အာဟာရ
သြဇာဋ္ဌမကံ ရူပံ အာဟရတီတိ အာဟာရော။
သြဇာဋ္ဌမကံ-သြဇာလျှင်၈ခုမြောက်သော။ ရူပံ-သုဒ္ဓဋ္ဌကကလာပ်ကို။
အာဟရတိ-ဆောင်တတ်၏။ဣတိ-ထို့ကြောင့်။အာဟာရော- အာဟာ
ရမည်၏။ ဤအဘိဓမ္မတ္ထသင်္ဂဟဋီကာ လာသည်နှင့်အညီ ရသဓာတ်ရည်
၌ရှိသော အနှစ်ဟုဆိုပ်သော သြဇာသည် အဇ္ဈတ္တသန္တာန်၌ စတုသမုဋ္ဌာနိကသြဇာနှင့် ပေါင်းဆုံပြီးလျှင် အသားအရေ တိုးပွားခြင်း ခွန်အားဗလကိုဖြစ်စေခြင်း စသည်ဖြင့် ရူပကာယကိုထောက်ပံ့ဖြစ်ပွားစေ
သောအခါ၌၎င်း ပဋိသန္ဓေအခါ အမိသည် မျိုအပ်သော သြဇာ၏ သူငယ်၏
ကိုယ်သို့ ပျံ့နှံ့ရာအခါ၌၎င်း အာဟာရဇရုပ်ကို ဖြစ်စေ၏။ ထိုသို့ဖြစ်စေခြင်း
သည်ပင်လျှင် ရုပ်ကို ဆောင်သည်မည်၏။ ထိုသို့ရုပ်ဖြစ်ပွားမှုကိစ္စ ပြီးစီးခြင်း
ကို ဆောင်တတ်သောကြောင့် အာဟာရမည်၏။
***
***အထူးကား ထမင်းမုံ့စသော ဝတ္ထုနှင့်တကွဖြစ်သော ဗဟိဒ္ဓသြဇာသည် ကဗဠီကာရအာဟာရမည်၏။ အဇ္ဈတ္တသန္တာန်သို့ ရောက်သောအခါ ပါစကတေဇောဓာတ်ချက်၍ ရသဓာတ်ရည်၌ရှိသော
အနှစ်သည် သြဇာမည်၏။ အဇ္ဈတ္တသြဇာနှင့် ပေါင်းဆုံ၍ ရုပ်ကိုဖြစ်စေ
သောအခါ အာဟာရမည်၏။ဤသို့ ကိစ္စအားလျော်စွာ ၃ပါးပြားသော်
လည်း တရားကိုယ်အားဖြင့် သြဇာတစ်ခုကိုသာရအပ်၏။
Comments
Post a Comment