ဒိဝသဥတု၅ပါး
တတစ်ရက်တစ်ရက်တွင် သွေး သလိပ် သည်းခြေ လေ အပုပ်ဟူ၍ ၅ပိုင်း
ရှိရာ ည၁၂နာရီအချိန်မှ နံနက်၈နာရီတိုင်အောင်သောအချိန်ကာလသည်
သွေးတက်ကြွအုပ်ချုပ်သောကြောင့် သွေးချိန်မည်၏။
နံနက်၈နာရီမှ နေ့၁၂နာရီအချိန်တိုင်အောင်သောကာလသည် သလိပ်အုပ်ချုပ်သောကြောင့် သလိပ်ချိန်မည်၏။
နေ့၁၂နာရီအချိန်မှ ညနေ၄နာရီအချိန်တိုင်အောင်သောကာလသည်
ဗဒ္ဓသည်းခြေအုပ်ချုပ်သောကြောင့် သည်းခြေချိန်မည်၏။
ညနေ၄နာရီအချိန်မှ ည၈နာရီအချိန်တိုင်သောကာလသည် လေတက်ကြွ
အုပ်ချုပ်သောကြောင့် လေချိန်မည်၏။
ည၈နာရီအချိန်မှ ည၁၂နာရီအချိန်တိုင်အောင်သောကာလသည် အပုပ်တက်ကြွအုပ်ချုပ်သောကြောင့် အပုပ်ချိန်မည်၏။
ဤအချိန်၅ပိုင်းတို့တွင် သွေးချိန်နှင့်သလိပ်ချိန်သည် သီတတေဇောအုပ်
ချုပ်သောကြောင့် သီတဥတုမည်၏။ ကြွင်းသောအချိန်၃ပါးသည် ဥဏှတေဇော အုပ်ချုပ်သောကြောင့် ဥဏဥတုမည်၏။
ဆေးအစာတိုက်ကျွေးသောအခါ သီတချိန်၌ သီတဆေးအစာကို
ယေဘူယျတိုက်ကျွေးရာ၏။ ဥဏှချိန်၌ ဥဏှဆေးအစာကို ယေဘူယျ
တိုက်ကျွေးရာ၏။
(မှတ်ရန်) အပူလွန်သောပုဂ္ဂိုလ်အား သွေးကို များစေ ပွားစေလိုလျှင်
သွေးချိန်၌ တိုက်ကျွေးရာ၏။ ထို့အတူ သလိပ်စသည်တို့ကို များစေ
ပွားစေလိုလျှင် သလိပ်ချိန်စသည်တို့၌ တိုက်ကျွေးရာ၏။
(မှတ်ချက်) ဒိဝသဥတု၅ပါးယူဆပုံမှာ နရသုခိစသော ရှေးဆေးကျမ်းများနှင့်
မကိုက်ညီ။ ရှေးဆေးကျမ်းများကား သွေး သည်းခြေ လေ အပုပ် သလိပ်
ဟု သွေးချိန်ကစ၍ သလိပ်အဆုံးထား ယူကြ၏။ ဤကျမ်းဆရာကား
သွေး သလိပ် သည်းခြေ လေ အပုပ်ဟုယူ၏။ အာစရိယဝါဒတစ်မျိုးပင်
တည်းဟုယူဆရမည်။
Comments
Post a Comment