ဣရိယာပထဥတု

ဣရိယာပုတ်သည် သွားခြင်း ရပ်ခြင်း ထိုခြင်း လျောင်းခြင်းဟူ၍၄ပါးရှိရာ သွားခြင်းဣရိယာပုတ်မှ ရပ်ခြင်းဣရိယာပုတ် ရပ်ခြင်းဣရိယာပုတ်မှ ထိုင် ခြင်းဣရိယာပုတ် ထိုင်ခြင်းဣရိယာပုတ်မှ လျောင်းခြင်းဣရိယာပုတ် ဤ သို့တစ်ပါးနှင့်တစ်ပါး မယုတ်မလွန် မျှတသောပုဂ္ဂိုလ်အား စိတ္တဇတေဇော ဝါယောဓာတ်တို့သည် ထက်သန်လာကုန်၏။ ထိုစိတ္တဇတေဇောဝါယော ဓာတ် ထက်သန်ပွားများလာခြင်းကြောင့် ကမ္မဇဥတုဇအာဟာရဇတေဇော ဝါယောဓာတ်တို့သည်လည်း ထက်သန်ပွာများလာကုန်၏။ ထိုတေဇောဝါယောဓာတ်တို့ထက်သန်ပွားမျာလာလျှင် ကျန်းမာခြင်း ကိုယ်လက်သန်စွမ်းခြင်း ပေါ့ပါးလျှင်မြန်ခြင်းစသော လဟုတာသဘောတို့ သည် ဖြစ်ပေါ်လာကုန်၏။ ထိုလဟုတာသဘောကို ဖြစ်စေတတ်သော အကြောင်းတေဇောဓာတ်သည် ဥဏှဥတုမည်၏။ ဣရိယာပုထ် တစ်ပါးနှင့်တစ်ပါး မညီညွတ်ဘဲ တစ်ပါးသော ဣရိယာပုထ်ဖြင့်ဖြစ်စေ ၂ပါးသောဣရိယာပုထ်ဖြင့်ဖြစ်စေ အနေများသော ပုဂ္ဂိုလ်အား စိတ္တဇတေဇောဝါယောဓာတ်တို့သည် ဆုတ်နစ်ကုန်၏။ စိတ္တဇတေဇောဝါယောဓာတ်ဆုတ်နစ်ခြင်းကြောင့် ကမ္မဇဥတုဇအာဟာရဇ တေဇောဝါယောဓာတ်တို့သည်လည်း ဆုတ်နစ်ကုန်၏။ ထိုတေဇော ဝါယောဓာတ်ဆုတ်နစ်လျှင် ကိုယ်အင်္ဂါလေးလံခြင်းစသော မကျန်းမာခြင်း တို့သည် ဖြစ်ပေါ်၍လာကုန်၏။ ထိုလေးလံမှု မကျန်းမာမှု ဂရုသဘောကို ဖြစ်စေတတ်သော အကြောင်း သီတတေဇောဓာတ်သည် သီတဥတုမည် ၏။ ထိုကြောင့် ဥတုဇအာဟာရဇ သီတတေဇောအာပေါပထဝီဓာတ်လွန် ကဲ၍ ညောင်းညာကိုက်ခဲခြင်း လေးလံထုန်ကျင်ခြင်းစသော ဝေဒနာရှိ သော ပုဂ္ဂိုလ်သည် ဆေးဓာတ်စာတို့ကို မစားသော်လည်း လမ်းလျှေက်ခြင်း ကိုယ်လက်လှု ပ်ရှားခြင်းစသော ဣရိယာပုထ်တို့ကို ဖြစ်စေ၍ စိတ္တဇဝါယောဓာတ်ထက်သန်အောင် ပြုလုပ်ခဲ့လျှင် ကြီးလေး သောရောဂါမှာ အလုံးစုံမပျောက်ကင်းနိုင်သော်လည်း တစ်စိတ်တစ်ဒေသ အားဖြင့် ပျောက်ကင်းခြင်း သာမညရောဂါမှာ အလုံးစုံပျောက်ကင်းနိုင်ခြင်း စသောအကျိုးတရားတို့ကို ခံစားရ၏။ ထို့ကြောင့် ဆေးအရာ၌လိမ္မာသော ဆေးဆရာတို့သည် မိမိတို့ဆေးကိုသာ အားကိုးအားထား မပြုကြဘဲ သူနာတို့အား ဣရိယာပုထ်မျှတအောင် နေမှု၌လည်း တိုက်တွန်းကြပြီး လျှင် ဆေးဓာတ်စာအထောက်အပံ့ကိုပြု၍ ကုသမူကား ဝေဒနာမှာ လွယ်ကူစွာပျောက်ကင်းနိုင်၏။ ဂရုစိုက်၍ ဣရိယာပထဥတုကိုြုပြင်၍ ပေးကြပါလေ။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ