အဝိညာဏကနှင့်သဝိညာဏက ဖြစ်စဉ်ချင်းမတူ
အဝိညာဏကသန္တာန်မှာ ရှိသောဓာတ်၎ပါးသည် ဥတုဇဓာတ်သာဖြစ်၏။
သဝိညာဏကသန္တာန်မှာရှိသောဓာတ်၎ပါးသည် စတုဇဓာတ်ဖြစ်၏။
ဤသို့ ဓာတ်ချင်းမတူသောကြောင့် ဖြစ်စဉ်ခြင်းလည်း မတူကြ။
အဝိညာဏကသန္တာန်၌ ဓာ၎ပါးတို့သည် တေဇောဝါယောအာပေါပထဝီ ဤအစဉ်အတိုင်းဖြစ်ကြ၏။ ဖြစ်ပုံမှာ
ရွှံ့ခဲတစ်ခု၏ အလိုအလျောက် ပေါ်ပေါက်ဖြစ်လာခြင်းမှာ ရွှံ့ရေ၏ နေပူရှိန်
နှင့်တွေ့ကြုံ၍ ပူမှုသည် တောဇောဓာတ်မည်၏။ နေရှိန်အခိုးအငွေ့ကြောင့်
၎င်းရွှံ့ရေပြစ်လာမှုသည် ဝါယောဓာတ်မည်၏။ ပြော့ပျောင်းလာမှုသည်
အပေါဓာတ်မည်၏။ ခက်မာလာမှုသည် ပထဝီဓာတ်မည်၏။
ဤသို့ ဓာတ်၎ပါးတို့၏ မရှေးမနှာင်းတစ်ပေါင်းတည်း မိမိကိစ္စသတ္တိဖြင့် ရွက်ဆောင်မှုကြောင့် ရွှံ့ခဲဖြစ်ပေါ်၍လာရ၏။
သဝိညာဏကသန္တာန်၌ ဓာတ်၎ပါးတို့သည် ပထဝီ အာပေါ တေဇော ဝါယော ဤအစဉ်အတိုင်း ဖြစ်ကုန်၏။
ဖြစ်ပုံမှာ သတ္တဝါတို့၏ ပဋိသန္ဓေအခါ၌ အမိသားအိမ် စင်ကြယ်သန့်ရှင်းမှုသည် ပထဝီမည်၏။ ကလလရေကြည်တည်မှုသည်
အာပေါဓာတ်မည်၏။ ရေကြည်၁သတ္တာဟပြည့်သည်မှစ၍
၁၀သတ္တာဟမြောက်သည်တိုင်အောင် အမြှုပ် သားတစ် အခဲ ခက်မ၅ဖြာ
စက္ခု သောတ ဃာန ဇိဝှာ ရုပ်ကလာပ်တို့၏ ရင့်ကျက်မှုသည်
တေဇောဓာတ်မည်၏။ ၁၁သတ္တာဟမှစ၍ ၄၂သတ္တာဟမြောက်သည်တိုင်
အောင် ဆံ မွေးညှင်း စသည်ဖြစ်ပေါ်ပြီးလျှင် ကမ္မဇလေအားသန်၍ ၉လလွန် ၁၀လရောက်၍ သားသူငယ်၏ ဖွားမြင်ခြင်းသည် ဝါယောဓာတ်မည်၏။
ဤသို့ ဓာတ်၎ပါးတို့သည် အစဉ်အတိုင်း တစ်ပေါင်းတည်း မိမိတို့၏ ကိစ္စဖြင့် မရှေးမနှောင်း ရွက်ဆောင်သောကြောင့် သတ္တဝါတို့ဖြစ်ပေါ်
လာရကုန်၏။
ဤဓာတ်၎ပါးတို့၏ ဖြစ်စဉ်ကို ပြခြင်းသည် လွန်ကဲသောဓာတ်ကိုရည်၍ ပြလိုက်ရခြင်းဖြစ်သည်။
Comments
Post a Comment