အဇ္ဈတ္တ ဗဟိဒ္ဓ အလွန်အပျက်

အနာ၆ပါး၌ ပြခဲ့သော အဇ္ဈတ္တလွန် ဗဟိဒ္ဓလွန် အဇ္ဈတ္တပျက် ဗဟိဒ္ဓပျက် ၄ပါးတို့တွင် အဇ္ဈတ္တလွန်ဆိုသည်ကား ဓာတ်ချုပ်ခြင်း လေချုပ်ခြင်း ဆီးချုပ်ခြင်း ရင်ခံခြင်း ဤ၄ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ချုပ်မှု ဖွဲ့မှုကိုဆိုသည်။ ဗဟိဒ္ဓလွန်ဆိုသည်ကား အလွန်အေးသော သီတဥတုနှင့် တွေ့ကြုံခြင်းကြောင့် ချွေး အဆီ အစေး မျက်ရေ နှပ် တံတွေး ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ဖွဲ့မှု ခြောက်မှုကိုဆိုသည်။ အဇ္ဈတ္တပျက်ဆိုသည်ကား ဓာတ်ပျက်ခြင်း ဆီးခဏခဏသွားခြင်း လေသွားလျှင်ဓာတ်ပါခြင်း ဤ၃ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်မှုကို ဆိုသည်။ ***မှတ်ရန် အဇ္ဈတ္တလွန်သောအခါ ဆေး အစာကျွေး၍ ပျက်ခြင်းကို ဆိုသည်မဟုတ်။ ဗဟိဒ္ဓပျက်ဆိုသည်ကား အလိုအလျောက် ချွေးများစွာထွက်ခြင်း အဆီအစေးများစွာထွက်ခြင်း မျက်ရေယိုခြင်း နှာရေယိုခြင်း တံထွေးများခြင်း ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်ခြင်းကိုဆိုသည်။ ***မှတ်ရန် ဗဟိဒ္ဓလွန်နေသောအခါ ဆေးအစာကျွေး၍ ချွေးထွက်ခြင်း စသည်ဖြင့်ပျက်ခြင်းကိုဆိုသည်မဟုတ်။ ဆေးအစာကျွေး၍ပျက်ခြင်းမှာ လွန်သောဓာတ်ကို ဖျက်ပေးသဖြင့် ရောဂါပျောက်ခြင်းအပျက်မျိုးသာဖြစ်၏။ အဖြစ်အပျက်၂မျိုးကို အတိအကျသိရမည်။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ