ဥပတ္ထမ္ဘကာဟာရ နှင့်ဇနကာဟာရ
ဗာဟိရာဟာရံ ပစ္စယံ ပဋိလဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတီတိ အယံ အဇ္ဈတ္တိကာဟာရဿ ဥပနိဿယဘာဝေနာပိ
အာဟရတိ။
ဗာဟိရာဟာရံ-ဗာဟိရာဟာရဟူသော ။ပစ္စယံ-အကြောင်းကို ။ပဋိလဘိတွာ ဧဝ-တစ်ဖန်ရမှသာလျှင် ။အဇ္ဈတ္တိကာဟာရော-
အဇ္ဈတ္တိကာဟာရသည်။ ရူပံ-စတုသမုဋ္ဌာနိကရုပ်ကို။ ဥပ္ပါဒေတိ-ဖြစ်
စေနိုင်၏။ဣတိ-ထို့ကြောင့် ။အယံ-ဤကဗဠီကာဟာရသည်။
အဇ္ဈတ္တိကာဟာရဿ-အဇ္ဈတ္တိကာဟာရ၏။ဥပနိဿယဘာဝေနာပိ-
အထောက်အပံ့၏အဖြစ်ဖြင့်လည်း။ အာဟရတိ-ရွက်ဆောင်နိုင်၏။
(ဝိဘာဝနီဋီကာ)နှင့်အညီ အဇ္ဈတ္တိကာဟာရသည် ဗဟိဒ္ဓါဟာရ၏ အထောက်အပံ့ကို မရခဲ့လျှင် စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို မဖြစ်ပွားစေနိုင်။ ဗဟိဒ္ဓါဟာရ၏ အထောက်အပံ့ကို ရမှသာ
စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို ဖြစ်ပွားစေနိုင်၏။
ထို့ကြောင့် ဗဟိဒ္ဓါဟာရသည် အဇ္ဈတ္တိကာဟာရကို တစ်ဆင့်အားပေး
သောအားဖြင့် ထောက်ပံ့တတ်သောကြောင့် ဥပတ္ထမ္ဘကာဟာရမည်၏။
အဇ္ဈတ္တာဟာင်္ရသည် ဗဟိဒ္ဓာဟာ၏ အထောက်အပံ့ကိုရ၍ ဗဟိဒ္ဓာဟာရ
နှင့်ပေါင်းဆုံပြီးလျှင် စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို
ဖြစ်ပွားစေတတ်သောကြောင့် ဇနကာဟာရမည်၏။
ဥပတ္ထမ္ဘကာဟာရသည် သဘာဂါဟာရ ဝိသဘာဂါဟာရဟူ၍၂ပါးရှိ၏။
ထိုတွင် ဥတုနှင့်သဘောတူသော အာဟာရသည်၎င်း သတ္တဝါတို့အား
ဖြစ်ဆဲဖြစ်လတံ့သော ရောဂါကို ပယ်ဖျောက်နိုင်ခြင်း ကျန်းမာခြင်း ခွန်အား
ဗလကို တိုးပွားစေနိုင်ခြင်းစသည်တို့ကို ဖြစ်စေတတ်သော သဘောရှိသော အာဟာရသည်၎င်း သတ္တဝါတို့နှင့် သင့်တင့်လျောက်ပတ်သော သဘောရှိသောကြောင့် သဘာဂါဟာရမည်၏။
ဥတုနှုင့်သဘောမတူသော အာဟာရသည်၎င်း သတ္တဝါတို့အား ဖြစ်ဆဲ
ဖြစ်လတံ့သော ရောဂါကို ပယ်ဖျောက်နိုင်ခြင်း ကျန်းမာခြုး ခွန်အားဗလကို
တိုးပွားစေနိုင်ခြင်းစသည်တို့ကို ဖြစ်စေတတ်သော သဘောမှိသော
အာဟာရသည်၎င်း သတ္တဝါတို့နှင့် မသင့်တင့် မလျောက်ပတ်သော
သဘောရှိသောကြောင့် ဝိသဘာဂါဟာရမည်၏။
ပြဆိုအပ်ပြီးသော ဥပတ္ထမ္ဘကာဟာရ ဇနကာဟာရ၂ပါးတို့တွင် ဤဆေးကုသောအရာ၌ ဥပတ္ထမ္ဆကာဟာရကိုသာ မုချအားဖြင့်ရအပ်၏
Comments
Post a Comment