သမားလုပ်သူ သတိမူ
သီသီတနာ၏ လေးလံခြင်းစသော သီတလက္ခဏာသည်၎င်း ဥဏှနာ၏ ပေါပါးခြင်းစသော
ဥဏှလက္ခဏာသည်၎င်း ဝေဒနာ၏ လက္ခဏာမည်၏။
သီတလက္ခဏာရှိသော သီတနာကို ဖျက်ဆီးနိုင်သော ဥဏှဆေး ဥဏှအစာအာဟာရ
သည်၎င်း ဥဏှလက္ခဏာရှိသောဥဏှနာကို ဖျက်ဆီးနိုင်သော သီတဆေး သီတအစာ
အာဟာရသည်၎င်း ဝေဒနာ၏ရသမည်၏။
ဥဏှဆေးဥဏှအစာအာဟာရကိုပေးနိုင်သော ဥဏှဥတုသည်၎င်း သီတဆေး သီတ
အစာအာဟာရကိုပေးနိုင်သော သီတဥတုသည်၎င်း ဝေဒနာ၏ ရှေးရှုကျရောက်သော
ပစ္စုပဋ္ဌာန်မည်၏။
သွေး သလိပ် သည်းခြေ လေ အပုပ် ဟူ၍ တစ်ရက်မှာ ၅ပိုင်းရှိရာ
သွေးကိုပေါ်စေ များစေလိုလျှင် သွေးချိန်၌ ဆေး ဓာတ်စာတို့ကို ပေးရခြင်းသည်၎င်း
သလိပ် သည်းခြေစသည်တို့ကို ပေါ်စေ များစေလိုလျှင် သလိပ်ချိန် သည်းခြေချိန်
စသည်တို့၌ ဆေးဓာတ်စာတို့ကို တိုက်ကျွေးရခြင်းသည်၎င်း ဝေဒနာပျေက်ကင်းခြင်း
၏ နီးစွာသော အကြောင်း ပဒဋ္ဌာန်မည်၏*
****ဝေဒနာကဏ္ဍပြီး၏***ဥတုကဏ္ဍဆက်မည်***
Comments
Post a Comment