အဇ္ဈတ္တဥတု
ဆဆိုအပ်ပြီးသောဥတုသည် အဇ္ဈတ္တဥတု ဗဟိဒ္ဓဥတုဟူ၍၂ပါးရှိ၏။ ထိုတွင် ကမ္မဇကလာပ်
၌ရှိသော အချမ်းအပူဟုဆိုအပ်သော ကမ္မဇတေဇောဓာတ်၂ပါးသည်၎င်း စိတ္တဇကလာပ်
၌ရှိသော အချမ်းအပူဟုဆိုအပ်သော စိတ္တဇတေဇောဓာတ်၂ပါးသည်၎င်း ဥတုဇကလာပ်
၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဥတုဇတေဇောဓာတ်၂ပါးသည်၎င်း အာဟာရဇ
ကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော အာဟာရဇတေဇောဓာတ်၂ပါးသည်၎င်း
ဤတေဇောဓာတ်၈ပါးသည် အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ စတုဇရုပ်ကို ဖြစ်ပွားစေတတ်သော
ကြောင့် အဇ္ဈတ္တဥတုမည်၏။
******အဇ္ဈတ္တသန္တာန်၌ ရုပ်ဖြစ်ပွားပုံမှာ ကမ္မဇသီတတေဇောဓာတ်သည်၎င်း
စိတ္တဇသီတတေဇောဓာတ်သည်၎င်း ဥတုဇသီတတေဇောဓာတ်သည်၎င်း အာဟာရဇ
သီတတေဇောဓာတ်သည်၎င်း ရုပ်တို့၏ လေးလံခြင်းကို ဖြစ်ပွားစေနိုင်၏။
ကမ္မဇဥဏှတေဇောဓာတ်သည်၎င်း စိတ္တဇဥဏှတေဇောဓာတ်သည်၎င်း ဥတဇဥဏှ
တေဇောဓာတ်သည်၎င်း အာဟာရဇဥဏှတေဇောဓာတ်သည်၎င်း ရုပ်တို့၏ပေါ့ပါးလျင်
မြန်ခြင်းကို ဖြစ်ပွားစေနိုင်၏။
******ဗဟိဒ္ဓသန္တာန်၌ ရုပ်ကိုဖြစ်ပွားပုံမှာ ကမ္မဇတေဇောဓာတ်သည် လူတို့၏
အဝတ်တန်းဆာ စကြ်ာမင်းတို့၏ စကြာရတနာစသော ၇ပါးသောရတနာ နတ်လူတို့
၏ ဥယျာဉ် ဗိမာန်ပဒေသာပင်အစရှိသော ကမ္မပစ္စယဥတုဇရုပ်ကိုဖြစ်ပွားစေနိုင်၏။
စိတ္တဇတေဇောဓာတ်သည် ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဣဒ္ဓိမန္တပုဂ္ဂိုလ်တို့သည် ဖန်ဆင်းအပ်သော
ဆင်ရုပ်မြင်းရုပ်ရဟန်းရုပ်လူရုပ် အထူးထူးအပြားပြား များစွာသော စစ်သည်ဗိုလ်ပါရု့ပ်
အစရှိသော စိတ္တပစ္စယဥတုဇရုပ်ကိုဖြစ်ပွားစေနိုင်၏။
အာဟာရဇတေဇောဓာတ်သည် ဥတုနှင့်သဘောမတူမသင့်တင့်သော အာဟာရကို
စား၍ အပူခံသောပုဂ္ဂိုလ်အား နူနာ အိုင်းအမာနာ ပွေးဝဲနာ သမင်ဖြူနာ သမင်နီသမင်ရက်နာ
ပေါက်ခြင်းစသော အာဟာရပစ္စယဥတုဇရုပ်ကိုဖြစ်ပွားစေနိုင်၏။ ဤသို့ အဇ္ဈတ္တစတုဇ
တေဇောဓာတ်သည် သန္တာန်၂ပါး၌ ရုပ်ကိုဖြစ်ပွားစေတတ်သောကြောင့် အဇ္ဈတ္တဥတုမည်၏။
Comments
Post a Comment