ဓာတ်၎ပါးတို့၏ ဓာတ်၇ပါးပြားပုံ

ဓာတ်၎ပါးတို့တွင် ပထဝီဓာတ်သည် သီတဥဏှ၂ပါးကြောင့်
ခက်မာကြမ်းတန်းလေးလံခြင်းဂရုသဘောရှိသော ကက္ခဠ
ဖရုသ ဂရုက သီတပထဝီ   သိမ်မွေ့နူးညံ့ ပေါ့ပါးခြင်း
သဘောရှိသော မုဒုက သဏှ လဟုက ဥဏှပထဝီဟူ၍
၂ပါးအပြားရှိ၏။
**ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကန္တိပဒေဟိ ပထဝီဓာတုဧဝ ဘာဇိတာ။
(အဋ္ဌသာလိနီ ၃၆၈)
အနက်*စ-ဆက်ဦးအံ့။ဧတ္ထ-ဤကက္ခဠံ အစရှိသောပုဒ်တို့
တွင်။ကက္ခဠံ-ကက္ခဠပုဒ်၎င်း။ မုဒုကံ-မုဒုကပုဒ်၎င်း။ သဏှံ-
သဏှပုဒ်၎င်း။ ဖရုသံ-ဖရုသပုဒ်၎င်း။ဂရုကံ-ဂရုကပုဒ်၎င်း။
လဟုကံ-လဟုကပုဒ်၎င်း။ဣတိ ဣမေဟိ ပဒေဟိ-ဤပုဒ်
တို့ဖြင့်။ ပထဝီဓာတုဧဝ-ပထဝီဓာတ်ကိုသာ။ ဘာဇိတာ-ဝေဖန်တော်မူအပ်ပြီ။
****                           ****                               ****
အာပေါဓာတ်သည်လည်း သီတကြောင့် ဖွဲ့စည်းခြင်း
လက္ခဏာရှိသော သီတအာပေါ  ယိုစီးခြင်းပဂ္ဃရဏလက္ခ
ဏာရှိသော သီတအာပေါဟူ၍၂ပါးအပြားရှိ၏။
**သာ ပဂ္ဃရဏလက္ခဏာ။ အာဗန္ဓနလက္ခဏာ ဝါ။
(လက္ခဏပကာသနီ ဋီကာ)
အနက်။ သာ-ထိုအာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ-
ယိုစီးခြင်းလက္ခဏာရှိ၏။ ဝါ-တစ်နည်း။ အာဗန္ဓနလက္ခဏာ-
ဖွဲစည်းခြင်းလက္ခဏာရှိ၏။
****                          ****                              ****
တေဇောဓာတ်သည်လည်း သီတဥဏှ၂ပါးကြောင့် ပူသော
အားဖြင့်ရင့်ကျက်လောင်ကျွမ်းခြင်း ကိစ္စရှိသော ဥဏှ
လက္ခဏာရှိသော ဥဏှတေဇော  အေးသောအားဖြင့်
ရင့်ကျက်လောင်ကျွမ်းခြင်းကိစ္စရှိသော သီတလက္ခဏာရှိ
သော သီတတေဇောဟူ၍ ၂ပါးအပြားရှိ၏။
ထိုကြောင့် ပရမတ္ထသံခိပ်ဋီကာ၌ **ဥသတိ တာပနေန ဒဟတီတိ ဥဏှော။ ဥသတိ သီတဘာဝေန ဒဟတီတိ ဥဏှော။ဟုမိန့်ဆိုတော်မူ၏။
ယော သဘာဝေါ-အကြင်တရားသဘောသည်။
တာပနေန-ပူသောအားဖြင့်။ ဥသတိ ဒဟတိ-လောင်ကျွမ်း
တတ်၏။ဣတိ-ထို့ကြောင့်။သော သဘာဝေါ-ထိုတရားသဘောသည်။ဥဏှော-ဥဏှမည်၏။
ယောသဘာဝေါ-အကြင်တရားသဘောသည်။သီတဘာဝေန-အေးသောအဖြစ်ဖြင့်။ ဥသတိ ဒဟတိ-
လောင်ကျွမ်းတတ်၏။ဣတိ-ထို့ကြောင့်။ သော သဘာဝေါ-
ထိုတရားသဘောသည်။ဥဏှော-ဥဏှမည်၏။
ဥဏှသဒ္ဒါသည် လောင်းကျွမ်းခြင်းအနက်ကိုဟောသောကြောင့်
ဥဏှတ္တလက္ခဏာအရ သီတလောင်ကျွမ်းခြင်း ဥဏှ
လောင်ကျွမ်းခြင်း၂ပါးကိုယူအပ်၏။
****                        ****                              ****
ဝါယောဓာတ်သည်လည်း သီတဥဏှ၂ပါးကြောင့် ဖေါင်းဖွခြင်းဝိတ္ထမ္ဘိတလက္ခဏာရှိသော သီတဝါယော
ရွေ့ရှားခြင်းသမီရဏလက္ခဏာရှိသော ဥဏှဝါယောဟူ၍
၂ပါးအပြားရှိ၏။
**ဝိတ္ထမ္ဘိတလက္ခဏာ ဝါယောဓာတု။  သမီရဏလက္ခဏာ
ဝါ။(လက္ခဏပကာသနီဋီကာ)
အနက်။ဝါယောဓာတု-ဝါယောဓာတ်သည်။ ဝိတ္ထမ္ဘိတလက္ခဏာ-ထောက်ကန်ဖေါင်းပွခြင်းလက္ခဏာ
ရှိ၏။ဝါ-တစ်နည်း။ သမီရဏလက္ခဏာ-လှုပ်ရှားရွေ့သွား
ခြင်းလက္ခဏာရှိ၏။
ဤသို့လျှင် ပထဝီဓာတ်၌ သီတပထဝီ ဥဏှပထဝီဟူ၍၂ပါး
အာပေါဓာတ်၌ သီတအာပေါ၁ပါး  တေဇောဓာတ်၌ သီတတေဇော ဥဏှတေဇောဟူ၍၂ပါး  ဝါယောဓာတ်၌
သီတဝါယော ဥဏှဝါယောဟူ၍၂ပါး
ပေါင်း၇ပါးဖြစ်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ