မာသဥတု၆ပါး
ျနမင်းသည် ဒက္ခိဏာယာဉ်စီး၍ အန္တောဝီထိမှ မဇ္ဈေဝီထိသို့သွားရာ
ဝါဆိုလပြည့်ကျော်၁ရက်နေ့မှ တော်သလင်းလပြည့်နေ့တိုင်အောငိ
သော၂လသည် ဝဿာနရတုမည်၏။
နေမင်းသည် ဒက္ခိဏာယာဉ်တစိစိတ်စီး၍ မဇ္ဈေဝီထိမှ ဗာဟိရ
ဝီထိသို့သွားရာ တော်သလင်းလပြည့်ကျော်၁ရက်နေ့မှ တန်ဆောင်မုန်း
လပြည့်နေ့တိုင်အောင်သော၂လသည် သရဒရတုမည်၏။
နေမင်းသည် ဒက္ခိဏာယာဉ်စီး၍ မဇ္ဈေဝီထိမှ ဗာဟိရဝီထိသွားရာ
တန်ဆောင်မုန်းလပြည့်ကျော်၁ရက်နေ့မှ ပြာသိုလပြည့်နေ့တိုင်
အောင်သော၂လသည် ဟေမန္တရတုမည်၏။
နေမင်းသည် ဥတ္တရာယာဉ်စီး၍ ဗာဟိရဝီထိမှ မဇ္ဈေဝီထိသို့ပြန်ရာ
ပြာသိုလပြည့်ကျော်၁ရက်နေ့မှ တပေါင်းလပြည့်နေ့တိုင်အောင်
သော၂လသည် သိသိရရတုမည်၏။
နေမင်းသည် ဥတ္တရာယာဉ်တစ်စိတ်စီး၍ မဇ္ဈေဝီထိမှ အန္တောဝီထိသို့
ပြန်ရာ တပေါင်းလပြည့်ကျော်၁ရက်နေ့မှ ကဆုန်လပြည်နေ့တိုင်
အောင်သော၂လသည် နိန္ဒရတုမည်၏။
နေမင်းသည် ဥတ္တရာယာဉ်စီး၍ မဇ္ဈေဝီထိမှ အန္တောဝီထိသို့ပြန်ရာ
ကဆုန်လပြည့်ကျော်၁ရက်နေ့မှ ဝါဆိုလပြည့်နေ့တိုင်အောင်သော
၂လသည် ဂိမှရတုမည်၏။
ဤ၆ပါးသောရတုတို့တွင် ဝဿာနရတု သရဒရတု ဟေမန္တရတု ဤ
ရတု၃ပါးသည် သီတဥတုမည်၏။
ကြွင်းသော သိသိရတု နိန္ဒရတု ဂိ မှရတု ဤရတု၃ပါးသည် ဥဏှဥတု
မည်၏။
ဝဿာနရတု ဟေမန္တရတု ဂိမှရတု ဤရတု၃ပါးသည် ယာဉ်တစ်ပါး
တည်းသာစီး၍ တစ်ပါးသောဥတုတို့နှင့် မရောရှက်သောကြောင့်
သုဒ္ဓဥတုမည်၏။ ဥတုစစ် ဥတုမှန်မည်၏။
သရဒရတု သိသိရရတု နိန္ဒရရတု ဤရတု၃ပါးသည် ရှေ့နောက်
ဖြစ်သောဥတုတို့နှင့်ရောသောသဘောရှိသောကြောင့် မိဿက
ဥတုမည်၏။
Comments
Post a Comment