ဖေါဋ္ဌဗ္ဗာရုံရကောင်းသောဓာတ်
ဓာတ်ကြီး၎ပါးတို့တွင် အာပေါဓာတ်သည် အာဗန္ဓနသတ္တိ
ရှိငြားသော်လည်း နူးညံ့သိမ်မွေ့သောသဘောရှိသော
ကြောင့် တွေ့ထိ၍မရကောင်းသော ဓာတ်မည်၏။
ထို့ကြောင့် ၎င်းအာပေါဓာတ် လွန်ကဲသော ပုဂ္ဂိုလ်မှာ
ဓာတ်သဘောသို့လိုက်၍ ထုန်ခြင်း ကျဉ်ခြင်း ကွက်ခြင်း
စသော တွေ့ထိ၍ မနာမကျင်သော ဝေဒနာတို့သည် ဖြစ်ပေါ်တတ်ကုန်၏။
ကြွင်းသောဓာတ်၃ပါးသည် အာပေါဓာတ်ကဲ့သို့
နူးညံ့သိမ်မွေ့ခြင်းမရှိဘဲ အာပေါဓာတ်ထက် ကြမ်းတန်းသောသဘောရှိသောကြောင့် တွေ့ထိ၍ရကောင်းသောဓာတ်မည်၏။ထိုကြောင့် ၎င်းဓာတ်၃ပါးကို ဖောဋ္ဌဗ္ဗာရုံအဖြစ်ဖြင့် ဟောတော်မူ၏။
**အာပေါဓာတုယာ သုခုမဘာဝေန ဖုသိတုံ အသက္ကုဏေ
ယျတ္တာ ဝုတ္တံ "အာပေါဓာတုဝိဝဇ္ဇိတံ ဘူတတ္တယသင်္ခါတ"န္တိ။
(ဋီကာကျော်)

Comments
Post a Comment