သမားတိုင်း သတိပြုသင့်သော ကာယကောဋ္ဌာသ
လူတို့၏ကိုယ်သည် ဥပရိမကာယ ဟေဋ္ဌိမကာယ မဇ္ဈိမကာယဟူ၍၃ပါးရှိ
၏။ ထိုတွင် လည်မျိုမှ အထက်ဖြစ်သောအရပ်သည် ဥပရိမကာယမည်၏။
ချက်မှ လည်မျိုတိုင်အောင်သောအရပ်သည် မဇ္ဈိမကာယမည်၏။
ချက်မှအောက် ခြေဖျားတိုင်အောင်သောအရပ်သည် ဟေဋ္ဌိမကာယမည်
၏။ ဥပရိမကာယသည် လဟုသဘောရှိသော တေဇောဝါယောတို့၏
များသောအားဖြင့် ကိန်းရာ ဆက်ဆံရာ ထင်ရှားရာဖြစ်သောကြောင့် ဥဏှ
ကာယမည်၏။(ဝါ) ဥဏှဥတုမည်၏။
ဟေဋ္ဌိမကာယသည် ဂရုသဘောရှိသော သီတတေဇောအာပေါပထဝီ
ဓာတ်တို့နှင့် အတွေ့အထိများ၍ ၎င်းဓာတ်တို့၏ များသောအားဖြင့် ကိန်းရာ ဆက်ဆံရာ ထင်ရှားရာဖြစ်သောကြောင့် သီတကာယမည်၏။
(ဝါ)သီတဥတုမည်၏။
မဇ္ဈိမကာယသည် သီတဥဏှ၂ပါး ရောထွေးဆက်စပ်၍နေသောကြောင့်
သာဓာရဏကာယမည်၏။(ဝါ)သာဓာရဏဥတုမည်၏။
ဥဏှတေဇောဝါယောဓာတ်တို့သည် ဟေဋ္ဌိမကာယသို့ ပျံ့နှံ့နေခိုက်
ဟေဋ္ဌိမကာယ၏ သီတတေဇောအာပေါဓာတ်တို့နှင့် ကြုံကြိုက်သော
အခါ ပဋိပက္ခဓာတ်ကိုကြောက်၍ မဇ္ဈိမကာယ ဥပရိမကာယသို့ တက်ပြေး
ပြီးလျှင် ဝမ်း မျက်စိ နား သွားစသည်များကို ရန်မူသောကြောင့် လေထိုး
ခြင်း မျက်စိနာခြင်း နားလေထွက်ခြင်း သွားကိုက်ခြင်း သွားနာခြင်း စသော
ဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏။ ၎င်းဝေဒနာတို့ကို အထက်ပိုင်း
၌ အပူလက္ခဏာအကျိုးထင်သည်ကိုကြည့်၍ အပူနာဟုမှတ်ထင်ပြီးလျှင်
အေးသောဆေးအစာအာဟာရများကို စားတတ်ကြ ပေးတတ်ကြ၏။
စားသော် ပေးသော်လည်း ခေတ္တမျှ သက်သာရာရပြီးလျှင် အစဉ်အားဖြင့်
ပျောက်ကင်းနိုင်မည်မဟုတ် ။ မပျောက်ခြင်းကြောင့် ဆက်၍ပေးခဲ့သော်
မြဲသောဝေဒနာ ပြောင်းလဲသောဒူလာ မီးယပ်ဝေဒနာ ဖြစ်ပေါ်၍လာတတ်
ကြကုန်၏။ စင်စစ်မှာ အပူနာမဟုတ် ကာယ၃ပါးကို ပိုင်းခြားပြီးလျှင် ဟေဋ္ဌိမကာယ၌ အေးမှုကိုကြည့်၍ အအေးနာဟု ရဲရဲဆုံးဖြတ်ပြီးလျှင်
ပူသောဆေးအစာအာဟာရများကိုသာ စားသင့် ပေးသင့်ရာ၏။
Comments
Post a Comment