ဗဟိဒ္ဓဥတု

ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူတိမ် မိုးရေ လေနေမီးအစရှိသော သုဒ္ဓဋ္ဌကကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဗဟိဒ္ဓ တေဇောဓာတ်သည် အဇ္ဈတ္တသန္တာန်၌ ရုပ်တို့၏လေးလံထိုင်းမှိုင်း ခြင်း ပေါ့ပါးလျင်မြန်ခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်သောကြောင့် ၎င်း ဗဟိဒ္ဓသန္တာန်၌ ဆီးနှင်းများခြင်း ခဲခြင်း တိမ်တောင်တိမ်ခဲများ ခြင်း မိုးရွာခြင်း ရေအေးခြင်း လေအေးခြင်း မျိုးစေ့ပေါက်ခြင်း သစ်ပင် စိမ်းစိုခြင်း တောတောင်စိမ်းညိုခြင်း အပူရှိန်တိုးခြင်း ရေပူခြင်း လေပူ ခြင်း ခြောက်သွေ့ခြင်း အစရှိသော ဥတုဇရုပ် ဥတုပစ္စယဥတုဇရုပ် တို့ကို ဖြစ်ပွားစေနိုင်သောကြောင့်၎င်း ဗဟိဒ္ဓဥတုမည်၏။ ဗဟိဒ္ဓသန္တာန်မှာ အေးသောဆေးအစာအာဟာရ ပူသောဆေးအ စာအာဟာရ၌ ရှိသော သီတတေဇောဓာတ်ဥဏှတေဇောဓာတ်၂ပါး သည် အဇ္ဈတ္တသန္တာန်၍သာ ရုပ်တို့၏ လေးလံထိုင်းမှိုင်းခြင်း ပေါ့ပါး လျင်မြန်ခြင်းအစရှိသော ဥတုဇရုပ်ကို ဖြစ်ပွားစေနိုင်သောကြောင့် ဗဟိဒ္ဓဥတုမည်၏။ ***အထူးကား ဗဟိဒ္ဓါဟာရ၌ ရှိသော ဥတုသည်၎င်း အဇ္ဈတ္တဥတု သည်၎င်း ဗဟိဒ္ဓသန္တာန်၌ ဥတုဇရုပ်ကို မဖြစ်ပွားစေနိုင်ဟုမှတ်အပ် ၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ