မိဿကကဏ္ဍ


**ဓာတ်နှင့်ဝေဒနာ ရောနှောပြခြင်း**
သီတပထဝီဓာတ်လွန်လျှင် လက္ခဏာ
၅ပါးတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် အကျိုးထင်သော သီတပထဝီနာ ဖြစ်တတ်၏။ ဖြစ်တတ်သော သီတပထဝီနာမျိုးကား----နူနာ ထုန်ကွက်နာ ထုန်ကျင်နာ မီးယပ်ကွက်နာ မီးယပ်ပိန်နာ မီးယပ်ခြောက်နာ ဒူလာရိုးနာ ဒူလာကွက်နာ ချောင်းဆိုးသွေးပါနာ ပန်းနာ သလိပ်နာ သွေးငုပ်နာ လေပျက်နာ လေပြတ်နာ သွက္ချာပါဒနာ သတိလစ်နာ အရူးအနုနာ ဆီးချုပ်နာ ကျောက်တည်နာ ဝမ်းထဲအခဲပေါ်နာ ကာလသားနာ သွေးတက်နာ သွေးမုတ်နာ ရေမုတ်နာ ဖျဉ်းစွဲနာ အိုင်းအမာနာ လျှာကွဲနာ နှုတ်ခမ်းကွဲနာ ဤပြဆိုပြီးအနာများနှင့် အလားတူ ကြွင်းသောအနာမျိုးသည် သီတပထဝီဓာတ်လွန်ကဲ၍ ဥဏှဝါယောဓာတ် ယုတ်လျော့ခြင်းကြောင့် ဖြစ်သော သီတပထဝီနာမည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ