိကဉ္စ ပစ္စယံ ပရိဂ္ဂဏှာတိ။ အယံ ဉာတပရိညာ။ အနက်။တတ္ထ-ထိုသုံးပါးသောပရိညာတို့တွင်။ ကတမာ- အဘယ်သည်။ ဉာတပရိညာ-ဉာတပရိညာနည်း။ သဗ္ဗံ-အ လုံးစုံသော။တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော။နာမရူပံ-နာမ် ရုပ်ကို။ ဣဒံ-ဤသည်ကား။ ရူပံ-ရုပ်တည်း။ ရူပံ-ရုပ်သည်။ ဧတ္တကံ-ဤမျှအတိုင်းအရှည်ရှိ၏။ ဣတော-ဤထက်။ ဘိယျော-အလွန်။ န-မရှိ။ ဣဒံ-ဤသည်ကား။ နာမံ-နာမ်တည်း။ နာမံ-နာမ်သည်။ဧတ္တကံ-ဤမျှအတိုင်းအရှည် ရှိ၏။ ဣတော-ဤထက်။ဘိယျော-အလွန်။န-မရှိ။ဣတိ- ဤသို့။ဘူတပ္ပသာဒါဒိပ္ပဘေဒံ-ဘူတရုပ်ပသာဒရုပ်စသည်အပြားရှိသော။ရူပဉ္စ-ရုပ်ကို၎င်း။ ဖဿာဒိပ္ပဘေဒံ-ဖဿစသည်အပြားရှိသော။နာမဉ္စ-နာမ်ကို ၎င်း။ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနတော- လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့်။ ဝဝတ္ထပေတိ-ပိုင်းခြားသတ်မှတ်၏။တဿ-ထိုရုပ်နာမ်၏။အဝိဇ္ဇာဒိကံ-အဝိဇ္ဇာအစရှိသော။ ပစ္စယဉ္စ-အကြောင်းကိုလည်း။ ပရိဂ္ဂဏှာတိ-သိမ်းယူ၏။အယံ-ဤသည်ကား။ ဉာတပရိညာ-ဉာတပရိညာတည်း၏။ ကတမာ တီရဏပရိညာ? ဧဝံ ဉာတံ ကတွာ တံ သဗ္ဗ...

လောဘ

လောဘံ ဘိက္ခဝေ ဧကဓမ္မံ ပဇဟထ။ အဟံ ဝေါ ပါဋိဘောဂေါ အနာဂါမိတာယ။ အနက်။ဘိက္ခဝေ-ရဟန်းတို့။ လောဘံ-လိုချင်မက်မော သော။ဧကဓမ္မံ-တစ်ခုသောသဘောတရားကို။ ပဇဟထ- ပယ်စွန့်ကြကုန်လော့။ အဟံ-ငါဘုရားသည်။ ဝေါ-သင်တို့ ၏။အနာဂါမိတာယ- အနာဂါမ်ဖြစ်ဖို့ရာ။ပါဋိဘောဂေါ-အာမ ခံ၏။ ယေန လောဘေန လုဒ္ဓါသေ။ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ တံ လောဘံ သမ္မဒညာယ။ပဇဟန္တိ ဝိပဿိနော။ ပဟာယ န ပုနာယန္တိ။ဣမံ လောကံ ကုဒါစနံ။ အနက်။ ယေန လောဘေန-အကြင်လောဘဖြင့်။ လုဒ္ဓါ-လိုချင်မက်မောကုန်သော။(သေကားနိပါတ်) သတ္တာ-သတ္တဝါတို့သည်။ဒုဂ္ဂတိံ-မကောင်းသူတို့၏လားရာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသို့။ဂစ္ဆ န္တိ-ရောက်ကြရကုန်၏။ ဝိပဿိနော-ခန္ဓာကိုအနိစ္စစသည်ဖြင့်ရှုမြင်သောသူတို့သည်။ တံ လောဘံ-ထိုလောဘကို။ သမ္မဒညာယ-အမှန်အတိုင်းသိ၍။ပဇဟန္တိ-ပယ်စွန့်ကုန်၏။ပဟာယ-ပယ်စွန့်၍။ဣမံ လောကံ-ဤလောကသို့။ ကုဒါစနံ-တစ်ခါတစ်ရံမျှ။ပုန-နောက်ထပ်။ န အာယန္တိ-မလာတော့ကုန်။

စေတီလေး

Image
စေတီပုံလေးကို ရှမ်းဦးပဉ္စင်းတည်ပေး၏။

စိတ်

စိတ္တေန နီယတိ လောကော။ စိတ္တေန ပရိကဿတိ။ စိတ္တဿ ဧကဓမ္မဿ။ သဗ္ဗေဝ ဝသမနွဂူ။ လောကော-သတ္တလောကကို။ စိတ္တေန-စိတ်သည်။ နီယတိ-ထိုထိုဘဝသို့ရောက်အောင် ပို့ဆောင်အပ်၏။ လောကော-သတ္တလောကကို။စိတ္တေန-စိတ်သည်။ ပရိကဿတိ-ထိုထိုဘဝသို့ဆွဲငင်အပ်၏။ သဗ္ဗေဝ-အလုးံစုံ သော သတ္တဝါတို့သည်ပင်။စိတ္တဿ-စိတ်ဟူသော။ ဧကဓမ္မဿ-တစ်ခုသောတရား၏ဝသံ-အလိုသို့။အနွဂူ-အစဉ်တစိုက်လိုက်ကြရကုန်၏။

စေတီလေး

ဤစေတီပုံကို ရှမ်းဦးပဉ္စင်းတည်ပေး၏

စေတီ

ဘုရားဆင်းတုများ