သီတဝါယောနာများ

သီတဝါယောဓာတ်လွန်လျှင် ၅ပါးသော လက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သော သီတဝါယောနာ ဖြစ်တတ်၏။
ဖြစ်တတ်သောသီတဝါယောနာမျိုးကား------နောက်ကြောတက်နာ လေထိုးနာ ရင်ဘတ်နာ ရင်ကျပ်နာ ဝမ်းရောင်နာ ကိုယ်ရောင်နာ ကိုယ်လှနာ လေမုတ်နာ အူကျနာ မြင်းသရိုက်နာ သွေးအန်နာ အရူကြမ်းနာ ဝက်ရူးနာ ကြက်ရူးနာ ထိပ်ကပ်နာ မူးနာ ခေါင်းကိုက်နာ မျက်စိမှုန်နာ မျက်ခမ်းစပ်နာ တိမ်သလာနာ နားပင်းနာ နားထိုင်းနာ ဒန္တစိုနာ ချောင်းဆိုးနာ သတိလစ်နာ မေ့လျော့နာ ပျို့အန်နာ ကြို့ထိုးနာ ငန်းနာ မန်းနာ အဖျားနာ အနာလုံးပေါက်နာ ပွေးဝဲစသောအနာ လိင်တက်နာ။ ဤဆိုအပ်ပြီးအနာများနှင့်အလာတူ အနာ ၎င်းအနာမျိုးတို့သည် သီတဝါယောလွန်ကဲ၍ ဥဏှဝါယောငုပ်ခြင်းကြောင့် ဖြစ်လာသော သီတဝါယောနာမည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ