ပထဝီဓာတ်

ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီးလေးပါး
တို့တွင် ပထဝီဓာတ်သည် ကြမ်းတန်း ခက်မာ တောင့်တင်း
ခြင်းလက္ခဏာ- မရွေ့မရှားတည်တန့်ခြင်းကိစ္စ-  တစ်ပါးသောဓာတ်တို့အား မိမိနှင့်အတူ တပေါင်းတည်းဖြစ်
ရန် ခံလင့်ခြင်းအခြင်းအရာလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်
ကြွင်းသောဓာတ်သုံးပါးလျှင် နီးစွာသောအကြောင်းရင်း
ပဒဋ္ဌာန်ရှိ၏။
**ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု ။
ပတိဋ္ဌာနရသာ။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။(အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈)
**အနက်။ ပထဝီဓာတု-ပထဝီဓာတ်သည်။ ကက္ခဠတ္တလက္ခဏာ-ကြမ်းတန်းခက်မာတောင့်တင်းခြင်း
လက္ခဏာရှိ၏။ ပတိဋ္ဌာနရသာ-မရွေ့မရှားတည်တံ့ခြင်း
ကိစ္စရှိ၏။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ-တစ်ပါးသောဓာတ်တို့အား
တပေါင်းတည်းဖြစ်ရန် ခံလင့်သောအခြင်းအရာလျှင်ရှေးရှု
ထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ- ကြွင်းသောဓာတ်၃
ပါးလျှင်နီးစွာသောအကြောင်းရင်းရှိ၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ