ဝေဒနာ ဥတု၂ပါးရောနှောပြ
သီတနာ၃ပါးသည် အနာနှင့် ဝိသဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ ယေဘုယျဖြစ်ပေါ်၍ သဘာဂဖြစ်သော
သီတဥတုအတွင်း၌ အနည်းငယ် ဖြစ်ပေါ်တတ်၏။ ပျောက်ကင်းသောအ
ခါ ဝိသဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ ယေဘုယျပျောက်
ကင်း၍ သဘာဂဖြစ်သော သီတဥတု
အတွင်း၌ အနည်းငယ်ပျောက်ကင်းနိုင်၏။
ဥဏှဥတုသည် အနာနှင့်ဝိသဘာဂဖြစ်
သော်လည်း ဆေးအစာနှင့် သဘာဂဖြစ်သောကြောင့် ၎င်းဥဏှဥတုအတွင်း၌ပင် ပျောက်ကင်းနိုင်၏ဟုမှတ်အပ်၏။
အစိတ်အားဖြင့်သော်ကား------သီတပထဝီနာသည် သိသိရရတုနှင့်
နိန္ဒရရတုအကူး၌၎င်း ထိုရတု၂ပါးအတွင်း၌သော်၎င်း ဇင်္ဂလဒေသ၌သော်၎င်း အနာနှင့်ဥတု
ဝိသဘာဂဖြစ်သောကြောင့် ယေဘယျ
ဖြစ်ပေါ်ပြီးလျှင် ကြွင်းသောသီတဥတုနှင့် ကြွင်းသောဒေသတို့၌ အနာနှင့်ဥတု
သဘာဂဖြစ်သောကြောင့် အနည်းငယ်
ဖြစ်ပေါ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့် သဘာဂဖြစ်သော
ဥဏှဥတုအတွင်း၌၎င်း ဇင်္ဂလဒေသ၌
၎င်း လွယ်ကူစွာပျောက်ကင်း၍ ကြွင်းသောဥတု ကြွင်းသောဒေသတို့
၌ ဆေးနှင့်ဥတုဝိသဘာဂဖြစ်သော
ကြောင့် အပျောက်နှေး၏။ ဥဏှဥတုမှ
လွန်မြောက်၍ သီတဥတုသို့ရောက်သော ဥတုကို ကျော်လွန်သွားသဖြင့် ပျောက်ကင်းနိုင်ခဲ၏။ အနုပဒေသ
သာဓာရဏဒေသတို့၌ ၎င်းအနာမျိုးဖြစ်ပေါ်၍ ဥဏှဥတုအခိုးနည်းခြင်းကြောင့် မပျောက်ကင်းနိုင်လျှင် ဇင်္ဂလဒေသသို့
ပြောင်းရွှေ့၍ ကုသသင့်၏။
သီတဝါယောနာသည် နိန္ဒရရတုနှင့် ဂိမှရတုအကူး၌သော်၎င်း ထိုရတု၂ပါး
အတွင်း၌သော်၎င်း ဇင်္ဂလဒေသ၌သော်၎င်း အနာနှင့်ဥတု ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျ ဖြစ်ပေါ်ပြီးလျှင် ကြွင်းသောသီတဥတု ကြွင်းသောဒေသတို့၌ အနာနှင့်ဥတု သဘာဂဖြစ်သောကြောင့် အနည်းငယ်
ဖြစ်ပေါ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့် သဘာဂဖြစ်သော ဥဏှဥတုအတွင်း၌၎င်း ဇင်္ဂလဒေသ၌၎င်း လွယ်ကူစွာ ပျောက်ကင်း၍ ကြွင်းသောသီတဥတု ကြွင်းသောဒေသတို့၌ ဆေးအာဟာရနှင့် ဝိသဘာဂဖြစ်သော
ကြောင့် အနည်းငယ်အားဖြင့်ပျောက်ကင်းနိုင်၏ ။ဥတုကျော်လွန်သွားခဲ့လျှင် ဇင်္ဂလ
ဒေသသို့ ပြောင်းရွှေ့၍ဖြစ်စေ ချွေးအောင်းခြင်း မှိုင်းခံခြင်းစသော ဥတုပြုပြင်မှုဖြင့်ဖြစ်စေ ကုသသင့်၏။
သီတတေဇောနာသည် ဂိမှရတုနှင့် ဝဿာနရတုအကူး၌၎င်း ထိုရတု၂ပါးအတွင်း၌၎င်း ဇင်္ဂလဒေသ
၌၎င်း အနာနှင့်ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်ပြီးလျှင် ကြွင်းသောသီတဥတု ကြွင်းသောဒေသတို့၌ အနာနှင့်ဥတု သဘာဂဖြစ်သောကြောင့် အနည်းငယ် ဖြစ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့် သဘာဂဖြစ်သော ဥဏှဥတုအတွင်း၌၎င်း ဇင်္ဂလဒေသ၌၎င်း အလျင်အမြန် ပျောက်ကင်း၍ ကြွင်းသောဥတု ကြွင်း
သောဒေသတို့၌ အနည်းငယ် ပျောက်
ကင်းနိုင်၏။
ဥတုကျော်လွန်သွားလျှင် ပျောက်ကင်း
နိုင်ခဲ၏။ အနုပဒေသ သာဓာရဏဒေသတို့၌ ၎င်းအနာမျိုးဖြစ်ပေါ်၍ မပျောက်ကင်း
နိုင်လျှင် ဇင်္ဂလဒေသသို့ ပြောင်းရွှေ့၍
ကုသသင့်၏။
ဥဏှနာ၃ပါးသည် အနာနှင့်ဝိသဘာဂဖြစ်သော သီတဥတုအတွင်း၌ ယေဘုယျ ဖြစ်ပေါ်တတ်၍ အနာနှင့်သဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ အနည်းငယ် ဖြစ်ပေါ်တတ်၏။ ပျောက်ကင်းသောအ
ခါ အနာနှင့်ဝိသဘာဂဖြစ်သော သီတဥတုအတွင်း၌ ယေဘုယျ ပျောက်ကင်း၍ အနာနှင့်သဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ အနည်ုးငယ်ပျောက်ကင်းနိုင်၏။
အစိတ်အားဖြင့်ကား-----ဥဏှပထဝီနာ
သည် ဝဿာနရတုနှင့် သရဒရတုအကူး၌သော်၎င်း ထိုရတု၂ပါးအတွင်း၌သော၎င်း အနုပဒေသ သာဓာရဏဒေသတို့၌သော်၎င်း အနာနှင့်ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်ပေါ်တတ်၍ ကြွင်းသော
ဥဏှဥတု ဇင်္ဂလအရပ်တို့၌ အနာနှင့် ဥတု သဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်ပေါ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့် သဘာဖြစ်သော သီတဥတု အနုပဒေသ သာဓာရဏဒေသတို့၌ ယေဘုယျ ပျောက်ကင်း၍ ကြွင်းသောဥဏှဥတု
ဇင်္ဂလအရပ်တို့၌ ဆေးအာဟာရနှင့်
ဥတု ဝိသဘာဂဖြစ်သောကြောင့် အနည်းငယ် ပျောက်ကင်းနိုင်၏။
ဥဏှဝါယောနာသည် သရဒရတုနှင့်
ဟေမန္တရတုအကူး၌သော်၎င်း ထိုရတု
၂ပါးအတွင်း၌သော်၎င်း အနုပဒေသ သာဓာရဏဒေသတို့၌သော်၎င်း အနာနှင့်ဥတု ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်ပေါ်တတ်၍ ကြွင်းသော
ဥတု ဇင်္ဂလဒေသတို့၌ အနာနှင့်ဥတုသဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်ပေါ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနနှင့် သဘာဂဖြစ်သော
သီတဥတု အနုပဒေသ သာဓာရဏဒေ
သတို့၌ ယေဘုယျပျောက်ကင်း၍ ကြွင်းသော ဥဏှဥတု ဇင်္ဂလဒေသတို့၌ ဆေးအာဟာရနှင့် ဥတု ဝိသဘာဂဖြစ်
သောကြောင့် အနည်းငယ် ပျောက်ကင်းနိုင်၏။
ဥဏှတေဇောနာသည် ဟေမန္တရတုနှင့်
သိသိရရတုအကူး၌သော်၎င်း ထိုရတု
၂ပါးအတွင်း၌သော်၎င်း အနုပဒေသ သာဓာရဏဒေသတို့၌သော်၎င်း အနာနှင့်ဥတု ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျ ဖြစ်ပေါ်တတ်၍ ကြွင်းသောဥဏှဥတု ဇင်္ဂလဒေသတို့၌ အနာနှင့်ဥတု သဘာဂဖြစ်သောကြောင့် အနည်းငယ်
ဖြစ်ပေါ်တတ်၏။
ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့်သဘာဂဖြစ်သော သီတဥတု အနုပဒေသ သာဓာရဏဒေ
သတို့၌ ယေဘုယျ ပျောက်ကင်း၍ ကြွင်းသောဥဏှဥတု ဇင်္ဂလဒေသတို့၌
ဆေးအာဟာရနှင့်ဥတု ဝိသဘာဂဖြစ်
သောကြောင့် အနည်းငယ် ပျောက်ကင်းနိုင်၏။ု

Comments
Post a Comment