ဓာတ်ငုပ်နာ

ဓာတ်၎ပါးတို့သည် တစ်ပါးနှင့်တစ်ပါး မယုတ်မလွန် ညီညွတ်၍ သမဘာဂဖြစ်နေခိုက်မှာသာ သတ္တဝါတို့ ကျန်းမာခြင်းရှိကြကုန်၏။ တစ်ခါတစ်ရံ အဇ္ဈတ္တသန္တာန်၌ တေဇောဝါယော၂ပါးသည် ဗဟိဒ္ဓသန္တာန်မှာ နေမင်းတည်းဟူသော ဥဏှဥတုနှင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇအာဟာရဇသီတအာပေါ သီတဝါယောတို့နှင့်တွေ့ဆုံကြုံကြိုက် သောအခါ အေးဖွဲ့သော အာပေါပဋိပက္ခဓာတ်ကို ကြောက်၍ တေဇော ဝါယောဓာတ် တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ ဝတ်နေခြင်း စုနေခြင်း အကျဉ်းမိ ခြင်းကြောင့် ကိုယ်အင်္ဂါအသံလေးလံ တောင့်တင်း ကိုက်ခဲခြင်း အသား အရေ မျက်စိနီဝါခြင်း ချွေးမထွက်ခြင်း သို့မဟုတ် ချွေးစေးထွက်ခြင်း ကိုယ်ရေပူခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာ အကျိုးထင် သော အနာသည် ဓာတ်ငုပ်နာမည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ