အနာ၂ပါး
*ဝေဒနာကဏ္ဍ*
အနာသည် သီတအကြောင်းကြောင့်ဖြစ်သော အအေးနာ။ ဥဏှအကြောင်းကြောင့်ဖြစ်သော အပူနာ ဟူ၍၂ပါးရှိ၏။ ထိုတွင်
**သီတနာ**
(၁)ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်းကိုက်ခဲခြင်း
(၂)အသားအရေ မျက်စိ မဲနက်နီဝါခြင်း
(၃)စကားမပြောပဲ ထိုင်းမှိုင်း၍နေခြင်း
(၄)ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း
(၅)ကြောက်ရွံ့ထိတ်လန့်ခြင်း
(၆)ဥဒ္ဓင်္ဂမလေများခြင်း
(၇)ခြေဖျားမှစ၍ ဖေါရောင်ခြင်း
(၈)အားယုတ်လျော့ မောပန်းခြင်း
ဤ၈ပါးသောလက္ခဏာတို့တွင်၂ပါး၃ပါးစသည်ဖြင့်သီတလက္ဓဏာ
အကျိုးထင်သောအနာသည်သီတနာမည်၏။
**ဥဏှနာ**
(၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှား ပေါ့ပါးကြည်လင်ခြင်း
(၂)အသားအရေ မျက်စိ ဖြူဖွေးကြည်လင်ခြင်း
(၃)ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်းချွေးများစွာထွက်ခြင်း
(၄)စကားပြောသွက်လက်ခြင်း
(၅)ကြမ်းထန်းခြင်း
(၆)ရင်ထဲ၌ပူလောင်ခြင်း
(၇)မျက်နှာမှစ၍ဖေါရောင်ခြင်း
(၈)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း
ဤ၈ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့်ဥဏှလက္ခဏာ
အကျိုးထင်သောအနာသည် ဥဏှနာမည်၏။
ဆေးကုသမှုခံယူချင်ပါတယ်
ReplyDeleteဘယ်လိုဆက်သွယ်ရမလဲ