ဥဏှဝါယောစာ

ဥဏှဝါယောစာ
ပူခါးသောဆေးအာဟာရသည် ဥဏှဝါယောစာမည်၏။
တမာ သမုန်း ကြောင်လျှာ သက်ရင်းကြီး ဆူးခေါက်နက် လက်ထုပ်ကြီး ခင်ပုပ် ငုစပ် ဂုန်ခါး ဇောင်ဂျမ်းသီး ဇောင်ဂျမ်းရွက် ကင်းမုံသီး ကင်းမုံရွက် ကြက်ဟင်းခါးသီး ကြက်ဟင်းခါးရွက် ခွေးတောက် ကုလားမျက်စိ ရဲရိုရွက် မိုးနံမြစ် မိုးနံရွက် နရှာကြီး ရွက် ကြောင်ပန်းရွက် မရိုးကြီး နနွင်းနွယ် ကြိန်ခါးဖူး။
ဤပြဆိုအပ်ပြီးသော အစာအာဟာရသည် ဥဏှဝါယောစာမည်၏။
ဤဆေးအစာအာဟာရတို့ကို နည်းမှီ၍ ကြွင်းသော တောတောင်၌ရှိသောဆေး တို့ကိုလည်း ပူခြင်း အေးခြင်း ခါးခြင်း ဖန်ခြင်း ချိုခြင်း ချဉ်ခြင်း ငန်ခြင်း စပ်ခြင်းစသော ရသဓာတ်၏အခြင်းအရာ ဂရုလဟုဓာတ်၏အခြင်းအရာစသည်တို့ဖြင့် ထောက်ရှု၍ ယူကြပါလေ။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ