ဓာတ်လွန် ဓာတ်ယုတ် ဓာငုပ်

ဓာတ်သည် လွန်ဓာတ် ယုတ်ဓာတ် ငုပ်ဓာတ်ဟူ၍၃ပါး၏။
ထိုတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည် အသေဓာတ်
ဖြစ်သောကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ မထင်ရှား။
တေဇောဓာတ်နှင့်ဝါယောဓာတ်သည် အရှင်ဓာတ်ဖြစ်သော
ကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ ထင်ရှား၏။
ထို့ကြောင့်  ဤအရာ၌ တေဇောဓာတ်နှင့်ဝါယောဓာတ်ကို
သာ ပြအံ့။
                 ဗဟိဒ္ဓသန္တာန်၌ သီတဥတုနှင့်တွေ့ကြုံ၍ ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ ပတ်ဖွဲ့သဖြင့်
တေဇောနှင်ဝါယောဓာတ် ပွာများလွန်ကဲခြင်းသည်
ဓာတ်လွန်သည်မည်၏။
                  သန္တာန်၂ပါး၌ ဥတုဇသီတပထဝီသီတအာပေါ
အာဟာရဇသီတပထဝီ သီတအာပေါဓာတ် လွန်ကဲခြင်း
ကြောင့် တေဇောဓာတ်နှင့်ဝါယောဓာတ် အားနည်းခြင်း
သည် ဓာတ်ယုတ်သည်မည်၏။
                 အဇ္ဈတ္တသန္တာန်၌ တေဇောဓာတ်နှင့်ဝါယောဓာတ်၂ပါးသည် ဗဟိဒ္ဓသန္တာန်
ဥဏှဥတုနှုင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇ
အာဟာရဇသီတပထဝီ သီတအာပေါ သီတဝါယောဓာတ်
တို့နှင့် ကြုံကြိုက်သောအခါ အေးဖွဲ့သော ပထဝီ အာပေါ
ပဋိပက္ခဓာတ်ကိုကြောက်၍ တေဇော ဝါယော တစ်ကိုယ်
လုံးသို့ မပျံ့နှံ့ဘဲ ဝပ်နေခြင်း စုနေခြင်း အကျဉ်းမိခြင်းသည်
ဓာငုပ်သည်မည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ