အကြောင်း၎ပါးစွဲ၍ ဓာတ်၁၆ပါးပြားပုံ

မဟာဘုတ်၎ပါးတို့သည် ၄ပါးသောအကြောင်းတို့ကြောင့်
ဖြစ်သောကြောင့် စတုသမုဋ္ဌာနိကရုပ်တို့မည်၏။
       ထိုစတုသမုဋ္ဌာနိကရုပ်တို့သည် အကြောင်း၎ပါးကိုစွဲ၍
၁၆ပါးပြားကုန်၏။
      **ကံအကြောင်းကိုစွဲ၍
ကမ္မဇပထဝီ ကမ္မဇအာပေါ ကမ္မဇတေဇော ကမ္မဇဝါယောဟူ
၍၄ပါး
  **စိတ်အကြောင်းကိုစွဲ၍
စိတ္တဇပထဝီ စိတ္တဇအာပေါ စိတ္တဇတေဇော စိတ္တဇဝါယောဟူ
၍၄ပါး
   **ဥတုအကြောင်းကိုစွဲ၍
ဥတုဇပထဝီ ဥတုဇအာပေါ ဥတုဇတေဇော ဥတုဇဝါယောဟူ
၍၄ပါး
      **အာဟာရအကြောင်းကိုစွဲ၍
အာဟာရဇပထဝီ အာဟာရဇအာပေါ အာဟာရဇတေဇော အာဟာရဇဝါယောဟူ၍၄ပါး  ပေါင်း၁၆ပါး။
  ***ဤဓာတ်၎ပါးပြားပုံကို နည်းမှီ၍   အာကာသဓာတ်ကို
လည်း ကမ္မဇာကာသ စိတ္တဇာကာသ ဥတုဇာကာသ
အာဟာရဇာကာသဟူ၍၄ပါးယူလေ။
***အဝိနိဗ္ဘောဂရူပါနိ စေဝ အာကာသဓာတု စ စတူဟိ
သမ္ဘ္ဘူတာနိ။(သင်္ဂဟ)

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ