အာပေါဓာတ်
အာပေါဓာတ်သည် ယိုစီးခြင်းလက္ခဏာ တစ်နည်း ဖွဲ့စည်းခြင်းလက္ခဏာ ပွားစီးခြင်းကိစ္စ ပေါင်းစုခြင်းလျှင်ရှေးရှုထင်ခြင်း ပစ္ဇုပဋ္ဌာန် ကြွင်းသော
ဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။
**အာပေါဓာတု ပဂ္ဃရဏလက္ခဏာ။
ဗြူဟနရသာ။ သင်္ဂဟပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။
(အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈)
အနက်*အာပေါဓာတု-အာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ-ယိုစီးခြင်းလက္ခဏာရှိ၏။
ဗြူဟနရသာ-ပွားစီးခြင်းကိစ္စရှိ၏။ သင်္ဂဟပစ္စုပဋ္ဌာနာ-ပေါင်းစု၍
ယူခြင်းလျှင် ရှေးရှုထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ-ကြွင်း
သောဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်းရှိ၏။
အာပေါဓာတ်သည် ယိုစီးခြင်းပဂ္ဃရဏ သဘောသာရှိသည်
မဟုတ်သေး ဖွဲ့စည်းခြင်း အာဗန္ဓန သဘောလည်းရှိသေး၏။
ထိုအာဗန္ဓနသဘောကို ရည်၍ သမ္မော အဋ္ဌကထာ၌
အာပေါဓာတူတိ အာဗန္ဓနဓာတု ဟုမိန့်တော်မူ၏။
အာပေါဓာတူတိ-အာပေါဓာတ်ဟူသည်ကား။
အာဗန္ဓနဓာတု-ဖွဲ့စည်းခြင်းသဘောရှိသောဓာတ်တည်း။

Comments
Post a Comment