ဝါတသေမှဒွေဝဏ်ငန်းနာ
ပဋိပက္ခဖြစ်သော သလိပ် သည်းခြေ လေ ဤဓာတ်၃ပါးတို့တွင် လေနှင့်သလိပ်
ဖြစ်စေ လေနှင့်သည်းခြေဖြစ်စေ ၃ပါးလုံးဖြစ်စေ တစ်ပြိုင်နက်စုဝေးကျရောက်သော
ငန်းနာသည် လေငန်းနာမည်၏။ ထိုလေငန်းနာသည်လည်း ဒွေဝဏ်ငန်းနာ သန္နိပါတ်
ငန်းနာဟူ၍ ၂ပါးရှိ၏။ ထိုတွင် ဒွေဝဏ်ငန်းနာသည်လည်း လေ သလိပ်၂ပါး အဆင်း
လက္ခဏာအကျိုးထင်သော ဝါတသေမှဒွေဝဏ်ငန်းနာ လေသည်းခြေ၂ပါး အဆင်း
လက္ခဏာအကျိုးထင်သော ဝါတပိတ္တဒွေဝဏ်ငန်းနာဟူ၍၂ပါးရှိ၏။ ထိုတွင် လေချိန်၌ဖျား
သောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍
ဖျားခြင်း လေ သလိပ်ဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေဝါသော အရောင်
အဆင်းလက္ခဏာ ထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း
ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ချောင်းဆိုးခြင်း ဤလက္ခဏာတို့တွင်
၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် ဝါတသေမှဒွေဝဏ်ငန်းနာ
မည်၏။
Comments
Post a Comment