တက်နာ သက်နာထူးပုံ
သွေးတက်ဆိုသည်ကား အာပေါပထဝီဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တောဇော ဝါယော
ယုတ်လျော့၍ သွေးစသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်မှု ခဲမှုကိုဆိုသည်။
လေတက်ဆိုသည်ကား ဗဟိဒ္ဓအာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် အဇ္ဈတ္တသန္တာန်၌
တေဇောဝါယောလွန်ခြင်းကိုဆိုသည်။ သွေးသက်ဆိုသည်ကား သီတတေဇောလွန်ကဲ၍
ဥဏှပထဝီ ဥဏှဝါယော ပျက်ခြင်းကြောင့် သွေးစသောအာပေါဓာတ်တို့ကို ဥဏှဝါယော
ဓာတ်ကမထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်သဖြင့် ယိုစီး၍ကျမှုကိုဆိုသည်။
လေသက်ဆိုသည်ကား အာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တေဇောဝါယောဓာတ်တို့
တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ အကျဉ်းမိခြင်း ငုပ်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့
အား ဝါယောဓာတ်က တွန်းကန်၍ မှုတ်ထုတ်မှုကိုဆိုသည်။
Comments
Post a Comment