ဓာတ်လေးပါးကို မိဿက စသည်ခွဲပုံ

ဓာတ်လေးပါးတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည်
ရောရှက်ခြင်း သင့်တင့်ခြင်းသဘောရှိသောကြောင့်
မိဿကဓာတ်မည်၏။ လေးသောဂရုသဘောခြင်းတူ
မျှသောကြောင့် သဘာဂဓာတ်မည်၏။ လေးသောသဘော
ရှိသောကြောင့် ဂရုဓာတ်မည်၏။ အမြဲနေသောအိမ်ရှင်နှင့်
တူသောကြောင့် အာဝါသိကဓာမည်၏။ မရွေ့မရှား သေသောသူနှင့်တူသောကြောင့် အသေဓာတ်မည်၏။
တေဇောဓာတ်နှင့်ဝါယောဓာတ်သည် ရောရှက်ခြင်း
သင့်တင့်ခြင်းသဘောရှိသောကြောင့် မိဿကဓာတ်မည်၏။
ပေါ့သောလဟုသဘောခြင်းတူမျှသောကြောင့် သဘာဂဓာတ်မည်၏။ ပေါ့သောသဘောရှိသောကြောင့်
လဟုဓာတ်မည်၏။ အခိုက်အတန့်နေသောဧည့်သည်
နှင့်တူသောကြောင့် အာဂန္တုကဓာတ်မည်၏။
ရွေ့ရှားခြင်းသဘောရှိ၍ အသက်ရှင်သောသူနှင့်တူသော
ကြောင့် အရှင်ဓာတ်မည်၏။
*ထိုကြောင့် မီးနှင့်ကားလေ ရေနှင့်မြေ မိတ်ဆွေတော်ကြ
သဟာယ ဟုဆိုရိုးပြုကြကုန်၏။
ပထဝီဓာနှင့်ဝါယောဓာတ် အာပေါဓာတ်နှင့်တေဇောဓာတ်
သည် မရောမရှက် မသင့်တင့်သော သဘောရှိသောကြောင့် ပဋိပက္ခဓာတ်မည်၏။ သဘောခြင်း
မတူသောကြောင့် ဝိသဘာဂဓာတ်မည်၏။
*ထို့ကြောင့် မီးနှင့်ကားရေ လေနှင့်မြေ မိတ်ဆွေမစပ် ပဋိဃတ် ဟုဆိုရိုးပြုကြကုန်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ