ဥဏှတေဇောစာ
ဥဏှတေဇောစာ
ပူချို ပူစပ် ပူသက်သော ဆေးအာဟာရသည် ဥဏှတေဇောမည်၏။
**ပူချိုသောအာဟာရ------အုတ်ရှစ်သီးမှည့် ရဲရိုသီးမှည့် ဒူးရင်းသီးမှည့် နွားသား ကြက်သား ဂျိုးသား ခါသား ယုန်သား ဂျီသား ဟင်းနုနွယ်ဆူးပေါက် တောင်ကဇွန်း
**ပူစပ်သောအာဟာရ----ငရုပ်ကောင်း ပိတ်ချင်း ချင်း လေးညှင်း
ဇာဒိပ္ဖိုလ် ကြက်သွန်ဖြူ လင်းနေ ကွမ်းရွက် မိဿလင် ငရုပ်သီးရွက် ကလအော်သီးရွက် ခရမ်းကဇော့သီး ရဲရိုသီးစိမ်း ခရမ်းစပ်သီး
**ပူသက်သောအာဟာရ----ဖြောက်ဆိတ် ကြာဟင်း ကနခို ရှားဇောင်းကြီး နှပ်ချို မင်းကိုးကာ ဆယ့်နှစ်ရာသီ
ဤပြဆိုအပ်ပြီးသော ဆေးအစာ အာဟာရသည် ဥဏှတေဇောစာမည်၏။
အထူးကား နွားသား ကြက်သား စသောအစာအာဟာရသည် ချိုဆိမ့်သော ရသဓာတ် ၂ပါးနှင့် ဆက်ဆံ၍နေသောကြောင့် ဥဏှပထီစာ ဥဏှတေဇောစာ၂ပါး၌ ထည့်သွင်း၍ပြလိုက်သည်။
သီတပထဝီနာဖြစ်သူတို့အား၎င်း သီတတေဇောနာ ဆက်ဆံ ဖစ်သောသူတို့အား၎င်း အနာ၂ပါး ဆက်ဆံ၍၎င်း ကြက်သား နွားသားစသော အစာအာဟာရတို့ကို ကျွေးနိုင်ရာ၏။
ဤဥဏှဝါယောစာ ဥဏှတေဇောစာ၌
လည်း သက်စာ ချုပ်စာဟူ၍၂ပါးရှိရာ သူနာမှာ ဓာတ်သက်နေလျှင် ချုပ်စာကိုပေး ဓာတ်ချုပ်နေလျှင် သက်စာကိုပေး ဤသို့ ဉာဏ်ယှဉ်၍ပေးမှသာ ဝေဒနာမှာ လွယ်ကူစွာပျောက်နိုင်၏။

Comments
Post a Comment