ဥဏှပထဝီနာ
ဥဏှပထဝီဓာတ်လွန်လျှင် လက္ခဏာ
၅ပါးတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သော ဥဏှပထဝီနာဖြစ်ပေါ်လာတတ်၏။
ဖြစ်ပေါ်တတ်သော ဥဏှပထဝီနာမျိုးမှာ-----ဆီးဝမ်းချုပ်ခြင်း စမြင်းများခြင်း ခြေကွဲနာဖြစ်ခြင်း ခြေပူနာဖြစ်ခြင်း ဆီးပူနာဖြစ်ခြင်း ရင်ပူနာဖြစ်ခြင်း မျက်စိနာခြင်း မျက်စိကျိန်းခြင်း လျှာကွဲခြင်း နှုတ်ခမ်းကွဲခြင်း ဤအနာများနှင့်အလားတူအနာ
၎င်းအနာမျိုးသည် ဥဏှပထဝီဓာတ်လွန်ကဲ၍ ဗဟိဒ္ဓအာပေါဓာတ်အာဗန္ဓနများသော
ကြောင့် ဖြစ်ပေါ်တတ်သော ဥဏှပထဝီနာမျိုးမည်၏။

Comments
Post a Comment