ဝါတပိတ္တဒွေဝဏ်ငန်းနာ
လေချိန်၌ဖျားသောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ဖျားခြင်း လေသည်းခြေဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေစိမ်းသော
အရောင်အဆင်းလက္ခဏာထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း
မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း
ထပြေခြင်း ဂယောင်ဂတန်းပြောဆိုခြင်း အေးတုံတစ်ခါ ပူတုံတစ်လှဲ့ရှိခြင်း
ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သောအနာသည်
ဝါတပိတ္တဒွေဝဏ်ငန်းနာမည်၏။
Comments
Post a Comment