ငန်းနာမည်ပုံ

ငန်းဟူသောအမည်သည် ပါဠိပျက်အမည်မဟုတ်။ မြန်မာဘာသာဖြင့် ခေါ်ဆိုအပ်သော အမည်ဖြစ်သော်လည်း လောကူပမာအားဖြင့် ခေါ်အပ်သော အမည်သာဖြစ်၏။ လောက၌ ငန်းပြောက် ငန်းကျား စသော မြွေတို့၏အဆိပ်သည် အလွန်ပြင်းထန်၍ ထိုမြွေကိုက်သောသူများမှာ တစ်ကိုယ်လုံးကို ကြိုးဖြင့်တင်းကျပ်စွာ တုပ်ထားသည့်အလား အဆိပ်မွှန် ပြီး စကားမပြော စကားမမှန်ပဲ ရှိသကဲ့သို့ သွေး သလိပ် သည်းခြေ လေ ဤဓာတ်၎ပါးတို့တွင် ၂ပါးဖြစ်စေ ၃ပါးဖြစ်စေ တစ်ပြိုင်နက် စုဝေးကျရောက် သောသူတို့မှာလည်း တစ်ကိုယ်လုံး မီးကဲ့သို့ ပူခြင်း ကိုယ်အင်္ဂါလေးလံ တောင့်တင်းကိုက်ခဲခြင်း စကားမမှန်ခြင်း စကားမပြောခြင်း သတိလစ်ခြင်း ရင်ကျပ်ခြင်း စသောအကျိုးလက္ခဏာထင်သော အနာသည် ငန်းနာမည်၏။ **ဓာတ်သဘောအားဖြင့် ဆိုသော် အာပေါပထဝီလွန်၍ တေဇောဝါယောငုပ်သောကြောင့် ဓာတ်ငုပ်နာမည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ