ဥတုကဏ္ဍ

ဥ**ဥဒတိ ပသဝတီတိ ဥတု။ ယာ ဓာတု-အပူအအေးဟုဆိုအပ်သော အကြင်တေဇော ဓာတ်သည်။ ရူပံ-ဥတုဇရုပ်ကို။ ဥဒတိ ပသဝတီတိ-ဖြစ်ပွားတိုးတက်စေတတ်၏။ ဣတိ-ထို့ကြောင့်။ သာ ဓာတု- အပူအအေးဟုဆိုအပ်သော ထိုတေဇောဓာတ်သည်။ ဥတု-ဥတုမည်၏။ ဤဝိဂြိုဟ်နှင့်အညီ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၂ပါး၌ရှိသော သီတတေဇော ဥဏှတေဇော၂ပါးသည် ဥတုဇရုပ်ကို ဖြစ်ပွားစေတတ်သောကြောင့် ဥတုမည်၏။ ထို့ကြောင့် သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ ဟုဟောတောမူ၏။ ဤပါဠိတော်အရ သီတတေဇောကြောင့် ဂရုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဥဏှတေဇောကြောင့် လဟုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဂရုသဘောရှိသောရုပ်သည် ဥဏှတေဇောနှင့် တွေ့ထိပြန်လျှင် ဂရုသဘောမှ ဖေါက်ပြန်၍ လဟုသဘောဖြစ်ပွားရ၏။ လဟုသဘော ရှိသောရုပ်သည်လည်း သီတတေဇောနှင့်တွေ့ထိပြန်လျှင် လဟုသဘောမှဖေါက်ပြန်၍ ဂရုသဘောဖြစ်ပွားရ၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ရှိရောဂါဖြစ်ပွားနေသော ရုပ်ကလာပ်တို့သည် ဗဟိဒ္ဓသန္တာန်မှပေးသွင်းသော အပူအအေးဓာတ်ပါသော ဆေးအစာ တို့နှင့် ဝိရောဓိ(ဆန့်ကျင်ဘက်)ဖြစ်မှ ရောဂါပျောက်နိုင်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ