အဇ္ဈတ္တဗဟိဒ္ဓ၂ပါး၏သီတဥဏှ

ကမ္မဇဥတု၌ အဇ္ဈတ္တသန္တာန်တွင် အကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် လေးသော ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် ပေါ့သောလဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **စိတ္တဇဥတု၌ စိုးရိမ်ပူဆွေးခြင်း နှလုံးမသာယာခြင်း ကြောက်လန့်ခြင်းစသော ဆုတ်နစ်သောဒေါသ ဒေါမနဿဝေဒနာအစရျှိသာစေတသိက်တို့နှင့် ယှဉ်သောစိတ် ကြောင့်ဖြစ်သောဥတုသည် လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ထက်မြက်သောဒေါသ လောဘ မာန တက်ကြွသောဝိရိယ ပီတိ သောမနဿဝေဒနာ လဟုတာ မုဒုတာ ကမ္မညတာ သဒ္ဓါအစရှိသော စေတသိက်တို့နှင့်ယှဉ်သောစိတ်ကြောင့် ဖြစ်သောဥတုသည် လဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **ဥတုဇဥတု၌ ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူ တိမ် မိုးရေ လေအေးဟုဆိုအပ်သော ဥတုသည်၎င်း အဇ္ဈတ္တသန္တာန်မှာ ဤဥတုကြောင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ***ဗဟိဒ္ဓသန္တာန်၌ နေရှိန်မီးရှိန်စသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ နေရှိန်မီးရှိန်စသည်ဖြင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လဟု သဘောရှိသောကြောင့် ဥဏှဥတုမည်၏။ ဗဟိဒ္ဓသန္တာန်၌ အေးသောဆေးအစာ အာဟာရ၌ရှိသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ အေးသောဆေးအာဟာရ ကြောင့်ဖြစ်သောဥတုသည်၎င်း ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ *****ဗဟိဒ္ဓသန္တာန်၌ ပူသောဆေးအာဟာရ၌ရှိသောဥတုသည်၎င်း အဇ္ဇတ္တသန္တာန်၌ ပူသောဆေးအာဟာရကြောင့်ဖြစ်သောဥတုသည်၎င်း လဟု သဘောရှိသောကြောင့် ဥဏှဥတုမည်၏။ ကမ္မဇစသော၎ပါးတို့၌ရှိသောသီတဥတုအချင်းချင်းသည် တစ်ပါးကိုတစ်ပါး က ၂ပါးကို ၁ပါးက ၃ပါးကို၁ပါးက ၂ပါးကို၂ပါးက ၁ပါးကို၃ပါးကကျေးဇူးပြုသော အားဖြင့် ထောက်ပံ့နိုင်၏။ ဥဏှဥတုအချင်းချင်းသည်လည်း ၁ပါးကို၁ပါးက ၂ပါးကို၁ပါးက ၃ပါးကို၁ပါးက ၂ပါးကို၂ပါးက ၁ပါးကို၃ပါးက ကျေးဇူးပြုသောအား ဖြင့် ထောက်ပံ့နိုင်၏။ ထိုသို့အချင်းချင်းထောက်ပံ့တတ်သောကြောင့် ၎င်းတေဇောကို ဥပထမ္ဘကတေဇောဟုခေါ်ဝေါ်၏ သီတဥတုလေးပါါးကို ဥဏှဥတုလေးပါးက ဖျက်ဆီးနိုင်၏။ ဥဏှဥတုလေးပါးကို သီတဥတုလေးပါးက ဖျက်ဆီးနိုင်၏။ ဤသို့ ဖျက်ဆီးသောအခိုက်အတံ့ကို ထောက်၍ သီတဥတု၎ပါးကို၎င်း ဥဏှဥတု၎ပါးကို၎င်း အနုထမ္ဘကဥတုဟု ခေါ်ဝေါ်အပ်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ