ဥဏှတေဇောနာ
အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးပျက်၍ (၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှားပေါ့ပါးကြည်လင်
ခြင်း။ (၂)အသားအရေမျက်စိဖြူဖွေးကြည်လင်ခြင်း (၃)ခြေဖျားပူခြင်း
(သို့မဟုတ်)အထက်ပိုင်းချွေးထွက်ခြင်း (၄)စကားပြောသွက်လက်ခြင်း
(၅)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း။ ဤ၅ပါးလက္ခဏာတို့တွင်
၂ပါး၃ပါးစသည်ဖြင့် ဥဏှတေဇောဓာတ်သက်သက် အကျိုးထင်သော
အနာသည် ဥဏှတေဇောနာမည်၏။
***ပြဆိုခဲ့ပြီးသော အနာ၆ပါးတို့တွင် သီတနာ၃ပါးသည် အာဝါသိကဓာတ် သဘောရှိသောကြောင့် အာဝါသိကနာမည်၏။
အဗဒ္ဓသည်းခြေ လွန်သောကြောင့် အဗဒ္ဓသည်းခြေနာလည်းမည်၏။
အပူနာ၃ပါးသည် အာဂန္တုကဓာတ်သဘောရှိသောကြောင့်
အာဂန္တုကနာမည်၏။ ဤအပူနာ၃ပါးသည် သွေး၃ရက် လေ၄ရက် သည်းခြေ၅ရက် ပေါင်းတေဇော၁၂ရက်လွန်မြောက်လျှင် ဆေးမတိုက်
သော်လည်း အလိုအလျောက်ပျောက်ကင်းနိုင်၏။
Comments
Post a Comment