သီတာဟာရနှင့် အာဗန္ဓနာဟာရ ထူးပုံ
အချို့သောဆေးအာဟာရသည် အေးသောသဘောရှိသော်လည်း အာဗန္ဓနသဘောမရှိ။ အဘယ့်ကြောင့်ဆိုသော် အဇ္ဈတ္တပထဝီခေါ်သော ဓာတ်ချုပ်ခြင်း လေချုပ်ခြင်း ဆီးချုပ်ခြင်း ရင်ခံခြင်း အစာမကြေခြင်း စသောအဇ္ဈတ္တအဖွဲ့ကို ဖျက်ဆီးတတ်သော သဘောရှိသောကြောင့် အေးသော သဘောရှိသော်လည်း အာဗန္ဓနသဘောမရှိ။ အချို့သော
ဆေးအာဟာရသည် အာဗန္ဓနသတ္တိရှိ၏။အာဗန္ဓနသတ္တိ
ရှိသောဆေးအာဟာရသည် သီတတေဇောရှိမြဲသာတည်း။
ထို့ကြောင့် (၁)သီတတေဇာသာရှိ၍ အာဗန္ဓနသဘောမရှိ
သော ဆေးအစာအာဟာရရှိ၏
(၂)အာဗန္ဓနသဘောသာရှိ၍ သီတတေဇောမရှိသော ဆေးအစာအာဟာရမရှိ
(၃)သီတတေဇောလည်းရှိ အာဗန္ဓနသဘောလည်းရှိသော ဆေးအစာအာဟာရရှိ၏
(၄)သီတတေဇောလည်းမရှိ အာဗန္ဓနသဘောလည်းမရှိ
သောဆေးအစာအာဟာရရှိ၏
**အကျယ် ရှင်းပြခြင်း**
(၁)ပထမစက်အရ သီတတေဇော သက်သက်ဖြစ်သော
ဆေးအစာအာဟာရစုကား ဆား ဆားပုပ် သိန္ဒော
ကျောက်ချဉ် ဇဝက်သာ ယမ်းစိမ်း ဒုတ္ထာ လက်ချား ဂျွတ် သွတ် ဆော်ဒါ ဆပ်ပျာ ဆားခါး ပြဒါး ယောက်သွား လိပ်ကျောက်ဆူး ကြွေပုပ် ရေဝက်စွယ် ၎င်းတို့၏ပျာ အေးသောအရသာရှိသော သစ်မြစ်သစ်ခေါက်တို့၏ပျာ ဆပ်ပျာနှင့် မန်ကျည်းမှည့်ရောရာ ဆားနှင့်မကျည်းမှည့်ရောရာ ကင်ပွန်းရေနှင့်ဆား ဆပ်ပျာနှင့်လဘက်ရောရာ
ဤဆေးအစာအာဟာရစုသည် အာဗောဓာတ်၏
အာဗန္ဓနမဖက် အဇ္ဈတ္တပထဝီကို ဖျက်ဆီးနိုင်သောသီတတေဇောသက်သက် ဆေးအစာအာဟာရမည်၏ ထို့ကြောင့်ဆေးဆရာတို့သည်
ဆေးဖေါ်သောအခါ ဤဆေးကို ၂မျိုး၃မျိုးစသည်ဖြင့်
ရောနှော၍ဖေါ်သင့်ရာ၏
(၂)ဒုတိယစက်အရ အဘယ့်ကြောင့်မရှိသနည်း ။အာဗန္ဓနသဘောရှိက သီတတေဇောကိန်းမြဲဖြစ်သော
ကြောင့်တည်း။
(၃)တတိယစက်အရ သကြား ကြံရေ ထန်းရေ ကြံသကာ
ထန်းလျက် ပေရေစသော ချိုသောအာဟာရ သရက်သီး
မရမ်းသီး မန်ကျည်းသီး ရောက် သမ္ဘရာစသောချဉ်သော
အာဟာရ သဖန်းသီး သပြေသီး ငှက်ပျောသီးစိမ်းမာလကာသီးစသောအေးဖန်သော
အာဟာရ အုန်းသီးဆံ သစ်ကြားသီးဆံ မြေပဲဆံ နွားနို့
ဆိတ်နို့ ကျွဲနို့စသော အေးဆိမ့်သောအာဟာရ ဤအာဟာရတို့သည် သီတတေဇော အာဗန္ဓနသဘော
ရောနှောဆက်ဆံသော အစာအာဟာရမည်၏
(ဝါ)အာဗန္ဓနာဟာရမည်၏။
(၄)စတုတ္ထစက်အရကား ပူသောအစာအာဟာရ စပ်သော
အစာအာဟာရကိုရ၏။

Comments
Post a Comment