အာကာသဓာတ်၏ မိဿကနှင့်ပဋိပက္ခ
တေဇောဓာတ်နှင့်ဝါယောဓာတ် ၂ပါးသည် အာကာသဓာတ်
၏ ပွင့်လင်းကြည်လင်ရာ အကြောင်းသဘောရှိသောကြောင့် အာကာသဓာတ်၏ မိဿကမည်၏။ ပထဝီဓာတ်နှင့်အာပေါဓာတ်၂ပါးသည်
အာကာသဓာတ်၏ မပွင့်မလင်း ပိတ်ဆို့ခြင်း အကြောင်း
သဘောရှိသောကြောင့် အာကာသဓာတ်၏ ပဋိပက္ခဓာတ်
မည်၏။
ထို့ကြောင့် သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်မှာ အာပေါ ပထဝီ
အစာများကို များစွာစားမိသောအခါ၌၎င်း သီတဥတုနှင့်များ
စွာ တွေ့ဆုံမိသောအခါ၌၎င်း ရင်ခံခြင်း ရင်လေးခြင်းဖြင့်
လည်ချောင်းပေါက်အာကာသပိတ်ဆို့မှု ဓာတ်လေချုပ်ခြင်း
ဖြင့် ဝစ္စမဂ်ပေါက်အာကာသပိတ်ဆို့မှု ဆီးချုပ်ခြင်းဖြင့် ပဿာဝမဂ်ပေါက်အာကာသပိတ်ဆို့မှု ဤ၃ပါးသော ပိတ်
ဆို့မှုသည် မူလအာကာသပိတ်ဆို့မှုမည်၏။
ဤမူလအာကာသပိတ်ဆို့မှုကြောင့် ချွေးမထွက်ခြင်း အစေးမထွက်ခြင်း အဆီမထွက်ခြင်းဟုဆိုအပ်သော အရိုး
ကြား အကြောကြား အသားကြား အရေကြား အာကာသ
ပိတ်ဆို့မှု ဖြစ်ပေါ်ရပြန်၏။
ဤပိတ်ဆို့မှုသည် အာကာသငယ် ပိတ်ဆို့မှုမည်၏။
ဤသို့ မူလအာကာသ အာကာသငယ် ပိတ်ဆို့မှုဖြစ်ရခြင်း
သည် မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သော အာပေါ ပထဝီဓာတ်
လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟုမှတ်အပ်၏။

Comments
Post a Comment