သြဇာ
အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပတ္ထမ္ဘဗလကာရော ဘူတနိဿိတော ဧကော ဝိသေသော သြဇာ။(မူလဋီကာ၁၅၄)
အင်္ဂမင်္ဂါနုသာရိနော-ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျောက်သော။
ရသဿ-ချိုချဉ်စပ်ငန်ဖန်ခါးဟူသော ရသ၆ပါး၏။ သာရော-အနှစ်ဖြစ်သော။
ဥပတ္ထမ္ဘဗလကာရော-ထောက်ပံ့ခြင်းအားရှိခြင်းကိုပြုတတ်သော။
ဘူတနိဿိတော-မဟာဘုတ်ကိုမှီသော။ ဧကော-တစ်ခုသော။ ဝိသေသော-ပကတိမျက်စိဖြင့် ကြည့်၍မမြင်ကောင်းဘဲ ပရမတ္ထသဘာဝ
မျှဖြစ်သော အထူးသည်။သြဇာ-သြဇာမည်၏။ ဤမူလဋီကာလာသည်နှင့်
အညီ ထမင်းမုန့်စသော ကဗဠီကာရအာဟာရကို သတ္တဝါတို့ မျိုသွင်းအပ်
သည်ရှိသော် အစာအိမ်အတွင်းသို့ ရောက်သောအခါ ကမ္မဇတေဇော
ခေါ်သော ပါစကဓာတ်မီးချက်သဖြင့် ဆီဆုံတွင်ကြိသော နှမ်းသည် ဆီကြည် တစ်ခြား နှမ်းဘတ်တစ်ခြားဖြစ်သကဲ့သို့ ကြမ်းတန်းသောဝတ္ထု
သည် ကျင်ကြီးတစ်ချို့ကျင်ငယ်တစ်ချို့ လောင်စာတစ်ချို့ ပိုးစာတစ်ချို့
ဖြစ်ပြီးလျှင် သိမ်မွေ့နူးညံ့သောဝတ္ထုသည် ချိုချဉ်စပ်ငန်ဖန်ခါး ၆ပါးသော
ရသဓာတ်အဖြစ်သို့ ရောက်၍ ထိုဓာတ်ရည်ကို ကမ္မဇဝါယောမှုတ်လွှင့်
အပ်ဖြန့်ဖြူးအပ်သည်ရှိသော် အင်္ဂါကြီးငယ်သို့ အစဉ်လျောက်၍ စိမ့်ဝင်
သော် ရူပကာယကို ထောက်ပံ့ခြင်း အားရှိခြင်းကို ပြုတတ်သော ရသဓာတ်ရည်၌ ပါရှိသော တစ်ခုသော သိမ်မွေ့သော ပရမတ္ထသဘာဝ
ဖြစ်သော အနှစ်ဓာတ်သည် သြဇာမည်၏။
Comments
Post a Comment