ဓာတ်၅ပါးတို့၏ သဘာဝလက္ခဏာနှင့်သာမညလက္ခဏာ
ကြမ်းတန်းခြင်း ကက္ခဠလက္ခဏာ နူးညံ့ခြင်းမုဒုကလက္ခဏာသည် ပထဝီဓာတ်၏သဘာဝ
လက္ခဏာမည်၏။
ဖွဲ့စည်းခြင်းအာဗန္ဓနလက္ခဏာ ယိုစီးခြင်းပဂ္ဃရဏလက္ခဏာ
သည် အာပေါဓာတ်၏ သဘာဝလက္ခဏာမည်၏။
အေးမြခြင်းသီတလက္ခဏာ ပူလောင်ခြင်းဥဏှလက္ခဏာ
သည် တောဇောဓာတ်၏ သဘာဝလက္ခဏာမည်၏။
ဖေါင်းပွထောက်ကန်ခြင်းဝိတ္ထမ္ဘိတလက္ခဏာ လှုပ်ရှားခြင်း
သမီရဏလက္ခဏာသည် ဝါယောဓာတ်၏သဘာဝလက္ခဏာမည်၏။
ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရား
၎ပါးတို့၏ ပြုပြင်စီရင်ခြင်းကြောင့် ကက္ခဠလက္ခဏာမှ
ဖေါက်ပြန်၍ မုဒုကလက္ခဏာဖြစ်ခြင်းသည်၎င်း
မုဒုကလက္ခဏာမှဖေါက်ပြန်၍ ကက္ခဠလက္ခဏာဖြစ်ပေါ်
ခြင်းသည်၎င်း ပထဝီဓာတ်၏သင်္ခတလက္ခဏာမည်၏။
အာဗန္ဓနလက္ခဏာမှ ဖေါက်ပြန်၍ ပဂ္ဃရဏလက္ခဏာ
ဖြစ်ပေါ်ခြင်းသည်၎င်း
ပဂ္ဃရဏလက္ခဏာမှဖေါက်ပြန်၍ အာဗန္ဓနလက္ခဏာဖြစ်
ပေါ်ခြင်းသည်၎င်း အာပေါဓာတ်၏သင်္ခတလက္ခဏာ
မည်၏။
သီတလက္ခဏာမှဖေါက်ပြန်၍ ဥဏှလက္ခဏာဖြစ်ပေါ်
ခြင်းသည်၎င်း
ဥဏှလက္ခဏာမှဖေါက်ပြန်၍ သီတလက္ခဏာဖြစ်ပေါ်ခြင်း
သည်၎င်း တေဇောဓာတ်၏သင်္ခတလက္ခဏာမည်၏။
ဝိတ္ထမ္ဘိတလက္ခဏာမှဖေါက်ပြန်၍ သမီရဏလက္ခဏာ
ဖြစ်ပေါ်ခြင်းသည်၎င်း
သမီရဏလက္ခဏာမှဖေါက်ပြန်၍ဝိတ္ထမ္ဘိတလက္ခဏာ
ဖြစ်ပေါ်ခြင်းသည်၎င်း ဝါယောဓာတ်၏သင်္ခတလက္ခဏာ
မည်၏။
ထိုသင်္ခတလက္ခဏာဖြစ်ပေါ်မှုကြောင့် ဥပါဒ် ဌီ ဘင်အစဉ်
မပြတ် လက်ဖျစ်တစ်တွက်တွင် စိတ္တက္ခဏ ကုဋေလေး
ထောင်ခန့် ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စဒုက္ခအနတ္တသဘောသည် သာမညလက္ခဏာမည်၏။
**သဘာဝေါ ကက္ခဠာဒိဖုသနာဒိကော အသာဓာရဏော။
သာမညံ သာဓာရဏော အနိစ္စာဒိသဘာဝေါ။(မူ ဋီ ၆၄)
အနက်။သဘာဝေါ-သဘာဝဟူသည်။ ကက္ခဠာဒိဖုသနာဒိကော-ကက္ခဠအစရှိ ဖုသနအစရှိသော။
အသာဓာရဏော-အခြားတရားတို့နှင့်မဆက်ဆံသောသဘောတည်း။
သာမညံ-သာမညဟူသည်။ သာဓာရဏော-အခြားတရား
တို့နှင့်ဆက်ဆံသော။ အနိစ္စာဒိဘာဝေါ-အနိစ္စအစရှိသည်
တို့၏အဖြစ်တည်း။

Comments
Post a Comment