သန္တာနဥတု
သတ္တဝါတို့သည် ကုန်းသတ္တဝါ ရေသတ္တဝါဟူ၍၂ပါးရှိကုန်၏။ ထိုတွင် ကိုယ်အင်္ဂါလေးလံခြင်းသဘောရှိကုန်သော ကုန်းသတ္တဝါ အသံထိုင်း
မှိုင်းခြင်းသဘောရှိသောကုန်းသတ္တဝါ အအေးကြိုက်ခြင်းသဘောရှိသော
ကုန်းသတ္တဝါ ဤသတ္တဝါတို့ သန္တာန်၌ကိန်းသောတေဇောဓာတ်သည်
လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။
လျင်မြန်ခြင်းသဘောရှိသော ကုန်းသတ္တဝါ အသံအောင်ခြင်းသဘောရှိ
သောကုန်းသတ္တဝါ အပူကြိုက်ခြင်းသဘောရှိသောကုန်းသတ္တဝါ
ဤသတ္တဝါတို့သန္တာန်၌ ကိန်းသောတေဇောဓာတ်သည် ပေါ့သောလဟု
သဘောရှိသောကြောင့် ဥဏှဥတုမည်၏။
ရေ၌နေသော ငါးလိပ်စသောသတ္တဝါတို့သည် လျင်မြန်သောလဟုသဘောရှိကုန်သော်လည်း ထိုသတ္တဝါတို့၏နေရာ
ရေ၌နေပုံကိုထောက်၍ ထိုသတ္တဝါတို့သန္တာန်၌ ကိန်းသောတေဇော
ဓာတ်သည်လည်း ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။
ဤသန္တာနဥတုကို ပြဆိုရခြင်းမှာ အသားဓာတ်စာကို စားလိုပေးလိုသော
ပုဂ္ဂိုလ်တို့အား သံသယကင်းရှင်းစွာနှင့် စားနိုင်ပေးနိုင်ရန် ဥတုသဘော
အနေသို့ ထည့်သွင်း၍ ပြလိုက်သည်။ ဥတုသဘောအနေထင်ရှားမှသာ
အာဟာရအရာ၌ လွယ်ကူစွာ သိမြင်နိုင်ရာ၏။
Comments
Post a Comment