သံဝစ္ဆရသီတဥဏှဥတု၂ပါး

ကမ္ဘာဦးကစ ယနေ့ကျအောင် ထုတ်ဆောင်ညွှန်ကြား ဆရာမြတ်တို့ထားခဲ့သော ကမ္ဘာ့ဓာတ်ဆန်း၎ပါး (၁)ပါပတေဇောဓာတ် (၂၂)နှစ်ဆန်း၏။ (၂)သူရဇ္ဇဝါယောဓာတ်(၁၂)နှစ်ဆန်း၏။ (၃)အမြိတ္တအာပေါဓာတ်(၁၆)နှစ်ဆန်း၏။ (၄)ကောလီပထဝီဓာတ်(၃၀)နှစ်ဆန်း၏။ ပါပတေဇောဓာတ်ဆန်း၂၂နှစ်အတွင်းမှာ အပူဝင်ဝေဒနာ ယေဘူယျဖြစ်တတ်သည် သူရဇ္ဇဝါယောဓာတ်ဆန်း၁၂နှစ်အတွင်းမှာ အပူရှပ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် အမြိတ္တအာပေါဓာတ်ဆန်း၁၆နှစ်အတွင်းမှာ အပူငုပ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် ကောလီပထဝီဓာတ်ဆန်း၃၀နှစ်အတွင်းမှာ အပူယုတ်ဝေဒနာ ယေဘူယျဖြစ်တတ်သည် တေဇောဓာတ်ဝါယောဓာတ်ဆန်း၃၄နှစ်အတွင်းကာလသည် အပူလွန်ကဲ၍ အပူနာ ယေဘူယျဖြစ်တတ်သောကြောင့် ဥဏှသံဝစ္ဆရဥတုမည်၏။ အာပေါဓာတ်ပထဝီဓာတ်ဆန်း ၄၆နှစ်အတွင်းကာလသည် သီတလွန်ကဲ၍ အအေးနာယေဘူယျဖြစ်တတ်သောကြောင့် သီတသံဝစ္ဆရဥတုမည်၏။ ၎င်းသီတသံဝစ္ဆရဥတုအတွင်းမှာ ကိုယ်ရောင် ဒူလာ မီးယပ် စသောအအေးနာ ယေဘူယျဖြစ်တတ်သည်။ **၎င်းဓာတ်ဆန်း၎ပါးတွက်ပုံ** ရောက်ဆဲသက္ကရာဇ်ကိုတည် ၂၀၅နှင့်နှုတ် ၈၀နှင့်စား အကြွင်းကို ပါပဓာတ်ဆန်း၂၂နှင် နှုတ် မနှုတ်လောက် ပါပဓာတ်ဆန်းမည်၏။ ကြွင်းသော် သူရဇ္ဇဓာတ်ဆန်း၁၂နှင့်နှုတ် မနှုတ်လောက်လျှင် သူရဇ္ဇဓာတ်ဆန်းမည်၏။ ကြွင်းပြန်သော် အမြိတ္တဓာတ်ဆန်း ၁၆နှင့်နှုတ် မနှုတ်လောက်လျှင် အမြိတ္တဓာတ်ဆန်းမည်၏။ ကြွင်းပြန်သော် ကောလီ ဓာတ်ဆန်း၃၀နှင့်နှုတ် မနှုတ်လောက်လျှင် ကောလီဓာတ်ဆန်းမည်၏။ ကြွင်းပြန်သော် ပါပဓာတ်ဆန်းစသည်တို့နှင့် ပြန်၍နှုတ်လေ။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ