သက်နာ

သသက်နာသည် သွေးသက်နာ လေသက်နာဟူ၍၂ပါးရှိ၏။ ထိုတွင် သီတတေဇောဓာတ် လွန်၍ ဥဏှပထဝီဥဏှဝါယောဓာတ်ပျက်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့ကို ဝါယောဓာတ်မထိမ်းနိုင် မစောင့်ရှောက်နိုင်ပဲ အစာမကြေခြင်း ဝမ်းကိုက်ခြင်း ဝမ်းသက် ခြင်း ဝမ်းပျက်ခြင်း ဝမ်းရောဂါဖြစ်ခြင်း သွေးဝမ်းသွားခြင်း ပိတ်ဝမ်းသွားခြင်း ရိဖြူကျခြင်း ရိနီကျခြင်း လိပ်ခေါင်းထွက်ခြင်း မီးယပ်သွေးလွန်ခြင်း ဆီးလွန်ခြင်း ကြွက်တက်ခြင်း စသည်ဖြင့် ဖြစ်ပေါ်သောအနာသည် သွေးသက်နာမည်၏။ ***လေသက်နာ*** သန္တာန်၂ပါး၌ အာပေါဓာတ် လလွန်၍ တေဇောဝါယောဓာတ်ငုပ်ခြင်းကြောင့် ဖျားခြင်း ငန်းဖမ်းခြင်း သတိလစ်ခြင်း မေ့လျော့ခြင်း နောက်ကျောတက်ခြင်း ကိုယ်ရောင်ခြင်း လေနာထခြင်း ရင်ဘတ်နာခြင်း ဝမ်းဖေါဝမ်းရောင်ခြင်း မြင်းသရိုက်နာဖြစ်ခြင်း သွေးအံခြင်း ရူးသွပ်ခြင်း ဝက်ရူးပေါ်ခြင်း ကြက်ရူးပေါ်ခြင်း ထိပ်ကပ်နာဖြစ်ခြင်း မူးဝေခြင်း နားထိုင်းခြင်း မျက်စိမှုန်ခြင်း မျက်ခမ်းစပ် ခြင်း သွားနာခြင်း သွားပြည်ယိုခြင်း ချောင်းဆိုးသွေးပါဖြစ်ခြင်း အနာပေါက်ခြင်း စသည်ဖြင့်ဖြစ်ပေါ်သောအနာသည် လေသက်နာမည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ