အာဟာရ၏ကိန်းရာရသဓာတ်၆ပါး

ချိုချဉ်ဖန်ခါး ငန်စပ်ငြား ခြေက်ပါးရသဓာတ်* အာဟာရ၏တည်ရာဖြစ်သော ရသဓာတ်သည် ချိုသောရသဓာတ် ချဉ်သောရသဓာတ် ဖန်သောရသဓာတ် ခါးသောရသဓာတ် ငန်သောရသဓာတ် စပ်သော ရသဓာတ်ဟူ၍ခြောက်ပါးရှိ၏။ထိုတွင် သကြား ပျား တင်လဲစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချိုသောရသဓာတ်မည်၏။ ရှောက် သမ္ဘရာ မရမ်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချဉ်သောရသဓာတ်မည်၏ သပြေသဖန်း မာလကာစသောဝတ္ထု၌ကိန်းသောရသဓာတ်သည် ဖန်သောရသဓာတ်မည်၏။ တမာ ဂန့်ဂလာ ကြက်ဟင်းခါး ကြောင်လျှာ မယ်ဇလီစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ခါးသောရသဓာတ် မည်၏။ ဆား ဆပ်ပျာ သိန္ဒော ဆားပုပ် ပျာစသောဝတ္ထု၌ကိန်းသောရသ ဓာတ်သည် ငန်သောရသဓာတ်မည်၏။ ငြုပ်သီး ငြုပ်ကောင်း ဂျင်းး ပိတ်ချင်း လေးညှင်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် စပ်သောရသဓာတ် မည်၏။ **ဆိမ့်သောရသဓာတ်ကို အချို၌၎င်း အဖန်၌၎င်း အတွင်းဝင်သောကြောင့် သီးခြား ထုတ်ဖေါ်၍ မဆိုဟုမှတ်** ထို၆ပါးသော ရသဓာတ်သည် သုဒ္ဓရသဓာတ် မိဿကရသဓာတ်ဟူ၍ ၂ပါးရှိ၏။ထိုတွင် ဝတ္ထုတစ်ခုတည်း၌ ချဉ် ဖန် ငန် ဤ၃ပါးနှင့် မရောဘဲ အချို သက်သက်ကိန်းသောရသဓာတ်သည်၎င်း ထို့အတူ ချို ငန် ဖန် သော ရသဓာတ်တို့တွင် ၂ပါး၃ပါးနှင့်မရောဘဲ အချဉ်သက်သက် အငန်သက်သက် အဖန်သက်သက်ဖြစ်သောရသဓာတ်သည်၎င်း အခါးသက်သက်ဖြစ်သောရသဓာတ်သည်၎င်း သုဒ္ဓရသဓာတ်မည်၏။ အနည်းငယ်ခန့် ရောနှော၍နေသော်လည်း သုဒ္ဓရသဓာတ်ဟူ၍သာ ဆိုအပ်၏။ ဝတ္ထုတစ်ခုတည်း၌ အချို အချဉ်ရသဓာတ်၂ခု၃ခုစသည်ဖြင့် အရသာပေါ်လာအောင် ဆက်ဆံသော ရသဓာတ်သည် မိဿကရသ ဓာတ်မည်၏။ ဥပမာ သရက်သီးမှည့် တစ်ခု၌ ချိုသောအရသာ ချဉ်သောအရသာ ၂ခုရော၍ကိန်း၏။မာလကာသီးမှည့်၌ ချိုသောအရသာ ဖန်သောအရသာ ၂ခုကိန်း၏။ ဖန်ခါးသီးတစ်ခု၌ ချဉ်သောအရသာ ဖန်သောအရသာ ခါးသောအရသာ ၃ခုကိန်း၏။ဤသို့စသည်ဖြင့် အရသာ၂ခု၃ခုထင်ရှား အောင် ရောနှော၍ကိန်းသောရသဓာတ်သည် မိဿကရသဓာတ်မည်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ