သဝိညာဏကသန္တာန်၌အပူကြောင့်အာပေါ၏အာဗန္ဓနမဖြစ်

အသက်မရျှိသော အဝိညာဏကသန္တာန်၌ ဥတုဇရုပ်တစ်ပါးသာရှိ၍ သည်းခြေ သလိပ် ပြည် သွေး စသောအာပေါဓာတ်၁၂ပါးမရှိ။ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုထ်အမူအရာမရှိ။ ထိုကြောင့် အာပေါဓာတ်၏ ဖွဲ့စည်းခြင်း အာဗန္ဓနသဘော ဖြစ်နိုင်၏။ ဥပမာ ရွှံ့ညွန်၏ အရည်သည် ပူပြင်းသော နေရှိန်နှင့် တွေ့ထိခဲ့လျှင် ဖွဲ့စည်းခြင်း အာဗန္ဓနသဘောသို့ရောက်ရ၏။ ရေနှင့်တွေ့ထိပြန်သော် အရည်ဖြစ်ခြင်း ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ ဖရောင်းခဲမှာ အပူနှင့်တွေ့ထိလျှင် ယိုစီးခြင်း ပဂ္ဃရဏသဘောသို့ရောက်ရ၏။ အအေးနှင့်တွေ့လျှင် ဖွဲ့စည်း ခြင်းအာဗန္ဓန ခက်မာခြင်း ကက္ခဠသဘောသို့ ရောက်ရပြန်၏။ ဤသို့ အဝိညာဏကသန္တာန်၌ အပူအအေးကြောင့် ဖွဲ့စည်းခြင်းနင့် ယိုစီးခြင်းဖြစ်သင့်၏။ သဝိညာဏကသန္တာန်၌ကား စတုဇရုပ်ဖြစ်၍ သည်းခြေ သလိပ် စသော အာပေါဓာတ်၁၂ပါးလည်းရှိ၏။ သွားခြင်း စသောဣရိယာပုထ် အမူအရာလည်းရှိ၏။ ထိုကြောင့် အအေးသီတနှင့်တွေ့လျှင် သည်းခြေ သလိပ် ပြစ်ခြင်း ခဲခြင်း သွေး ပြည် ပြစ်ခြင်း ခဲခြင်း ချွေးမထွက်ခြင်း အဆီ အစေးမထွက်ခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနသဘောသို့ ရောက်ရ၏။ အပူဥဏှနှုင့်တွေ့ထိလျှင် ထိုကဲ့သို့ အာဗန္ဓနသဘောသို့ မရောက်မူမူ၍ ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ အပူကြောင့် အာဗန္ဓနသဘောသို့မရောက်သင့်။ သွေးအစရှိသော အာပေါဓာတ်တို့သည် အဇ္ဈတ္တသန္တာန်မှ ဗဟိဒ္ဓသန္တာန်သို့ ရောက်လျှင်သာ ဥတုဇရုပ်ဖြစ်၍ အပူကြောင့် အာဗန္ဓနသဘောသို့ ရောက်ရ၏။ (ဆင်ခြင်ပါလေ) ****ဓာတုကဏ္ဍပြီး၏***ဝေဒနာကဏ္ဍဆက်မည်***

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ