သီတတေဇောစာ

ချိုသောအာဟာရ ချဉ်သောအာဟာရ ငန်သောအာဟာရသည် သီတတေဇောစာမည်၏။
***ချိုသောအာဟာရစု***
ကြံရေ ထန်းရေ ပေရေ ဓနိရေ အုန်းရေ ဘိလပ်ရေ ပျားရေ သကြား ထန်းလျှက် ကြံသကာ သင်္ဘောသီးမှည့် ငှက်ပျောသီးမှည့် ပိန္နဲသီးမှည့် သြဇာသီးမှည့် ရေကဇွန်း လယ်ပဒူ ကနဖေါ့ မုံလာ ဆလာပ် ဂေါ်ဖီ ဗူးသီး ဗူးရွက် ဖရုံသီး ဖရုံရွက် ကျောက်ဖရုံသီး သခွားသီး သပွတ်ချိုသီးခဝဲသီး ပဲလွန်းရှေသီး ဖရဲသီး
***ချဉ်သောအရသာရှိသောအာဟာရ***
ကျောက်ချဉ် ပန်းသီး နှင်းသီး သဗျက်သီး နာနတ်သီး လိမ္မော်သီး ရှောက်သီး သမ္ဘရာသီး သရက်သီး မရမ်းသီး မှန်ကူသီး သစ်တော့သီး သစ်ချိုသီး သလဲသီး ခံသီး သီးသီး ဇီးသီး မန်ကျည်းသီး မန်ကျည်းရွက် ချဉ်ပေါင်ရွက် လက်လုပ်ချဉ် ခရမ်းချဉ် ကင်းပွန်းချဉ် ဇောင်းလျားသီး ရှောက်ချိုသီး ဇီးဖြူသီး ဖန်ခါးသီး ဆိမ့်သောအစာထဲက ဝက်သား ဝက်ဆီ။
***ငန်သောအာဟာရ**
ဆား ဆားပုပ် သိန္ဒော ဆပ်ပျာ ဆော်ဒါ ယောက်သွားပျာ အေးသောသစ်မြစ်သစ်ခေါက်တို့၏ပျာ  အေးသောရုက္ခမူဆား  ဤပြဆိုအပ်ပြီးသော ဆေးအာဟာရသည် သီတတေဇောစာမည်၏။ ယူလွယ်စေရန်အကျိုးငှာ အကျဉ်းမျှထုတ်ပြလိုက်သည် နည်းမှီ၍ အရသာတူ သစ်သီးသစ်ရွက်များကိုလည်း  ဤနည်းအတိုင်း ယူကြပါလေ။
အထူးကား၊။သီတဝါယောစာ သီတတေဇောစာတို့၌ ဓာတ်သက်စာ ဓာတ်ချုပ်စာ ၂မျိုးပါရှိ၏ ။သူနာကိုမေး၍
ဓာတ်ချုပ်မူ သက်စာကိုပေး သက်မူ ချုပ်စာကိုပေး၍ ကုသပါလေ။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ