ဓာတ်၂၈ပါးပြားပုံ

ပထဝီစသော ဓာတ်ကြီး၎ပါးတို့သည် အဇ္ဈတ္တသန္တာန်၌
သီတဥဏှ၂ပါးကြောင့် ၇ပါးပြား၏။ ထို၇ပါးသောဓာတ်
သည် ၄ပါးသောအကြောင်းကိုစွဲ၍ ၂၈ပါးပြား၏။
           *၂၈ပါးကား*
ကမ္မဇသီတပထဝီ ကမ္မဇသီတအာပေါ ကမ္မဇသီတတေဇော ကမ္မဇသီတဝါယောဟူ၍၄ပါး
စိတ္တဇသီတပထဝီ စိတ္တဇသီတအာပေါ
စိတ္တဇသီတတေဇော စိတ္တဇသီတဝါယောဟူ၍၄ပါး
ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ
ဥတုဇသီတတေဇော ဥတုဇသီတဝါယောဟူ၍၄ပါး
အာဟာရဇသီတပထဝီ အာဟာရဇသီတအာပေါ
အာဟာရဇသီတတေဇော အာဟာရဇသီတဝါယောဟူ
၍၄ပါး
ပေါင်း သီတအကြောင်းကြောင့်၁၆ပါး။
ကမ္မဇဥဏှပထဝီ ကမ္မဇဥဏှတေဇော
ကမ္မဇဥဏှဝါယောဟူ၍၃ပါး
စိတ္တဇဥဏှပထဝီ စိတ္တဇဥဏှတေဇော
စိတ္တဇဥဏှဝါယောဟူ၍၃ပါး
ဥတုဇဥဏှပထဝီ ဥတုဇဥဏှတေဇော
ဥတုဇဥဏှဝါယောဟူ၍၃ပါး
အာဟာရဇဥဏှပထဝီ အာဟာရဇဥဏှတေဇော
အာဟာရဇဥဏှဝါယောဟူ၍၃ပါး
ပေါင်းဥဏှအကြောင်းကြောင့်၁၂ပါး
ပေါင်း၂၈ပါးဖြစ်၏။
သီတကြောင့်ဖြစ်သောဓာတ်၁၆ပါးသည် ဂရုဓာတ်မည်၏။
ဥဏှကြောင့်ဖြစ်သောဓာတ်၁၂ပါးသည် လဟုဓာတ်မည်၏။
***ကေန ရုပ္ပတိ။ သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ။
ရူပံ-စတုသမုဋ္ဌာနိကရုပ်သည်။ ကေန-အဘယ်အကြောင်း
ကြောင့်။ရုပ္ပတိ-ဖေါက်ပြန်သနည်း။ ရူပံ-စတုသမုဋ္ဌာနိက
ရုပ်သည်။သီတေနာပိ-အအေးသီတကြောင့်လည်း။
ရုပ္ပတိ-ဖေါက်ပြန်၏။ဥဏှေနာပိ-အပူဥဏှတေဇောကြောင့်
လည်း။ရုပ္ပတိ-ဖေါက်ပြန်၏။
ဤပါဠိ၌ ရူပံဟူသောပုဒ်အရ စတုသမုဋ္ဌာနိကရုပ်ကိုရ၏။
သီတေနာပိ ရုပ္ပတိ ဟူသောပုဒ်အရ သီတတေဇောကြောင့်
ဖေါက်ပြန်သော ကမ္မဇပထဝီ စသောဓာ၁၆ပါးရ၏။
ဥဏှေနာပိ ရုပ္ပတိဟူသောပုဒ်ဖြင့် ဥဏှတေဇောကြောင့် ဖေါက်ပြန်သော ဥဏှပထဝီစသောဓာတ်၁၂ပါးကိုပြတော်မူ
၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ