အနာ၆ပါးဖြစ်ပုံကိုပြခြင်း
အနာသည် အကြောင်းဓာတ်ကိုစွဲ၍ အကျဉ်းအားဖြင့် ၂ပါးရှိသော်လည်း
အကြောင်းဓာတ်နှင့် အကျိုးဓာတ် ရောစပ်၍ သီတပထဝီနာ သီတဝါယောနာ သီတတေဇောနာဟူ၍ အအေးနာ၃ပါး။ ဥဏှပထဝီနာ
ဥဏှဝါယောနာ ဥဏှတေဇောနာဟူ၍ အပူနာ၃ပါး။ ပေါင်း၆ပါးရှိ၏။
(သီတပထဝီနာ)
အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးလွန်၍ (၁)ကိုယ်အင်္ဂါ အသံလေးလံ တေင့်တင်း ကိုက်ခဲခြင်း။ (၂)အသားအရေ မျက်စိ မဲနက်နီမြန်းခြင်း။ (၃) ခြေဖျားအေး၍
ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း (၄)စကားမပြောပဲ ထိုင်းမှိုင်း
၍နေခြင်း(၅)ကြောက်ရွံ့ထိတ်လန့်ခြင်း။ ဤ၅ပါးသော လက္ခဏာတို့တွင်
၂ပါး ၃ပါးစသည်ဖြင့် ပထဝီဓာတ်၏ ကက္ခဠလက္ခဏာအကျိုးထင်သော
အနာသည် သီတပထဝီနာမည်၏။
Comments
Post a Comment