အာကာသဆေးအာဟာရ
အာကာသဆေးအာဟာရ။
အဇ္ဈတ္တသန္တာန်ပိတ်ဆို့၍နေခြင်းသည် အဇ္ဈတ္တပထဝီမည်၏။ ဗဟိဒ္ဓသန္တာန်ပိတ်ဆို့၍နေခြင်းသည် ဗဟိဒ္ဓပထဝီမည်၏။ အဇ္ဈတ္တပထဝီ၏
ပွင့်လင်းမှုသည် အဇ္ဈတ္တာကာသမည်၏။ ဗဟိဒ္ဓပထဝီ၏
ပွင့်လင်းမှုသည် ဗဟိဒ္ဓါကာသမည်၏။
ထိုပထဝီ၂ပါးကို ဖျက်ဆီး၍ ပွင့်လင်းမှု
ကို ဖြစ်စေတတ်သော ဥဏှဆေးအာဟာရသည် အာကာသဆေးအာဟာရမည်၏။
သီတတေဇောသက်သက်ဆေးအာဟာရသည်ကား အဇ္ဈတ္တပထဝီကိုဖျက်
ဆီး၍ အဇ္ဈတ္တာကာသတစ်ခုတည်းကို
သာ ပွင့်လင်းစေနိုင်၏။ဗဟိဒ္ဓါကာသ
ကို မပွင့်လင်းစေနိုင်။ဤသို့တစ်စွယ်
ကိုသာ ဖျက်ဆီးပွင့်လင်းစေနိုင်သော
ကြောင့် အာကာသဆေးအာဟာရမ
မည်။ ဥဏှဆေးအစာအာဟာရသည်ကား နှစ်စွယ်လုံးကို ဖျက်ဆီးနိုင်ပွင့်လင်းစေ
နိုင်သောကြောင့် အာကာသဆေးအာဟာရမည်၏။
သီတတေဇောသက်သက်ဆေးအာဟာရသည် ဗဟိဒ္ဓပထဝီကို မပွင့်လင်း
စေနိုင်သော်လည်း ဥဏှဆေးအာဟာ
ရဖြင့် ဖျက်ဆီး၍မရနိုင်အောင် ဆီးချုပ်
ခြင်း ဓာတ်လေချုပ်ခြင်း ရင်ကျပ်ခြင်း
စသည်ဖြင့် အဇ္ဈတ္တပထဝီလွန်ကဲနေသောသူအား
သီတတေဇောဆေးအာဟာရဖြင့် သဘာဂချင်းချုင်း ဖျက်ဆီးပြီးမှ ဗဟိဒ္ဓပျက် ဥဏှပထဝီဆေးအစာအာဟာရကိုပေး
ရာ၏။ ထိုမှတစ်ပါး ဗဟိဒ္ဓသန္တာန်က ဆေးလိမ်းခြင်း ချွေးအောင်းခြင်း မီးခိုးမှိုင်းခံခြင်း ရေနွေးမှိုင်းခံခြင်း ကျပ်ထုပ်ထိုးခြင်း ဆီညှော်တိုက်ခြင်း
နှာနှတ်ခြင်း မျက်စဉ်း ခတ်ခြင်း မွှေးကြိုင်သောပန်းတို့ကို နမ်းစေခြင်း
စသည်ဖြင့်ပြုလုပ်ခြင်းသည်လည်း အကူဗဟိဒ္ဓါကာသဆေးမည်၏။
ဓာတ်ချူခြင်း ဆီးချူခြင်းစသည်ဖြင့်ပြု
လုပ်ခြင်းသည်လည်း အကူအဇ္ဈတ္တာကာသဆေးမည်၏။
ထိုကြောင့် ဆေးဆရာတို့သည် မိမိဆေးဖြင့် ဖွင့်၍မရသောသူနာတို့အား သီတတေဇောသက်သက်ဆေးအာဟာရနှင့် ရောနှော၍ကူပေခြင်း ဗဟိဒ္ဓါကာသပွင့်စေရန် ဆေးလိမ်းခြင်း စသော အကူအာကာသဆေးတို့ဖြင့် ကူမပြီး
သဘာဝယုတ္တိကိုက်ညီအောင် ကြံဆ၍
ကုသရာ၏။

Comments
Post a Comment