သွေးသန္နိပါတ်ငန်းနာ
သံ သုဋ္ဌု သမာဂမ္မ ဝါ နိပတန္တိ ဧတ္ထာတိ သန္နိပါတော။ ဧတ္ထ-ဤအနာ၌။
ဓာတုယော-သွေး သည်းခြေ သလိပ်ဟုဆိုအပ်သော မလဓာတ်တို့သည်။
သံ သုဋ္ဌု-ကောင်းစွာ။ ဝါ-တစ်နည်းကား။ သမာဂမ္မ-တစ်ပေါင်းတည်းအနေဖြင့်
စုဝေးပေါင်းဆုံ၍။ နိပတန္တိ-ကျရောက်တတ်ကုန်၏။ဣတိ-ထို့ကြောင့်။
သန္နိပါတော-သန္နိပါတ်မည်၏။ ဤဝစနတ္ထနှင့်အညီ သွေး သလိပ် သည်းခြေ
ဟုဆိုပ်သော အချိန်၃ပါးတို့တွင် တစ်ပါးပါးသောအချိန်၌ ဖျားသောသူအား အချိန်
၂ပါးမှာ အဖျားမကျပဲ အချိန်၃ပါးဆက်ဆံ၍ ပြင်းစွာဖျားခြင်း သွေး သလိပ် သည်းခြေ
ဤအာပေါဓာတ်၃ပါးတို့၏ တစ်ပြိုင်နက်စုဝေးကျရောက်ခြင်း ထိုဓာတ်၃ပါးတို့၏
နီ ဝါ စိမ်းသောအရောင်အဆင်းလက္ခဏာထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့်တင်း
ကိုက်ခဲခြင်း မေးခိုင်ခြင်း သတိလစ်ခြင်း စကားမပြောခြင်း ဤလက္ခဏာတို့တွင်
၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် သွေးသန္နိပါတ်ငန်းနာ
မည်၏။
Comments
Post a Comment