မဟာဘုတ်
ပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မိမိတို့၏
ကက္ခဠ စသောလက္ခဏာအားဖြင့် ကြီးကျယ်ကုန်သည်
ဖြစ်၍ ထင်ရှားဖြစ်ပေါ်ကုန်သောကြောင့် သမုဒ္ဒရာ စကြဝဠာ
တောတောင်ရေမြေ ငါးကြီး အသူရိန်နတ် ဗြဟ္မာကြီးစသော
သက်ရှိသက်မဲ့ အဆောက်အဦတို့သည် ကြီးကျယ်စွာ ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအဆောက်အဦတို့၏ ကြီးကျယ်
မှု ထင်းရှားမှုတို့သည် ပထဝီစသော ဓာတ်ကြီးလေးပါးတို့
၏ ကြီးကျယ်ခြင်း ထင်ရှားခြင်းကြောင့် ဖြစ်ကုန်၏။
ထို့ကြောင့် ထိုပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မဟာဘုတ်မည်ကုန်၏။(ဝါ)မဟာဘုတ်ဟု ခေါ်ဆိုအပ်ကုန်
၏။
*သလက္ခဏတော သသမ္ဘ္ဘ္ဘာရတော စ မဟန္တာနိ ဟုတွာ
ဘဝန္တိ ပါတုဘဝန္တီတိ မဟာဘူတာနိ။(ပရမတ္ထဒီပနီ)
အနက်*သလက္ခဏတော စ=မိမိတို့၏ သဘောလက္ခဏာ
အားဖြင့်၎င်း။ သသမ္ဘာရတော စ=မိမိတို့၏ အဆောက်အဦ
အားဖြင့်၎င်း။ မဟန္တာနိ-ကြီကျယ်ကုန်သည်။ ဟုတွာ-ဖြစ်၍။
ဘဝန္တိ ပါတုဘဝန္တိ-ထင်ရှားဖြစ်ပေါ်တတ်ကုန်၏။ ဣတိတသ္မာ-ထို့ကြောင့်။မဟာဘူတာနိ-မဟာဘုတ်တို့
မည်၏။

Comments
Post a Comment