ဓာတ်ကြီး၎ပါးတို့၏ကောဋ္ဌာသဓာတ်



ဓာတ်ကြီး၎ပါးသည် ပထဝီဓာတ်၂၀  အာပေါဓာတ်၁၂
တေဇောဓာတ်၎  ဝါယောဓာတ်၆  ပေါင်း၄၂ပါးရှိ၏။
ထိုတွင် ဆံပင် အမွေး ခြေသည်း လက်သည်း သွား  အရေ
အသား  အကြော အရိုး ခြင်ဆီ အညှို့ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိန် အစာသစ် အစာဟောင်း ဦးနှောက်   ဤ၂၀သောဓာတ်သည် ပထဝီဓာတ်မည်၏။
    သည်းခြေ သလိပ် ပြည်  သွေး ချွေး အဆီခဲ  မျက်ရည်
ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်  ဤ၁၂ပါးသော
ဓာတ်သည် အာပေါဓာတ်မည်၏။
     ပါစကတေဇော-ချက်သောတေဇော
ဒါဟတေဇော-ပူသောတေဇော
သန္တပ္ပနတေဇော-ဖျားသောတေဇော
ဇိရဏတေဇော-အိုသောတေဇော
ဤ၄ပါးသောဓာတ်သည် တေဇောဓာတ်မည်၏။
ထိုတွင် ပါစကတေဇော ဒါဟတေဇော ၂ပါးသည်
ပူသော သဘောရှိသောကြောင့် ဥဏှတေဇောမည်၏။
သန္တပ္ပနတေဇော ဇိရဏတေဇော၂ပါးသည် အေးသော
သဘောရှိကြောင့် သီတတေဇောမည်၏။
  ပါစကတေဇောသည် ရေနေ မိကျောင်း ငါး စသောသတ္တဝါ ကုန်းနေ ဘဲစသော အချို့သော သတ္တဝါ  ဤသတ္တဝါတို့၏
သန္တာန်၌ရှိသော ပါစကသည် သီတပါစကမည်၏။
ကုန်းနေလူသတ္တဝါ အချို့သော တိရစ္ဆာန်သတ္တဝါ  ဤသတ္တဝါတို့၏ သန္တာန်၌ရှိသော ပါစကသည် ဥဏှပါစက
မည်၏။
ဤသို့ သီတဥဏှပါစက၂မျိုးရှိသော်လည်း ဤနေရာ၌
လူကို အဓိကထား၍ ဥဏှပါစကကိုသာပြလိုက်သည်။
သန္တပ္ပနတေဇောသည် ဒါဟတေဇောကို ဖြစ်စေတတ်သော
ကြောင့် အကြောင်းတေဇောမည်၏။
        ဒါဟတေဇောသည် သန္တပ္ပနတေဇောအာကြီးမှ ဖြစ်ပေါ်
ရသောကြောင့် အကျိုးတေဇောမည်၏။
               ဒါဟတေဇောသည် ပါကစကတေဇော၏ အခိုးအရှိန် အစွမ်းတေဇောမည်၏။
             သန္တပ္ပနတေဇောသည် ဇိရဏတေဇော၏ အခိုးအရှိန်အစွမ်းတေဇောမည်၏။
          ဒါဟတေဇော သန္တပ္ပနတေဇော ၂ပါးသည် ပူသော
အခါ ဖျားသောအခါမှ ဖြစ်ပေါ်လာသောကြောင့်
အာဂန္တုကတေဇောမည်၏။
           ပါစကတေဇော ဇိရဏတေဇော ၂ပါးသည် အမြဲရှိနေ
သောကြောင့် အာဝါသိကတေဇောမည်၏။
   ဥဒ္ဓံဝါတ-အထက်သို့ဆန်တက်သောလေ
အဓောဝါတ-အောက်သို့စုန်ဆင်းသောလေ
ကုစ္ဆာသယဝါတ -ဝမ်းအတွင်း၌ ကိန်းသောလေ
ကောဋ္ဌာသယဝါတ-အူမ၏အတွင်း၌ ကိန်းသောလေ
အဿာသပဿာသဝါတ-ထွက်သက်ဝင်သက်လေ
အင်္ဂမင်္ဂါနုသာရီဝါတ-အင်္ဂါကြီးငယ်သို့အစဉ်လျှောက်သောလေ။
ဤ၆ပါးသောဓာတ်သည် ဝါယောဓာတ်မည်၏။
ထိုတွင် ဥဒ္ဓံဝါတလေ ကုစ္ဆာသယလေ ကောဋ္ဌာသယလေ
ဤ၃ပါးသည် သီတတေဇောလျှင် အကြောင်းရှိသောကြောင့် သီတလေမည်၏။
သူနာ၏လက္ခဏာမှာ လေးသောသဘောရှိသောကြောင့်
ဂရုလေမည်၏။
    အဓောဝါတလေ အဿာသပဿာသလေ
အင်္ဂမင်္ဂါနုသာရီလေ ဤလေ၃ပါးသည် ဥဏှတေဇော
လျှင်အကြောင်းရှိသောကြောင့် ဥဏှလေမည်၏။
သူနာ၏လက္ခဏာမှာ ပေါ့သောလဟုသဘောထင်ရှား
သောကြောင့် လဟုလေမည်၏။
           ပထဝီဓာတ်၂၀ အာပေါဓာတ်၁၂ပါး ဤ၃၂ပါးသော
ဓာတ်သည် လေးသောသဘောရှိသောကြောင့် ဂရုဓာတ်မည်
၏။ မလှုပ်မရှား သေသောသူနှင့်တူသောကြောင့်
အသေဓာတ်မည်၏။ တေဇော ဝါယောဓာတ်၂ပါးပြုပြင်လျှင်
ယိုစီးခြင်း နူးညံ့ခြင်း  မပြုပြင်လျှင် ဖွဲ့စည်းခြင်း ကြမ်းတန်းခြင်း
သဘောသို့ကျရောက်ရသောကြောင့် သင်္ခတဓာတ်မည်၏။
              တေဇောဓာတ်၎ပါး ဝါယောဓာတ်၆ပါး ဤ၁၀ပါးသော
ဓာတ်သည် ပေါ့သောသဘောရှိသောကြောင့် လဟုဓာတ်မည်
၏။ ရွေ့သွားလှုပ်ရှား၍ ရှင်သောသူနှင့်တူသောကြောင့်
အရှင်ဓာတ်မည်၏။  ပြုပြင်စီရင်တတ်သောကြောင့်
သင်္ခါရဓာတ်မည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ